တချို့တွေက ဝိတ်ချမယ်ဆိုပြီး ကျန်းမာရေးနဲ့ညီညွတ်တာတွေ အသီးအနှံတွေရွေးစားကြပါတယ်။ တကယ်တော့တချို့သော ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေဟာ စားလိုက်မှဗိုက်ပိုဆာစေတာမျိုးရှိပါတယ်။ ပမာဏနည်းနည်းလေးမို့ ၊ ကျန်းမာရေးနဲ့ ညီညွတ်တာမို့ဆိုပြီး  စားလိုက်မိမှ ဗိုက်တွေပိုပိုဆာ နောက်ထပ်အစားအသောက်တွေပိုစားမိပြီး  ဝိတ်တွေပိုတက်လာနိုင်တဲ့ အစားအသောက်တွေကို သတိလေးနဲ့ရှောင်သင့်ပါတယ်နော်။

ဆူရှီ

ဆူရှီက တခြားသောအမြန်စာတွေထက် ကျန်းမာရေးနဲ့ပိုညီညွတ်လို့ဆိုပြီး စားကြပါတယ်။ တကယ်တော့ ဆူရှီတစ်လိပ်စားတာက ပေါင်မုန့်အဖြူသုံးချပ်စားတာနဲ့ညီမျှပါတယ်။ ဆူရှီကို နေ့လယ်စာ ၊ ညစာ အနေနဲ့ရွေးမယ်ဆိုရင်တော့ မြန်မြန်အစာကြေလွယ်ပြီး ခဏလေးနဲ့ဗိုက်ပြန်ဆာလာမှာပါ။ ဘာလို့လဲဆိုတော့ အမျှင်ဓာတ်နဲ့ပရိုတင်းလိုမျိုး ဗိုက်ကိုပြည့်အင်အောင် စွမ်းဆောင်ပေးနိုင်တဲ့အရာတွေမပါရှိလို့ပါ။

သစ်သီးဖျော်ရည်

သစ်သီးဖျော်ရည်နဲ့ Smoothies တွေဟာ သဘာဝသကြားဓာတ်အပြည့်ပါဝင်ပြီး အမျှင်ဓာတ်နဲ့ပရိုတင်းတွေမပါရှိတာမို့ ထမင်းတစ်နပ်နဲ့တစ်နပ်ကြား ဗိုက်ကိုပိုလို့တောင် ဆာလောင်လာစေပါတယ်။ အဆာခံချင်တယ်ဆိုရင်တော့  Smoothie ထဲကိုပရိုတင်းမှုန့်တစ်ဇွန်းထည့်ပြီး ဖျော်ပေးဖို့ပါပဲ။

ပေါင်မုန့်အဖြူ

ပေါင်မုန့်အဖြူကို ဝိတ်ချနေသူတွေမစားသင့်ဘူးဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ပေါင်မုန့်အဖြူက အင်ဆူလင် Level တိုးစေပြီး ဝိတ်တက်ဖို့လုပ်ဆောင်ပါတယ်။ သူ့မှာလည်း အမျှင်ဓာတ်မပါရှိတဲ့အတွက် စားမိရင်ပိုဗိုက်ဆာစေပြီး နောက်ထပ်အစားအသောက်တွေထပ်စားမိစေပါတယ်။ ဒီလိုနဲ့ ဝိတ်ပိုတက်လာတတ်ပါတယ်။

အအေးဘူးတွေ

Gas ပါတဲ့ အချိုရည်တွေ အအေးတွေက အစာကြေစေပြီး နောက်ထပ်ပိုပိုစားမိအောင် ထောက်ပံ့ပေးပါသေးတယ်။ သူ့မှာ သကြားအတုပါဝင်မှုကလည်း အများကြီးမို့ ဝိတ်ကတက်ပြီးရင်တက်ပါပဲ။ ပိန်ချင်သူတွေက အအေးဘူးတွေနဲ့ ရန်သူလိုနေရမှာပါ။

ယမကာ

Diet လုပ်နေချိန်မှာ အယ်လ်ကိုဟောက သင့်မိတ်ဆွေလုံးဝမဟုတ်ပါဘူး။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲက ကာဗိုဟိုက်ဒြိတ်တွေကိုလျော့နည်းစေတာမို့ နောက်ထပ်နောက်ထပ် ကာဗိုဟိုက်ဒြိတ်မြင့်မားတဲ့အစားအသောက်တွေကို စားသောက်မိစေပါတယ်။ ပြီးတော့ ရေဓာတ်ဆုံးရှုံးစေနိုင်တာမို့ သင့်ကိုပိုဆာလောင်စေလာပါတယ်။
ဒီတော့ ဝိတ်ချနေသူများ ဒီအစားအသောက်တွေကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်နိုင်ကြပါစေနော်။
 
Top