လူသားတွေရဲ့နေ့စဉ်ဘ၀မှာ ဘ၀လက်တွဲဖော်နဲ့ မိဘ၊ ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့ သူငယ်ချင်းတွေတင် လိုအပ်တာမဟုတ်ဘဲ ကိုယ့်ကို အပြစ်မမြင်ဘဲ ထာဝရအချစ်မပြယ်တဲ့ တိရစ္ဆာန်လေးတွေလည်း လိုအပ်ပါတယ်။ လူတိုင်း တိရစ္တာန်မွေးဖို့ ၀ါသနာမပါကြပေမယ့် တိရစ္ဆာန်မွေးတဲ့အတွက် ရနိုင်တဲ့ကောင်းတဲ့ အချက်တွေ ရှိပါတယ်။ တိရစ္ဆာန် လေးတွေက မွေးစားသူကို ပေးနိုင်တဲ့ ကောင်းတဲ့ ခံစားချက်တွေက အခုလို ဖြစ်ပါတယ်။
၁။ လောကကြီးမှာ ကိုယ့်လိုပဲ ရှင်သန်ရပ်တည်နေတဲ့ သတ္တ၀ါလေးတွေကို စောင့်ရှောက်ပေးတာဟာ တာဝန်ယူစိတ်ကို ပြုစုပျိုးထောင်တာပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေက သင့်ကို ခြွင်းချက်မဲ့တဲ့ မေတ္တာနဲ့ ဘ၀ရဲ့အခိုက်အတန့်တိုင်းကို မှတ်မိစေဖို့ ကူညီပေးကြပါလိမ့်မယ်။
၂။  တိရစ္ဆာန်လေးတစ်ကောင်ကို ထပ်ပြီးမွေးစားလိုက်တာက အိမ်မှာ ရှိပြီးသား တိရစ္ဆာန်လေးတွေအတွက် အဖော်ဖြစ်စေသလို သင် သူတို့ကို အိမ်မှာ အကြာကြီးထားခဲ့လို့ သူက ၀မ်းနည်းတဲ့ အမူအရာ ပြလာခဲ့မယ် ဆိုရင်လည်း အဖော်မွန်ဆိုတဲ့ အရာကို သင် ပိုနားလည်လာမှာ သေချာပါတယ်။
၃။ တိရစ္ဆာန်လေးတစ်ကောင်သာ သင့်နားမှာ ရှိနေမယ်ဆိုရင် အထီးကျန်ဆန်မှုနဲ့ စိတ်ကျရောဂါ ဖြစ်လာနိုင်မှုတွေကိုလည်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။
၎။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်လေးတွေဟာ အသက်ကြီးတဲ့ အဘိုး၊ အဘွားတွေအတွက် သင့်တော်တဲ့ အဖော်မွန်တွေ ဖြစ်လာနိုင်ပြီး သင့်အတွက်လည်း လေ့ကျင့်ခန်း လုပ်ဖြစ်စေမယ့် သတ္တ၀ါလေးတွေ ဖြစ်ပါတယ်။
၅။ သတ္တ၀ါလေးတစ်ကောင် ဆက်ရှင်သန်ဖို့ ကယ်ဆယ်လိုက်တယ်ဆိုတဲ့ အသိစိတ်က သင့်ကို ကြည်နူးစေမှာ ဖြစ်သလို သူတို့လေးတွေကလည်း နေ့စဉ်နေ့တိုင်း သင့်အပေါ် ပိုပိုပြီး ခင်မင်တွယ်တာလာကြမှာ ဖြစ်ပါတယ်။
၆။ တိရစ္ဆာန်လေးတစ်ကောင်ကို မွေးမြူလိုက်တာက ပုံမှန်ဖြစ်နေတဲ့ နေ့စဉ်ဘ၀ကို ပြောင်းလဲလိုက်တာ ဖြစ်ပြီး တခါတလေ ဒီလိုပြောင်းလဲတာဟာ အားလပ်ရက်ယူပြီး ခရီးထွက်ရသလို စိတ်ကျေနပ်စရာကောင်းမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက မွေးစားဖို့ လုပ်ထားတဲ့ တိရစ္ဆာန်လေးတွေဟာ အလွန်အမင်းမျိုးပွားမှုကို ကာကွယ်တဲ့အနေနဲ့ သားကြော ဖြတ်ထားတာကလည်း ကမ္ဘာပေါ်က နေထိုင်သူဦးရေ လျှော့ချရေးမှာ ပါဝင်ကူညီသလိုမျိုး ဖြစ်စေနိုင်ပါသေးတယ်။
 
Top