ကိုယ်နဲ့ စကားပြောဖို့အတွက် မိန်းကလေးတစ်ယောက်လောက်တောင် ဘာလို့ ငါ့မှာ မရှိရလဲဆိုတာ သင် စဉ်းစားမိဖူးပါသလား။ သင်ဟာ အမျိုးသမီးတိုင်းမုန်းတတ်တဲ့ ယောက်ျားအမျိုးအစား တစ်မျိုးမျိုးထဲမှာ ပါဝင်နေနိုင်ပါတယ်။ အမျိုးသမီးတွေ စိတ်တိုင်းကျဖြစ်ဖို့ သက်သက် သင့်ကို ပြောင်းလဲခိုင်းတာ မဟုတ်ပါဘူး။ အမျိုးသမီးတွေ မုန်းတတ်တဲ့ တစ်ချို့အမူအကျင့်လေးတွေ သင့်ကို အသိပေးချင်ယုံ သက်သက်ပါ။

၁။ ပုရိသ၀ါဒရှင်ယောက်ျားမျိုး

ပုရိသ၀ါဒ လက်ကိုင်ထားတဲ့ ယောက်ျားမျိုးက ဖြစ်ရတာကိုက မမိုက်ပါဘူး။ မိန်းမတွေကို နှိမ့်ချဖို့ အခွင့်အရေးကို လက်လွတ်မခံတတ်တဲ့ မိန်းမမုန်းဝါဒီသမားနဲ့ ဘယ်မိန်းမမှ မဆက်ဆံချင်ကြပါဘူး။

၂။ ပျော့ညံ့ပြီး သူရဲဘောကြောင်တတ်တဲ့ ယောက်ျားမျိုး

သူမသဘောကျအောင်လို့ သူမပြောသမျှ ခေါင်းညိတ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘာပြောပြော ဟုတ် လုပ်တတ်တဲ့ယောက်ျားအဖြစ် ကိုယ့်ကိုကိုယ်နှိမ့်ချနေတာက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သင့်ကို ပျော့ညံ့တဲ့ယောက်ျားအဖြစ် သူမ မှတ်ယူသွားမယ် ဆိုရင်တော့ သင်နဲ့ ပေါင်းသင်းဆက်ဆံရတာကို ခဏတာပဲ သူမ ပျော်ရွှင်ပါလိမ့်မယ်။ လိုအပ်ရင် မားမားမတ်မတ်ရပ်ပြီး ယောက်ျားပီသစမ်းပါ။

၃။ ကလေးလေး

မိန်းမတွေဟာ သူတို့ ယောက်ျားတွေအပေါ် မှီခိုနေရတာကို မကြိုက်ကြပါဘူး။ ဒီထက် ဆိုးတာကတော့ သူတို့ရဲ့ချစ်သူက နုံအပြီး မရင့်ကျက်တဲ့ လူမျိုးဆို ပိုမကြိုက်ကြပါဘူး။ ရင့်ကျက်ပါ။

၎။ ဆုံးမတတ်သူ

မိန်းမတွေတင်မဟုတ်ပါဘူး။ ယောက်ျားတွေလည်း လူတွေကို ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါ ဆိုပြီး လိုက်ဆရာလုပ်တတ်တဲ့ လူမျိုးကို မုန်းတတ်ကြပါတယ်။ ဝေဖန်ရေး သိပ်မလုပ်ပါနဲ့။

၅။ ငြင်းခုံတတ်သူ

ကျောင်းပြိုင်ပွဲတွေမှာ စကားရည်လုကောင်းတဲ့ လူတစ်ယောက်ဖြစ်တာက ကိစ္စမရှိပါဘူး။ အရေးမပါတဲ့ အသေးအဖွဲကိစ္စလေးတွေကို လိုက်ငြင်းခုံတတ်တဲ့ လူမျိုးကိုလည်း မိန်းမတွေ နှစ်သက်လေ့ မရှိပါဘူး။

၆။ မိန်းမတွေရဲ့ ဂရုဏာကို တပ်မက်တတ်သူ

မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိပြီး အားကိုးလောက်စရာ အရည်အချင်းက ယောက်ျားတွေရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ သင့်ရဲ့ဘ၀ကြီးက မမွေးခင် ဗိုက်ထဲမှာကတည်းက ဘယ်လောက် ခက်ခဲကြမ်းတမ်းတယ်ဆိုတာကို ပြောနေတတ်ရင် မိန်းမတွေ တကယ် စိတ်ပျက်သွားနိုင်ပါတယ်။

၇။ ရိုင်းစိုင်းတဲ့ယောက်ျားမျိုး

သူမနဲ့ စကားပြောနေတုန်း ပေါင်ခြံကို ကုတ်နေတတ်တာက ဆွဲဆောင်မှု မဟုတ်ပါဘူး။ ကိုယ့်ချစ်သူက စကားပြောနေတုန်း တခြားကောင်မလေးရဲ့ ရင်ကြားကို လိုက်ကြည့်နေတတ်တာလည်း မဟုတ်ပါဘူး။ သင်နဲ့ တွဲမယ့်အစား စားပွဲထိုးလေးကိုပဲ သူ အပျော်ရည်းစား ထားလိုက်ပါလိမ့်မယ်။

၈။ အချိန်ဇယားနဲ့ လုပ်တတ်တဲ့သူမျိုး

သင့်ရဲ့အပြူအမူတွေက အရမ်း ခန့်မှန်းရလွယ်နေပြီး ဘယ်အချိန်သမ်းမလဲ၊ ဘယ်အချိန်  နှာချေမလဲဆိုတာကိုတောင် ကြိုတင် အချိန်ဇယားဆွဲထားရင်တော့ မိန်းကလေးတွေ သင့်ကို ရှောင်နေတာမဆန်းပါဘူး။

၉။ အာဝဇ္ဇန်းရွှင်တဲ့ယောက်ျားမျိုး

မိန်းကလေးတိုင်း ပထမတော့ တွဲချင်တဲ့ ယောက်ျားမျိုးပါပဲ။ ဒါပေမယ့် သင်ဟာ စကားကို အမျှင်မပြတ် ဆက်တိုက်ပြောနေတတ်တဲ့ ယောက်ျားမျိုးဆိုတာ သဘောပေါက်သွားရင်တော့ ဝေးဝေးပြေးပါလိမ့်မယ်။ စကားပြော ကောင်းတာကတော့ အရည်အချင်းကောင်းပါ။ ဒါပေမယ့် ယောက်ျားလေးတွေဆီက မိန်းကလေးတွေ မျှော်လင့်တတ်တာ ဒီတစ်ခုတည်းမဟုတ်ပါဘူး။ စကားပြောတိုင်းသာ ဆွဲဆောင်မှုကောင်းရမယ်ဆိုရင် ရေဒီယို အစီအစဉ်ကြေငြာတဲ့လူက ဆွဲဆောင်မှု အရှိဆုံး လူသားတစ်ယောက် ဖြစ်နေမှာပေါ့။
 
Top