နေ၀င်ရီတရောသော မိန်းမတို့ မည်သည် ........
နေ၀င်ရီတရော ..... ဆိုတာ အများစု က အပုပ်ချိန် ရယ် လို့ ...အမည် နာမ
အမျိုးမျိုး နဲ့ ခေါ်ကြတဲ့ ညနေစောင်း မမှောင့် တမှောင် အချိန် ကို
ဆိုလိုတာသာ ဖြစ်ပြီး ..... ကျွန်မ ရေးချင်တဲ့ နေ၀င်ရီတရောသော
အရွယ်ဆိုတာ က ကျွန်မ တို့ အမျိုးသမီးများ ၏ တစ်သက်တာ လည်ပတ်လာရတဲ့
ရာသီစက်ဝန်း တစ်ခု ကုန်ဆုံးခါနီး အချိန်မျိုး မှာ ဖောက်ပြန်လာတဲ့ ရုပ်ခန္ဓာ
ကိုယ် နဲ့ ဖြစ်ပျက်လာရတဲ့ စိတ်ခံစားချက် အမျိုးမျိုး ကို တင်စား
ဆိုလိုထားခြင်းသာ ဖြစ်ပါတယ် ..... ကျွန်မ GINGER အမျိုးသမီး
သီးသန့် ကိုယ်ကာယ အလှ သင်တန်း ရယ်လို့ ၂၀၀၅ ခုနှစ် မှာ စတင်ဖွင့်လှစ်
လုပ်ကိုင်လာတာ က စပြီး ယခုလို တဖြည်းဖြည်း တိုးချဲ့ လုပ်ကိုင် လာဖြစ်တဲ့
ခန္ဓာကိုယ် အဆီချလုပ်ငန်း ၊ မျက်နှာ အဆီချလုပ်ငန်း နဲ့ သက်လတ်
အမျိုးသမီးများ အတွက် မျက်နှာပြင်တစ်ခုလုံး တင်းရင်းအောင် လုပ်ဆောင်ပေးတဲ့
( Facial Lifting Treatment ) လုပ်ငန်း စတဲ့ ကျွန်မ အဆင့်ဆင့်
တိုးချဲ့ဆောင်ရွက် လာတဲ့ လုပ်ငန်းတွေ အထိ ( ၇ ) နှစ်ကျော် ကြာ ဖြတ်သန်း
လာခဲ့ရတဲ့ အချိန်ကာလ တလျှောက်လုံး မှာ အသက် ကြီးငယ် မရွေး အမျိုးသမီးတွေ
ရဲ့ ပြသနာတွေ ဆိုတာ အကြောင်းအရာ မထပ်အောင် မြင်ရ ၊ ကြားရ တတ်ပါတယ် .....
ကျွန်မ ကို ယုံကြည်စွာ နဲ့ ဖွင့်ဟ ဆွေးနွေး လာတတ်တဲ့ Customer များစွာ
ရှိသကဲ့သို့ ..... တိုက်ရိုက် ပွင့်လင်းစွာ ထုတ်ဖော် တိုင်ပင် ပြော
ကြားခြင်း မပြုပေမယ့် အနီးစပ် ဆုံး ပြောလာတဲ့ သူတို့ စကားတွေ နဲ့ သူတို့
ရဲ့ ပြောဆိုတဲ့ ဟန်ပန် ၊ သွားလာနေထိုင်နေ တဲ့ သူတို့ရဲ့ အသွင်သဏ္ဍန်တွေ ကို
မြင်လိုက် ကြားလိုက်ရရင် .... အမျိုးသမီးသီးသန့် ရဲ့ ကမ္ဘာတစ်ခုထဲ မှာ ဘဲ
ကျင်လည် နေရသူမို့ သူတို့ ဖြစ်ပျက် ကြုံဆုံနေရတဲ့ စိတ်ခံစားချက် ဆိုတာတွေ
ကို ကျွန်မ အလိုလို သဘောပေါက်စွာ နဲ့ စာနာ ခံစားနားလည်မိခဲ့တဲ့ အတွက် လည်း
ဒီ Note လေး ကို ကြိုးစားရေးဖြစ်ခဲ့တာ ဖြစ်ပါတယ် .....
ကျွန်မ တို့ အမျိုးသမီးများ နေ့တဓူဝ ကျင်လည် ဖြတ်သန်းနေရတဲ့ လူမှုရေး ၊
စီးပွားရေး ၊ အိမ်ထောင်ရေး စတဲ့ လူမှု တာဝန်တွေ အမျိုးမျိုးကြား မှာ .... တစ်လ
တစ်ခါ ရာသီချိန် ကို နာကျင်ခံခက် စွာနှင့် ကျော်ဖြတ်ရတာ ၊ မွေးရာပါ
မိခင်စိတ် က ပေးသော အာဂသတ္တိ နဲ့ ကိုးလလွယ် ဆယ်လ ဖွားတဲ့ ကိုယ်ဝန်ဆောင်ပြီး
မီးဖွားချိန် ကို ကျော်ဖြတ်ရတာ ၊ မီးယပ်သွေးဆုံးချိန် များ မှာ ကိုယ် /
စိတ်ခန္ဓာ ဂယောက်ဂယက် ခံစားချက်များစွာ ကို ကြိတ်မှိတ်ခံရတာ စတာတွေ အားလုံး က
ကျွန်မ တို့ အမျိုးသမီးတိုင်း မလွဲမသွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရုပ်ခန္ဓာ
ရဲ့ ဆင်းရဲခြင်း ... ဒုက္ခ အဖြာဖြာ ဘဲ ဖြစ်ပါတယ် ..... ကျွန်မ
အမြင်သက်သက်နှင့် ပြောရမယ် ဆိုလျှင် .... ပထမဆုံး ဒုက္ခဖြစ်တဲ့ အပျိုဖော်ဝင်
တဲ့ အချိန် မှာ ရင်ဆိုင်တွေ့ကြုံရတာ တွေ က နားလည်အောင် ၊ ရှင်းပြပေးမယ့်
.... မိခင် (သို့) မိသားစု ၏ နွေးထွေးသော မေတ္တာများ ကို ခံယူရင်း
လှပပျိုမြစ်သော ရုပ်အဆင်းသဏ္ဍန် ဆီ သို့ကူးသန်းရတာ ဖြစ်တဲ့ အတွက် .... ဝေဒနာ
ရယ် လို့ .... ထူးထူးထွေထွေ မခံစားရတတ် သလို ....ကိုယ် ချစ်ကြိုက်လို့
လက်ထပ်ပြီး ရလာတဲ့ ခင်ပွန်းသည် ရဲ့ ကိုယ်ဝန် ကို ကိုးလလွယ် ဆယ်လ ဖွားရတဲ့
ဒုက္ခ ဆိုတာ က လည်း မမြင်ရသေးတဲ့ ရင်သွေးကလေး ရဲ့ မျက်နှာ နဲ့ ချစ်ခင်ကြင်နာ
ယုယမယ့် ခင်ပွန်းသည် နဲ့ နွေးထွေးသော နှစ်ဘက် မိသားစု ၏ မေတ္တာများ ဖြင့်
ဆိုပြန်တော့ လည်း ခန္ဓာ က ရတဲ့ ဒုက္ခ ရယ် လို့ ဖြစ် မလာဘဲ .... ပျော်ရွှင်စရာ
အတိပြီးသော လူနေမှု ဘ၀များ သာ ဖြစ်ချေခဲ့ပါတယ် .....
ကျွန်မ နှင့် တကွ အမျိုးသမီးများ အများစု မှာ ကျွန်မ ပြောချင်သည့်
နေ၀င်ရီတရော အချိန် ကို မဆိုထားပါနှင့် ..... အပျိုဖော် ၀င်ချိန် မှ စလို့
ပုံမှန် တစ်လ တစ်ခါ ရင်ဆိုင်ရသော ဓမ္မတာ လာစဉ် အချိန်များတွင် ပင်
နည်းလျှင်လည်း နည်းလို့ ....များ လျှင် လည်း များလို့
...မဆင်းပြန်လျှင်လည်း ချုပ်လို့ ...၊ တစ်ခါ ထိန်ပြန်လျှင် လည်း ထိန်လို့
... စသဖြင့် ၊ ခါးနာ ခါးကိုက်ခြင်း ၊ ကိုယ်လက် မအီမသာဖြစ်ခြင်း ၊
ခေါင်းအုံခြင်း စသည့် နာကျင်ကိုက်ခဲခြင်း အမျိုးမျိုး ကို လစဉ်ဆိုးရွားစွာ
ခံစား ရတတ်ရုံမျှမက ဓမ္မတာ လာချိန် နီးပြန်လျှင်လည်း အလိုလို
စိတ်တိုခြင်း ၊ မည်သူ့ကို မျှ စိတ် အလိုမကျခြင်း ၊ နေရထိုင်ရတာ
မကြည်လင်ခြင်း ၊ အမည် မဖော်နိုင်သည့် တစ်စုံတစ်ရာ ကို အလွန်အမင်း
ခံစားရခြင်း ၊ စိတ် က အလိုလို ထိလွယ် ရှလွယ်နေခြင်း နှင့် အဆိုးဆုံး က
ပုံမှန် အချိန်မျိုးတွင် မဖြစ်ခဲ့သမျှ ထိုသို့သော ရက်များတွင် အလွန်အမင်း
သွေးဆူပေါက်ကွဲ သွေးဆိုး ကြမ်းတမ်းခြင်း စသည်များ ပင် ဖြစ်ပါတယ် ....တခါ အိမ်ထောင်ရက်သား ကျလို့ ကိုးလလွယ် ကာ ဆယ်လ မှာ ဖွားလို့ မီးဖွားချိန် ကို ကျော်ဖြတ်ရပြန် လျှင်လည်း မီးတွင်း
မှာ စိတ် ပင်ပန်း ဆင်းရဲရလျှင် ၊ အလွန်အမင်း စိတ်ထိခိုက် ခံစားရ လျှင်
သွေးနု သားနု နှင့် သွက်သွက်ခါအောင် ရူးသွားနိုင်တဲ့ အထိ စိတ်ဖောက်ပြန်
သွားနိုင်လောက်အောင် ဖြစ် တတ်တာမို့ စိတ်ဆင်းရဲ စရာ ရှိခဲ့လျှင်
မီးနေသည် အမျိုးသမီးများ ကို အသိ မပေးကြလောက်အောင် အထိ အမျိုးသမီးများ ၏
သွေးသား သဘာဝ နှင့် မီးယပ်ရောဂါ ဆိုတာ အလွန်ပင် ကြောက်စရာ ကောင်း
လှပါသေးတယ် ....
ကျွန်မ ပြောချင်တဲ့
နေ၀င်ရီတရော အရွယ် ဆိုတဲ့ သွေးဆုံးခါနီး အချိန်များမှာတော့ ထို့သို့သော
အထက် ပါ ဝေဒနာများ ထက် ဆိုးရွားလှစွာ ခန္ဓာ ကိုယ် က နာကျင် ကိုက်ခဲလိုက် ၊
ပူလိုက် ၊ အေးလိုက် ၊ ချမ်းလိုက် ၊ အိုက်လိုက် နှင့် ခန္ဓာ ကိုယ် ၏ ရုပ်သဘော
က ဖောက်ပြန် လာလိုက် ၊ သွေးသားပြောင်းလဲသဖြင့် မျက်နှာ နှင့် ခန္ဓာ ကိုယ်
တွင် တင်းတိတ် နှင့်တကွ အညိုစက် ၊ အမည်း စက် စသည့် အစက် အပျောက်များ
ပေါ်လိုက် ပျောက်လိုက် ၊ ရာသီသွေး က ဆင်းလိုက် မဆင်းလိုက် ဖြစ်လိုက် ၊ တခါ
စိတ်အသွင်မှာ ငိုချင်သလို ၊ ရယ်ချင်သလို နှင့် ဟိုလူ့ ကို အလိုမကျ ၊ ဒီလူ့
ကို စိတ်တိုင်း က မကျ နှင့် စိတ် အစဉ် က လွင့်ချင်ရာလွင့် ၊ ကိုယ်ထင်သလို
မဖြစ် ၊ လူတွေ က ကိုယ့်ကို နားလည်မပေး နှင့် စိတ်တိုင်း မကျတာ များလို့
မထိန်းနိုင်စွာနှင့် စိတ်အလိုကိုလိုက် လို့ သွေးဆိုး သောင်း ကျန်းပေါက်ကွဲ
မိပြန်ပါလျှင် လည်း ခင်ပွန်းသည် နှင့် မိသားစု အမြင်မှာ သွေးဆိုးလှတဲ့
အမြင်ကတ်စရာ မိန်းမကြမ်းကြီး ဖြစ်လို့ ....သူတို့ ဆီက
အကြင်နာနှင့် နားလည်မှုလေးရဖို့ ဆိုတာ ဝေးစွ .... ကိုယ့် ကိုမြင်တာ နှင့်
ထွက်မပြေးရင်တောင် တော်လှ လို့သာ ဖြစ်နေရတတ် ပါသေးတယ် .....ဤ သို့သော
အချိန်ကို ကြုံဆုံနေရသည့် အမျိုးသမီးများ မှာ မိသားစု ထံ မှ
နားလည်မှု မရသမျှ အလုပ်လေး ရှိနေသေးလျှင် ပိုက်ဆံ မရရင်တောင် ကိုယ့်
အလုပ်နှင့် ကိုယ့် ၀န်ထမ်း ၊ ကိုယ့် လုပ်ငန်းခွင် က ကိုယ့် အတွက်
ဖြေသိမ့်စရာ စိတ်ထွက်ပေါက် ဖြစ်နိုင်ပါသေးတယ် ..... ထိုသို့ မဟုတ်ဘဲ
တချို့ဆိုလျှင် အလုပ် ကို ပါ နားလိုက်တဲ့ အတွက် ကြုံလာရ တဲ့ ရောဂါ ကို
နားလည်ပေးသူ မရှိရတဲ့ အထဲ မှာ တစ်သက်လုံး လုပ်ခဲ့တဲ့ အလုပ် က မရှိတော့ တော့
စိတ်ဓာတ် ကျရတဲ့ စိတ်ကျရောဂါပါ ၀င်လာရ သလို .... ကိုယ့် စိတ်နှင့် ကိုယ့်
ကိုယ် ....ကိုယ့် ၀င်ငွေ သုံးနေရသည့် ဘ၀ မှ ကိုယ့် ကို နားလည် မပေးသည့်
ခင်ပွန်းသည် ထံမှ လက်ဖြန့်တောင်းရသည့် ဘ၀ သို့ ရောက်ရပြန်သည့် အတွက် အဆင်မပြေ
တာတွေ အပေါ် ထပ်ထပ်ပြီး အလိုမကျမှု နှင့် ကိုယ့် ကိုယ် ကိုယ် အစွမ်းအစ
မရှိသည့်သူ အဖြစ်ရောက်တဲ့ အတွက် ကိုယ့်သြဇာ မညောင်း ရတော့လေခြင်း ဆိုတဲ့
စိတ်ဓာတ် ကျတာပါ ပေါင်းပြီး စိတ်ကျရောဂါရတဲ့ အထိ ဖြစ်လာရတတ်ပါတယ် ....
သို့ဖြစ်ပါ၍ ကျွန်မ နေ၀င်ရီတရော အရွယ် ...လို့ တင်စားခေါ်ဝေါ်လိုက်တဲ့ .... အသက်
၄၀ ကျော် ၀န်းကျင် အရွယ် များ ရောက် လို့ ထို ဝေဒနာ များ
ကြုံဆုံနေရရင်ဖြင့် ..... နွေးထွေး ကြင်နာစွာ နားလည်ပေးတတ်သော ခင်ပွန်းသည် ၊
လိမ္မာရေးခြား ရှိပြီး မိဘ ကို ဂရုတစိုက် ရှိလှတဲ့ သားသမီးများ ၊
အောင်မြင်သော လုပ်ငန်းခွင် အကျိုးစီးပွား ၊ ကိုယ် ၀ါသနာ ပါသည့် အခြားသော
ပျော်ရွှင်မှု ၊ စိတ်ရော လူပါ ချစ်ခင်ရင်းနှီးသည့် ဆွေမျိုး အပေါင်းအသင်း
နှင့် မိတ်ဆွေ သူငယ်ချင်းများ ...စတဲ့ စိတ်ထွက်ပေါက် အမျိုးမျိုး ရှိနေသူ
များ အတွက် ဆို အကြောင်း မဟုတ်လှပေမယ့် ..... ကျွန်မ အထက် တွင် ပြောခဲ့သလို
ကိုယ် နှင့် နည်းနည်းလေး မှ အပေါက်အလမ်း က မတည့် ၊ ကိုယ် နဲ့
အတူနေသည့် မိန်းမ စိတ် က ဖြူနေ သလား ၊ မည်းနေသလား ... စိတ်မ၀င်စား တဲ့
ခင်ပွန်းသည် ၊ အရွယ်လေးရောက် လာလို့ မိဘ နဲ့ သဟဇာတ မဖြစ်တဲ့ သားသမီး ၊
ထင်သလို ဖြစ် မလာ အလုပ်အကိုင် အကျိုး စီးပွား နဲ့ တစ်နေကုန် လို့ တစ်နေခမ်း
ခင်ပွန်း သည် နဲ့ သားသမီး ရဲ့ အထွေထွေသော ဝေယျာဝစ္စ တွေ နဲ့ အိမ်မှာသာ
အချိန်ကုန်ပြီး သူငယ်ချင်း ၊ မိတ်ဆွေ အားလုံး ဆိုတာ နဲ့ အဆက်ပြတ် လို့ ....
စိတ် ရဲ့ ပြင်ပ ထွက်ပေါက် ဆိုတာ လုံးလုံး မှ မရှိရှာရတဲ့ ....
အိမ်ထောင်သည် အမျိုးသမီးများ ခမျာ ... ကူကယ်ရာ မရှိ ၊ ကိုယ့် ကို စာနာ
နားလည်ပေးမယ့် သူ စိုးစဉ်း မှ မရှိ ၊ စိတ်ဖြေစရာ ရယ်လို့ ဘယ်သွားလို့
ဘယ်လာရမှန်း လည်း မသိ ၊ ပြောပြ ရင်ဖွင့်တိုင်ပင်စရာ လည်း လူမရှိ နဲ့ ဇရာ က
ရလာတဲ့ ဝေဒနာ အမျိုးမျိုး ကို စိတ်လူ ပင်ပန်းဆင်းရဲခြင်း များစွာ ဖြင့်
လောကဓံ တရား က ရတဲ့ လူမှု ဒုက္ခ နှင့် ဝေဒနာ ဒုက္ခ အဖြာဖြာ ကို
ဖေးမကြင်နာမယ့်သူ မရှိစွာ နှင့် အလွန် အင်မတန် မှ သနားစရာ ကောင်းလှပါတယ်
....
သို့ဖြစ်ပါ၍ ထိုသို့သော နေ၀င်ရီတရော
အရွယ်သို့ ရောက်နေကြသည့် အမျိုးသမီးများ ၏ တူညီသော စိတ်ခံစား ချက် နှင့်
လိုအပ်မှု မှာ ....ခင်ပွန်းသည် ၏ ကြင်နာစွာ နားလည်ပေးမှု ၊
သားသမီးများ ၏ ချစ်ခင်ကြင်နာမှု နှင့် ဂရုတစိုက် ရှိမှု ၊ ကိုယ် အမှန်တကယ်
ပျော် ရွှင်ခင်မင်ရသည့် စိတ်ရော လူပါ နှစ်နှစ်ကာကာ ပေါင်းလို့ရသည့်
ချစ်ခင်ရင်းနှီး သည့် ဆွေမျိုး အပေါင်းအသင်း နှင့် မိတ်ဆွေ သူငယ်ချင်း များ
၏ လှိုက်လှဲ နွေးထွေးသော ဆက်ဆံမှုများသည် သာလျှင် အကောင်းဆုံး ကုစားရာ ဖြစ်သော်ငြားလည်း အကယ်၍များ ထိုသို့သော စာနာစွာ နားလည်ကြင်နာ ဖေးမပေးမည့်သူများ မရှိခဲ့လျှင် လည်း ကိုယ် က အလှအပ
ဝါသနာ ပါလျှင် အလှအပ နေရာများဖြစ်သည့် .... Beauty Spa များ ... Saloon
များ သို့ ရံဖန်ရံခါ သွားခြင်း ၊ အပန်းဖြေ ခရီး ထွက်ခြင်း
၊ဘုရားကျောင်းကန်များ သို့သွား၍ အလှုအတန်း လုပ်ခြင်း ၊ တတ်နိုင် သလောက်
တရား ဘာဝနာ ပွားများခြင်း ၊ သွေး လှည့်ပတ်မှုကောင်းစေပြီး ခန္ဓာ ကိုယ် ၏
ဖောက်ပြန်လာသည့် ရုပ် လက္ခဏာ သဘောတရား များ ကို သက်သာရာ ရစေမည့် အားကစား
တစ်ခုခု ကို ကြိုးစားပြီး လုပ်ခြင်း ၊ ကိုယ့် ကို အမှန် တကယ်
ချစ်ခင်ကြင်နာစွာ တွဲခေါ်ပေးနိုင်မည့် လူမှုရေး အဖွဲ့အစည်း တစ်ခုခု ( သို့)
လူစုဝေးရာ သင်တန်း တစ်ခုခု နှင့် ရံဖန်ရံခါ သွားလာ ဆက်သွယ်ခြင်း ၊
မိတ်ဟောင်းဆွေဟောင်း ၊ ကိုယ် ခင်မင် ခဲ့ရာ ကျောင်း ( သို့ ) အလုပ် မှ
သူငယ်ချင်း မိတ်ဆွေ များနှင့် ပြန်လည် အဆက် အသွယ် ရစေမည့် နေရာမျိုး နှင့်
ဆက်သွယ်ပြီး ရှေးဟောင်းနှောင်းဖြစ် များဖြင့် စိတ်သက်သာပျော်ရွှင်မှု
ရစေခြင်း ၊ သားသမီး များနှုင့် ခေတ်ကို မျက်ခြေမပြတ်ရလေအောင် အင်တာနက် က နေ
သတင်းနှင့် ၊ လူမှုကွန်ယက်ဝက်ဆိုက်များ ကို အပျင်းပြေလေ့လာခြင်း များဖြင့်
ကိုယ့် စိတ် ကိုယ် ကုစားနိုင်သလို တခါတရံ အလွန်အမင်း စိတ်ဆင်းရဲ ပင်ပန်း
မွန်းကြပ်ရသည့် အခါမျိုး မှာ အရင်းနှီးဆုံး ရင်ဖွင့်
တိုင်ပင်လို့ရနိုင်သည့် Psychiatrist ( သို့) Psychologists တစ်ဦး ကို
အပွင့်လင်းဆုံး တိုင်ပင်ဆွေးနွေးပြီး စိတ်လေ့ကျင့်ခန်းများ လုပ်ခြင်း ၊
OG တစ်ဦးဦး နှင့် ပုံမှန် ပြ၍ လိုအပ်သည့် အစား အသောက် နှင့်
သင့်တော်သည့် ဆေးဝါး ဓာတ်စာများ မှီဝဲခြင်းဖြင့် လည်း စိတ် နှင့်
ခန္ဓာ ကိုယ် ကို ပြန်လည် ကျန်းမာလာအောင် လိုအပ်သလို ကုစားသွားပြီး အသက်ရှည်
ကျန်းမာစွာဖြင့် စိတ်ချမ်းချမ်း သာသာ နေသွားနိုင်မှာသာဖြစ်ပါတယ် .....
ကျွန်မ တို့ အမျိုးသမီးများ အားလုံး သည်လည်း တစ်ခုသော အချိန်မှာ မလွဲမသွေ
ရင်ဆိုင်လာရမည့် နေ၀င်ရီတရော အချိန်များစွာ ကို အပြုံး မပျက် ၊ အလှ မပျက် ၊
အပျော် မပျက် ၊ အလုပ် မပျက် နှင့် ချစ်ခင်နွေးထွေးသည့် မိသားစုဝင်များ ၊
သူငယ်ချင်း ၊ မိတ်ဆွေ အပေါင်းအသင်းများ ၏ ချစ်ခင်ရင်းနှီးမှုများ ကို
အပွင့်လင်းဆုံး ညှိနှိုင်းယူပြီး ပျော်ရွှင်စွာနှင့် တိုတောင်းစွာ နှင့်
ရခဲလှသည့် လူ့ဘ၀ ၏ နောက်ဆုံး အချိန် များစွာ ကို ကြံ့ကြံ့ခံကာ
လျှောက်လှမ်းရင်း သက်ဆုံးတိုင် အောင်မြင်သော အမျိုးသမီးများ ၏ လူနေမှု
ဘ၀များဆီသို့ ကြိုးစားသွားကြရအောင်သာ .....ရည်ရွယ် ဆန္ဒပြုရင်း ....
( ဒီ Note လေး ကို ဖတ်မိသူတိုင်း ..... "
နေ၀င်ရီတရော အရွယ်သော အမျိုးသမီးများ ၏ ကြိတ်မှိတ် သိုသိပ်စွာ ခံစား
ရတတ်သော ရုပ်ဝေဒနာ နှင့် စိတ်ခံစားချက် များစွာ ကို စာနာစွာဖြင့်
နားလည်ခံစားပေးပြီး ဖေးမကူညီနိုင်ကြပါစေ '' ..... လို့ )
Credit::