Image Hosted by PicturePush - Photo Sharing
 Image Hosted by PicturePush - Photo Sharing
 
 
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

ကန္တာရထဲက လခြမ်းကွေး..

သဲကန္တာရတွေထဲက ထူးခြားတဲ့ အံ့သြဖွယ်တစ်ခုကို ညွှန်းရမယ်ဆိုရင် လခြမ်းကွေးရေကန်ကြီးကို ဖော်ပြချင်ပါတယ်။ ခပ်ကွေးကွေး အနေအထားနဲ့တူပြီး လခြမ်းကွေးသဏ္ဍန် ဖြစ်ပေါ်နေတဲ့ ရေကန်ဟာ တရုတ်ပြည် Gansu ပြည်နယ်ရှိ Dunhuang မြို့နဲ့ ၆ကီလိုမီတာ အကွာလောက်မှာ Echoing-Sand သဲသောင်တန်းကြီးရဲ့ တစ်ဖက်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ အရှေ့မှ အနောက်သို့ အလျား ၂၁၈ မီတာ ရှည်လျားပြီး မြောက်မှ တောင်သို့ အနံ ၅၄မီတာ ကျယ်ဝန်းပါတယ်။ ရေကန်ဖြစ်ပေါ်နေတဲ့နေရာဟာ ပတ်ဝန်းကျင်က သဲပြင်တွေထက် နိမ့်တဲ့ အနေအထားမှာ ရှိတာကြောင့်လည်း ရေတွေ သိုလှောင်ထားသလို ဖြစ်နေခဲ့ပါတယ်။ လခြမ်းကွေးရေကန်ကို တစ်ချို့ကတော့ လှပရွှန်းလက် တောက်ပတဲ့ အမျိုးသမီးတစ်ဦးရဲ့ မျက်ဝန်းနဲ့တူတယ်လို့ တင်စားကြပြီး အချို့ကတော့လည်း လျှို့ဝှက်ပြီး နူးညံ့သိမ်မွေ့ ဆွဲဆောင်အားကောင်းတဲ့ မိန်းမပျိုရဲ့ နှုတ်ခမ်းကွေးလေးနဲ့ တူတယ်လို့လည်း ဆိုကြပြန်ပါတယ်။
 
လခြမ်းကွေးရေကန်ဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀၀၀ ကျော်လောက်က ဖြစ်လာတယ်လို့ ခန်းမှန်းရပြီး ၁.၃၇ ဧက ကျယ်ဝန်းသော ကြည်လင် စိမ်းစိုပြီး သန့်စင်နေတဲ့ ရေချိုကန်ဖြစ်ပါတယ်။ ခြောက်သွေ့ပြီး သစ်ပင်ရယ်လို့ တစ်ပင်မှ မပေါက်နိုင်တဲ့ သဲကန္တာရထဲမှာ ထူးထူးခြားခြား ဖြစ်ပေါ်နေပေမို့ ကန်ထဲက ရေဟာ တစ်နှစ်ပတ်လုံး ခန်းခြောက်ခြင်း မရှိဘဲ အမြဲတမ်း တည်ရှိနေတာပါ။ သို့သော်လည်း ပူနွေးလာတဲ့ ကမ္ဘာကြီးရဲ့ဖြစ်စဉ်အရ လခြမ်းကွေးရေကန်ထဲက ရေတွေဟာလည်း လွန်ခဲ့တဲ့ ရာစုနှစ်များထက်စာရင် တစ်ဖြည်းဖြည်း လျော့နည်းလို့ လာနေပါပြီ။ ၁၉၆၀ ပတ်ဝန်းကျင်လောက်က ရေကန်ရဲ့ ပျှမ်းမျှ အနက်ဟာ ၄မီတာကနေ ၅မီတာခန့် ရှိပြီး အနက်ဆုံးနေရာမှာ ၇.၅မီတာလောက် ရှိခဲ့ပေမဲ့ ၁၉၉၀ခုနှစ်လောက်မှာတော့ ၀.၉မီတာနဲ့ အနက်ဆုံးနေရာမှာ ၁.၃မီတာလောက်သာ ရှိပါတော့တယ်။ ဒါကြောင့် လခြမ်းကွေးရေကန်ဟာ နှစ်ပေါင်း ၃၀အတွင်းမှာ ရေအနက်ဟာ ၂ တော်တော်များများ လျော့ကျ သွားခဲ့တယ်လို့ ဆိုပါတယ်။
သို့ပေမဲ့ ပြည်နယ်အစိုးရနဲ့ တာဝန်ရှိသူများက ရေကန်ထဲက ရေတွေ ဆက်လက် ကျဆင်းလျှော့နည်းသွားတာမျိုး မဖြစ်အောင် နှစ်စဉ်နှစ်တိုင်း ရေလယ်ဗယ်ကို ပြန်ပြီး ဖြည့်တင်းခဲ့ကြပါတယ်။ ရေကန်ဘေး ပတ်လည်မှာ စိမ်းစိုလန်းဆန်းနေတဲ့ မြက်ပင်စိမ်းစိမ်းတွေက အနားသတ်ပေး  ထားသလို လှပနေပြီး ရေကန်တစ်ဖက်မှာတော့ ဟန်ခေတ်လက်ရာ ဘုရားကျောင်းကို တွေ့နိုင်ပါတယ်။ ထို့နောက် စိုက်ခင်း စိမ်းစိမ်းများကို သဲပြင်ဝါဝါနဲ့အတူ ကဗျာဆန်ဆန် ဆန်းကျယ် တင့်မောစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။
ကန္တာရထဲမှာရှိတဲ့ လခြမ်းကွေးရေကန်ဟာ ပြည်တွင်းနဲ့ ပြည်ပ ခရီးသွားများကြားမှာ ထင်ရှား ကျော်ကြားပါတယ်။ ကန္တာရထဲက စိမ်းစိုနေတဲ့ အိုအေစစ်လေးဆိုရင်လည်း မမှားပါဘူး။ လခြမ်းကွေး ရေကန်ကို အလည်ရောက်လာကြသူများဟာ သဲတောင်တန်းထိပ်ကို တက်ရောက်ပြီး ကန္တာရသဲပြင်ကြီးရဲ့ ရင်သပ်ရှုမော အလှတွေ၊ နေဝင်ဆည်းဆာနဲ့ နေထွက်ချိန်တွေကို ငေးမောကြည့်ရှုကြသလို သဲပြင်ပေါ် လျှောစီးမလား၊  ကုလားအုတ်စီးမလား .. အဆင်ပြေပြေ သွားရောက်နိုင်အောင် စီစဉ်ပေးတဲ့ ခရီးသွား လုပ်ငန်းတွေလည်း ရှိနေပါတယ်။ ကန္တာရကြီးထဲ အလည်အပတ်သွားတဲ့ စိတ်လှုပ်ရှားဖွယ် ခံစားချက်မျိုး လိုချင်ကြသူများ အလည်သွားနိုင်ကြပါပြီနော်..  
 
Top