အွန်လိုင်းရှော့ပင်းလုပ်တဲ့သူတွေက ပစ္စည်းတွေကို တရုတ်နိုင်ငံမှာ သွားရောက်ဝယ်ပေးနေတဲ့ အဝယ်တော်တွေကို တစ်ဆင့်မှာ ယူကြပါတယ်။ သည်လို မျိုးသွားရောက်ဝယ်ယူပေးနေတဲ့ သူတွေကို မမှာချင်တဲ့သူတွေက ကိုယ် တိုင်သွားဝယ်ကြတာတွေလည်း ရှိပါတယ်။ တရုတ်နိုင်ငံကို မရောက်ဖူးသူတွေက ပထမဆုံးအကြိမ် ကိုယ်တိုင်သွားဝယ်ကြတဲ့ အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိတတ်ပါတယ်။
‘တရုတ်က တချို့ဝယ်တာကျတော့ ဝက်ဘ်ဆိုက်ကနေ တစ်ဆင့်ဝယ်ကြတယ်၊ တချို့ကကျတော့ ဝန်ဆောင်ခပေးရတာများလို့ ကိုယ်တိုင်သွားဝယ်တာလဲ ရှိတယ်၊ အရင်ဆုံးသွားဝယ်တဲ့လူတွေကျတော့ အထာမသိရင် အခက်တွေ့ နိုင်တယ်၊ သွားတော့မယ်ဆိုရင် ကိုယ်က ဘာတွေသိထားရမှာလဲ၊ အဲဒီမှာ ရောင်းတာတွေက ဘယ်လိုစနစ်နဲ့ ရောင်းတာလဲဆိုတာကို ကြိုသိထားရမယ်”လို့ တရုတ်နိုင်ငံမှာ သွားရောက်ဝယ်ယူသူ မထက်ထက်နိုင် က ပြောပါတယ်။
ယွမ်ငွေလဲချင်ရင်
တရုတ်နိုင်ငံကို ဈေးသွားဝယ် ချင်တဲ့သူတွေက မူဆယ်ကိုအရင် သွားရမှာ ဖြစ်ပြီး မူဆယ်နာရီစင် နားမှာ ယွမ်ကို အရင်ဆုံးလဲရ တာဖြစ်ပါတယ်။ မူဆယ်မှာမလဲဘဲ ကြယ်ခေါင် ရောက်မှ ယွမ်ငွေလဲမယ်ဆိုရင် ဈေးနှုန်းတွေအများကြီး ကွာခြားနိုင်တာကြောင့် မူဆယ် မှာအရင်လဲလှယ်သင့်တာလည်း ဖြစ်ပါတယ်။
‘ကြယ်ခေါင်မှာ အနေများတဲ့ မြန်မာတွေရယ်၊ အဲဒီကဒေသခံတွေရယ်က မြန်မာတွေဈေးဝယ်ဖို့ လာပြီဆိုရင် လူကို အရင်ကြည့် တယ်၊ ရိုက်စားလုပ်လို့ရတဲ့သူဆိုရင် ရိုက်စားလုပ်ကြတယ်၊ ငွေလဲချင်တယ် ဆိုရင် ကိုယ့်ဘာသာ မြန် မာနိုင်ငံ ကတည်းက လဲလာရင်လာ မဟုတ်ရင် မူဆယ်ရောက်မှလဲ ကြယ်ခေါင်မှာလဲမိလို့ အမှန်အကန်တွေ့ရင် တော်သေး ရိုက်စားလုပ်ခံရရင်တော့ သေပြီပဲ” လို့ တရုတ်နိုင်ငံက အဝယ်တော် ကို ကျော်သိန်းက ပြောပါတယ်။
ကြယ်ခေါင်လမ်းဘေးတွေမှာ ငွေလဲနေတဲ့သူတွေကျတော့ သိတဲ့သူကို ဈေးတစ်မျိုး မသိတဲ့သူ တွေကို ရိုက်စားလုပ်တာတွေလည်း ရှိတတ်ပါတယ်။ တကယ် ရောင်း ဝယ်လုပ်တဲ့သူတွေကျတော့ မူဆယ်မှာပဲ ငွေလဲတာဖြစ် ပြီး မြန် မာအလုပ်သမားတွေ လောက်ပဲ ကြယ်ခေါင်မှာ ငွေလဲလှယ်ကြ တာ ဖြစ်ပါတယ်။
ဈေးဝယ်တဲ့အခါ
ပစ္စည်းတွေကို ဝယ်ယူတဲ့အခါ မှာ ရွှေလီမှာဝယ်မယ်ဆိုရင် ဟွာဖုန်းဈေးက မြို့လယ်ကောင်ကျပြီး ပစ္စည်းတွေ စုံစုံလင်လင်ရှိပြီး ဈေး သက်သာတာကြောင့် လူစည် ကားတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ကျန်တဲ့နေရာတွေ အများ အပြားရှိပေမဲ့ ပစ္စည်းမစုံတာကြောင့် သွားရောက်ဝယ်ယူကြတာ နည်းပါးတာလည်း ဖြစ်ပါတယ်။ သည်ဟွာဖုန်းဈေးမှာဆိုင်ခန်းတွေနဲ့ ရောင်းတာတွေရှိသလို ညပိုင်းလမ်းဘေးညဈေးတွေနဲ့ ရောင်းချတာတွေလည်း ရှိတတ်ပါတယ်။
‘ဟွာဖုန်းဈေးထဲမှာကျတော့ ပြန်ရောင်းချင်တဲ့သူတွေအတွက် လက်ကားပေးတဲ့ဒိုင်တွေရှိတယ်၊ ပြီးတော့ နေရာလဲကျယ်တယ်၊ အထဲမှာ လိုချင်တဲ့ ပစ္စည်းအစုံရှိ တယ်၊ အဝတ်စားကအစ ကျောက် မျက်ရတနာတွေ၊ လူသုံးကုန်ပစ္စည်းအကုန်လုံးရတယ်၊ ပြီးတော့ အထဲမှာက စူပါမားကက် အကြီးကြီးတစ်ခုလဲရှိတော့ လိုချင်တဲ့ပစ္စည်းမရတာမရှိတော့ဘူး” လို့ ကိုကျော်သိန်းက ဆက်ပြောပါ တယ်။
တရုတ်နိုင်ငံမှာ ပစ္စည်းတွေ ရောင်းချတဲ့အခါမှာယွမ်နဲ့ ယူ ကြ တာဖြစ်ပြီး ကိုယ့်ဘာသာမြန် မာလိုပြန်တွက်ပြီး ပေးချေရမှာ ဖြစ်ပါတယ်။ တရုတ်တွေက အရောင်းအဝယ်လုပ်တဲ့အခါမှာ ယွမ်နဲ့သာ လုပ်ကိုင်လေ့ရှိကြတာ ဖြစ်ပါတယ်။
တည်းခိုဖို့နေရာ
ပစ္စည်းဝယ်ဖို့ ကြယ်ခေါင်ကို ရောက်ပြီဆိုရင်တော့ အရင်ဆုံး တည်းခိုဖို့နေရာကို ရှာဖွေရမှာဖြစ် ပါတယ်။ တစ်ခါမှမရောက်ဖူးသေး ဘဲ လာရောက်ဝယ်ယူသူတွေဆိုရင်တော့ လမ်းပြလုပ်ပေးမယ့်သူ ကို အရင်ရှာဖွေရမှာဖြစ်ပါတယ်။ လမ်းပြမပါဘဲ ရွှေလီမြို့ထဲကို ဝင်မယ်ဆိုရင် ကားသမားတွေက ကားခတွေကို အ များ အ ပြား တောင်း တတ်တာကြောင့် လမ်းပြကို ခေါ် ရတာဖြစ်ပါတယ်။ လမ်းပြရှာဖို့အတွက်လည်း ကြယ်ခေါင်မှာ တစ်ည အိပ်လိုက်တယ်ဆိုရင် မြန်မာတွေ အချင်းချင်းလမ်းပြလုပ် ပေးနေတဲ့ သူတွေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။
‘ဟွာဖုန်းပတ်လည်မှာ တည်းခိုခန်းတွေရှိတတ်ပါတယ်၊ တစ်ခန်းကို နှစ်ယောက်သုံးယောက် အိပ်လို့ရတယ်၊ ဈေးလာဝယ်တဲ့သူတွေ စုငှားပြီးနေလို့လဲ အဆင်ပြေ နိုင်တယ်၊ တည်းခိုခန်းက ငှားမှရ မှာ ၊ မငှားရင် ဝယ်ပြီးသားပစ္စည်း တွေလဲ ထားစရာမရှိဘူး၊ ကိုယ်က နေ့ချင်းပြန်ခရီးလာတာမဟုတ်တော့ အိပ်ဖို့ကျတော့ အခက်အခဲ ဖြစ် နိုင်တယ်၊ လေးရက်ငါးရက် လောက်နေမှ ပစ္စည်းတွေ စုံစုံလင်လင်ကြည့်နိုင်ဝယ်နိုင်မှာလေ”လို့ တရုတ်နိုင်ငံက အဝယ်တော် မသက်ထားက ပြောပါတယ်။
တည်းခိုဖို့ နေရာရှာမရတဲ့သူ တွေက တရုတ်နိုင်ငံမှာနေထိုင်တဲ့ မြန်မာတွေကို အကူအညီတောင်း ပြီး လိုက်ရှာခိုင်းလို့ရပါ တယ်။ တ ချို့ကျတော့ လမ်းပြကို ငွေမပေးချင်တာကြောင့် ကိုယ့်ဘာသာ တည်းခိုဖို့ နေရာတွေရှာမယ်ဆိုရင် ဘာသာစကားအခက် အခဲတွေကြောင့် အဆင်မပြေနိုင်ပါဘူး။ ယွမ်ငွေတွေက တွက်တဲ့အခါမှာ လည်းလမ်းပြတွေကို တွက်ခိုင်းရတာဖြစ်လို့ ဈေးသွားဝယ်မယ်ဆိုရင်တော့ လမ်းပြမဖြစ် မနေလို အပ်ပါတယ်။ လမ်းပြတွေဘက်က လုပ်အားခကို တောင်းဆိုကြတာမရှိဘဲ ကိုယ်က ပေးသလောက်သာယူပြီး ကူညီနေကြတာ ဖြစ်ပါတယ်။
ပြန်ကြမယ်
ပစ္စည်းတွေကို ဝယ်ယူပြီး ပြန် တော့မယ်ဆိုရင် မပြန်ခင်မှာ အ ရင်ကြိုပြီးတော့ မူဆယ်မှာ ကားတွေ ပြန်ချိတ်ရမှာဖြစ်ပါတယ်။ ဈေးဝယ်မယ်ဆိုရင် အ နည်းဆုံးတစ် ပတ်လောက်ကြာတတ်တာ ကြောင့် မပြန်ခင်မှာ ပြန်မယ့်ရက် အတွက် ကြိုပြီးချိတ်ထားရမှာ ဖြစ်ပါ တယ်။ Express တွေနဲ့ ပြန်တဲ့သူတွေရှိသလို ကားအသေးလေးတွေ စုငှားပြီး ပြန်တဲ့သူတွေလည်း ရှိပါ တယ်။
‘Express တွေနဲ့ဆိုရင် လမ်း မှာ ကုန်ကားတွေပိတ်တာနဲ့ဆို တော် တော်ကြောက်ဖို့ကောင်းတယ်၊ ကားသေးလေးတွေနဲ့ ပြန်မယ်ဆိုရင် ကုန်ကားတွေက ကားလေးတွေအတွက် တစ်လမ်းစာ ချန်ပေး ထားတာဆိုတော့ မြန်မြန် ရောက် နိုင်တယ်၊ Express တွေနဲ့ ပြန်မယ်ဆိုရင် ကားကြီးတွေကြားမှာ သုံးလေးရက်လောက် ပိတ်နေတတ်တာတွေလဲ ရှိတတ်တယ်” လို့ ကိုကျော်သိန်းက ဆက်ပြောပါတယ်။
ကားလေးတွေနဲ့ပြန်မယ်ဆိုရင် နောက်ခန်းမှာဆိုရင်၂၅,ဝ၀ဝ ပေးရမှာဖြစ်ပါတယ်။ ခေါင်း ခန်းမှာ ထိုင်မယ်ဆိုရင်တော့ ၃၅,ဝ၀ဝ ပေးရမှာ ဖြစ်ပါတယ်။ ကားသေးလေးတွေမှာ စုစုပေါင်း လူငါး ယောက်ပါဝင်မှာ ဖြစ်တယ် လို့ သိရ ပါတယ်။ ပစ္စည်းတွေကိုလည်း တစ်ခါတည်းသယ်ယူလို့ရပါ တယ်။ ပစ္စည်းနည်းတယ်ဆိုရင်တော့ ကား ခကို တတ် နိုင်သ လောက်ပေးရင်ရပေမဲ့ ပစ္စည်းများရင်တော့ ကားမောင်းသူတွေ တောင်းသလောက်ကို ပေးရမှာ ဖြစ်ပါ တယ်။
ကားကြီးတွေမှာကျတော့ ပစ္စည်းတွေကို တင်ချင်သလောက် တင်နိုင်ပေမဲ့ ကားသေးတွေမှာကျတော့ နေရာအကန့်အသတ်နဲ့ တင်ကြရတာဖြစ်ပါတယ်။ ကားသေးတွေနဲ့က မြန်မြန်ဆန်ဆန်ပြန် ရောက်နိုင်တာကြောင့် ကား သေး တွေနဲ့တင်ပြီး ပြန်လာကြတာ ပို များပါတယ်။
Author လိမ္မာ