နေ့တစ်နေ့ကို အဆင်ပြေပြေဖြတ်သန်းနိုင်ဖို့ဆိုရင် အားအင်တွေရှိနေဖို့ လိုတာပေါ့။ နေရတာ ပေါ့ပေါ့ပါးပါးနဲ့ ၁၀ မိနစ်အတွင်းမှာ ပျောက်ဆုံးနေတဲ့ အားအင်တွေ ပြန်လည်ရရှိစေဖို့ဆိုရင် ဒီနည်းလေးတွေက သင့်ကို အထောက်အကူ ပြုပါလိမ့်မယ်။

၁။ အသက်ကို ၀အောင် ရှုပါ။

အစာအိမ်ထဲထိပါ လေတွေရောက်သွားသလိုမျိုး ဖြစ်အောင် လေကို ရှုပေးပါ။ ပြီးရင် ပြန်ထုတ်ပါ။ ပြီးရင် ပြန်ရှုပါ။

၂။သီချင်းနားထောင်ပါ။

ဒီတစ်ခါတော့ အဆွေးသီချင်း အလွမ်းသီချင်းတွေထက် beat မြန်မြန်လေးနဲ့ စိတ်ကိုတက်ကြွစေမယ့် သီချင်းမျိုးလေးတွေ ရွေးနားထောင်ပါ။

၃။လမ်းလျှောက်ပေးပါ။

လေ့လာတွေ့ရှိချက်တွေအရ ၁၀ မိနစ်လောက် ကြာအောင် လမ်းလျှောက်ပေးခြင်းဟာ နာရီပေါင်းများစွာ အားပြန်ဖြည့်ပေးသလို တက်ကြွသွားတယ်လို့ သိရပါတယ်။

၎။တစ်ကိုယ်ရည်အာသာဖြေပျောက်ပါ။

ကော့တေးတွေသောက်တာ၊ ကော်ဖီသောက်တာမျိုးထက် သင့်ကို အားအင်ဖြည့်ပေးမှာ၊ လန်းဆန်းသွားစေတာမျိုးကတော့  တစ်ကိုယ်ရည် အာသာဖြေခြင်းပါပဲ။

၅။အပြင်ထွက်ပါ။ အိမ်ထဲမှာချည်း အောင်းမနေပါနဲ့။

အိမ်ထဲက အိမ်ပြင်ထွက်ပြီး ခုံတန်းလေးပေါ် ထိုင်လိုက်ရုံနဲ့တင် သင့်စိတ်အားအင်တွေ ပြန်ပြည့်သွားစေနိုင်ပါတယ်တဲ့။

၆။ရေသောက်ပါ။

နေ့စဉ် ဘ၀အတွက် အရေးအကြီးဆုံးအရာကတော့ ရေသောက်ပေးဖို့ပါပဲ။ ဒါဟာ သင့်စိတ်ကို လန်းဆန်းသွားစေရုံသာမက အားအင်လည်း ဖြစ်စေပါတယ်။

၇။နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။

လူတစ်ယောက်ဟာ နေရောင်ခြည်နဲ့ ထိတွေ့ပေးမှသာ ကိုယ်ခံအားအတွက်သာမက စွမ်းအင်ဖြည့်တင်းရာမှာပါ အဆင်ပြေတာပါ။ နေ့စဉ်နေ့တိုင်း အိမ်ထဲမှာပဲ ကုတ်ကပ်ခွေနေလို့တော့ မရပါဘူး။ ဒါ့ကြောင့် တောက်ပတဲ့ နေရောင်ခြည်နဲ့ တွေ့ထိပေးဖို့တော့ လိုပါတယ်။

၈။သင့်ချစ်သူအကြောင်းတွေးပါ။

သင်နဲ့ သင့်ချစ်သူကြား ပျော်ရွှင်စရာ အမှတ်တရလေးတွေ၊ ရယ်စရာ အဖြစ်အပျက်လေးတွေ ရှိတယ်ဟုတ်။ ဒီအကြောင်းအရာလေးတွေကို ပြန်တွေးခြင်းကနေ သင့်စိတ်အားအင်တွေ ပြန်လည် ဖြည့်တင်းနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။
 
Top