မျက်နှာ အသားအရေဆိုတာ အမျိုးသမီးအတွက်တော့ ရင်းနှီးမြှပ်နှံမှု အများဆုံးနေရာလို့တောင် တင်စားပြောဆိုလို့ရပါတယ်။ ဒါကြောင့် မျက်နှာအသားအရေ လှပဖို့အတွက် ငွေကုန်ကြေးကျအများကြီးခံစရာမလိုပဲ အလွယ်တူရနိုင်မယ့် ပစ္စည်းတစ်ခုနဲ့ အသားအရေလှပအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းလေးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ရေခဲကုထုံးဖြစ်ပါတယ်။
ရေခဲကုထုံးက အသားအရေကို ပြန်လည်နုပျိုအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပြီး တောက်ပတဲ့အသားအရေလေးကို ပြန်လည်ပိုင်ဆိုင်လာစေနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ရေခဲကုထုံးကို အသုံးမပြုခင် သိထားသင့်တဲ့ အရေးကြီးတဲ့ အချက်တွေလည်းရှိနေပါတယ်။ ရေခဲကုထုံးပြုလုပ်တဲ့အခါ အအေးဒဏ်မခံရအောင် လက်အိပ်စွပ်ထားဖို့လိုပြီး ရေခဲကို တစ်ခုခုနဲ့ ပတ်ထားတာမျိုး အဝတ်စတစ်ခုထဲ ရေခဲထည့်ထားတာမျိုးနဲ့သာ သုံးစွဲရမှာဖြစ်ပြီး ရေခဲနဲ့အသားအရေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမျိုးကိုတော့ ရှောင်ကြည်ရပါမယ်။ နောက်ပြီး ရေခဲကုထုံးကို တစ်နာရီထက် ကျော်လွန်အောင် အသုံးမပြုရပါဘူး။
ရေခဲကုထုံးရဲ့အသုံးပြုနည်းများထဲက တစ်ခုအဖြစ် မျက်နှာပြင်လေး ချောမွေ့စေမယ့် နည်းလမ်းကို အရင်ဆုံးဖော်ပြပေးပါမယ်။ ညအိပ်ရာမဝင်ခင် မျက်နှာသစ်ထားပြီး ရေခဲတုံးအချို့ကို ပလတ်စတစ်အိပ်နဲ့ထည့်ကာ မျက်နှာနဲ့လည်ပင်းတစ်ဝိုက်ကို ဖွဖွလေးဖိနှိပ်ပေးပါ။ နေ့စဉ် သုံးမိနစ်လောက် ပြုလုပ်ပေးခြင်းဖြင့် မျက်နှာအသားအရေကို ပိုမိုချော့မွေ့လာစေမှာပါ။ ဒီပုံစံအတိုင်း မျက်နှာက ဝက်ခြံများကို လျော့နည်းအောင် ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဝက်ခြံတွေပျောက်အောင် ရေခဲကုထုံးကို သုံးစွဲမယ်ဆိုရင်တော့ ရေခဲများကို အဝတ်စတစ်ခုခု သို့မဟုတ် လက်ကိုင်ပုဝါလေးနဲ့ ထုတ်ထားဖို့လိုပါတယ်။
ဒီလိုအသုံးဝင်မှုများသာမက မျက်နှာပေါ်က အရေးအကြောင်းတွေကိုပါ လျော့နည်းစေနိုင်ပါတယ်။ မိတ်ကပ်မလိမ်းခင် ရေခဲတွေနဲ့ မျက်နှာပေါ်မှာ တစ်မိနစ်ခန့်လောက် နှိပ်နယ်ပေးမယ်ဆိုရင် မျက်နှာအသားရေက သွေးလည်ပတ်မှုပိုမိုကောင်းမွန်လာကာ အသက်အရွှယ်မတိုင်ခင် အရေးအကြောင်းပေါ်လာခြင်းများကို တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် သင့်အသားအရေကို ထိန်းသိမ်းဖို့အတွက် ငွေအများကြီးအကုန်မခံပဲ ရေခဲကုထုံးလေးနဲ့ စမ်းသပ်လုပ်ဆောင်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။
( VitamiN )


Ref : Ba-bamail
 
Top