2017 May 19 က ရှမ်း/မြောက် နမ့်ဖတ်ကာအနီးမှာ KIA ရဲ့ ဆက်ကြေးကောက် ကားမီးရှို့ခြင်းခံရသော မြတ်မန္တလာထွန်းယာဉ်လိုင်း ခရီးသည်တင်ကားမှ ခရီးသည်၏ အတွေ့ကြုံ အမြင်
=============================
မနေ့က ၁၉ ၅ ၂၀၁၇ နေ့လည် ၂ နာရီမူဆည်မှရန်ကုန်ကို မြတ်မန္တလာထွန်း  ကားစီးပြီးထွက်လာခဲ့ပါတယ်။
၃ နာရီစွန်းစွန်းမူဆယ်မြို့နယ်အထွက် ခိုမုန်း မှတ်တိုင်နားရောက်တော့ကားဆရာက ရုတ်တရက်လမ်းဘေးဆွဲချဘရိတ်နင်းသံကြောင့် တီဗြွီကည့်နေကြတဲ့ခရီးသည်များရဲ့ အထိတ်တလန့်အော်သံမေးသံတွေဆူညံသွားပါတယ်။
ကျွန်တော်မှကားဆရာကို ဘယ်သူဘာဖြစ်တာလဲမေးရာဖြေသံမကြားရဘဲ
ခပ်သုတ်သုတ်လက်အုပ်ချီပြေးဆင်းသွားတာ
မျက်နှာတဝက်ပုဝါချည်ထားတဲ့လူက စာအိတ်ပေးတာမြင်လို့ဘေးကိုကြည့်တော့

လား လား ....
လက်နက်ကိုင်များက ကားတစ်စီးလုံးကို သေနတ်နဲ့ထိုးချိန်ပြီး ကချင်လိုခရီးသည်တွေကို
ဆင်းခိုင်းပြီး ဘာမှမယူနဲ့ဆိုပြီးအမြန်းဆင်းခိုင်းလို့ ပျာရိပျာယာဆင်းပြီးကြည့်မိတော့
ညာဘက်လက်မောင်း"မှာ ဒါးနှစ်လက်တံဆိပ် ဘယ်ဘက်ကစိမ်းနီဝါသုံးရောင်ချယ်တံဆိပ်နဲ့KI A)
၁၅နှစ်သားအရွယ်ကချင်စကားပြောလေးငါးယောက်နဲ့ ၁၅ ဦးခန့်တွေ့တယ်။
သူတို့ခိုင်တဲ့အတိုင်း တောင်ခါးပန်းအနည်းငယ်မြင့်တဲ့ဘက်ကိုနွားမောင်းသလိုကျွန်တော်တို့ ၃၅ ဦးခန့်ကိုမောင်းသွင်တော့ခရီးသည် အမျိုးသမီးငယ်/ကလေးငယ် / ဗိုက်ကြီးသယ်
အားလုံးအော်ငိုကြတယ်။ လက်အုပ်ချီတောင်းပန်ကြတယ်။
ခုနကပြောတဲ့ချာတိတ်ကသေနတ်ကိုင်ဆဲတော့ အားလုံးငြိမ်သွားကြတယ်။

နောက်တယောက်ကဓါတ်ဆီပုန်းကိုင်ပြေးလာပြီး ကားဘေးတခြမ်းဆီလောင်းတယ်။
ကျန်တစ်ယောက်ကအဝတ်စထုံးထားတဲ့ အရာကိုမီးရှို့ပြီးကားဘေးပစ်တော့
မီးကဝုန်ကနဲထတောက်ပြီး ကားဆီကပေါက်ကွဲသံဆူညံနေတာပေါ့။
အဲ့ဒီအချိန်ခရီးသည်ရောသူတို့အဖွဲ့ပါပြေးလွှားနေကြတာ သူတို့ကကချင်လိုအော်ပြီး
တောင်အောက်ပြန်ပြေးဆင်းကြတယ် ကျွန်တော်တို့ကိုထားခဲ့တာပေါ့။

ခရီးသည်အားလုံးကလဲရွာရှိတဲ့ဘက်ကို နာရီဝက်နီးပါးလောက်ပြေးကြရတာ...
မူဆယ်ဘက်ကစစ်တပ်ကနန့်ဖတ်ကာဘက်ကို လာရင်အလှမ်းဝေးတာပေါ့
ရွာဘက်ကနေကြည့်တာနာရီဝက်တနာရီနီးပါး ကြာတာတောင်မီးစွယ်မကျိုးဘူးခဏနေတော့
လူတယောက်ကကားစီစဉ်ပေးတယ်ဒိုင်နာပက်လက်ပေါ့။ ဗိုက်ကြီးသယ်ကလေးမွေးတာမကြာသေးတဲ့
လသားအရွယ်ရှေ့ခန်းထားပြီးမြင်းဒုန်းစိုင်းစီးသလိုမျိုးနဲ့ နန့်ဖတ်ကာစစ်တပ်ထဲရောက်ခဲ့ကြတာပေါ့။

စစ်သားနားက ရေတောင်းသောက်တော့ "အစ်ကိုကျွန်တော့်ရေကမကောင်းဘူးဗျတဲ့"
ရေဆာလွန်းလို့မသန့်လဲရပါတယ်ခင်ဗျားဆိုပြီး တောင်းသောက်တာ ခါးကရေဗူးဖြုတ်ပေးတယ်။
အားပါးတရသောက်ဖြစ်တယ် ။ ခဏနေတော့အားလုံးနားနေဆောင်မှာနားကြပါဆိုပြီး နေရာစီစဉ်ပေးပြီးရေသန့်ဗူးတွေလာချပေးတော့ စောစောကရဲဘော်လေးတွေကရေမသန့်တာသောက်ပြီး
တို့အားလုံးကိုတော့ရေသန့်သောက်စေခြင်တာပါလားလို့ စိတ်ထဲကအောက်မေ့မိတယ်။
အားလုံးအငမ်းမရပေါ့ စဉ်းစားကြည့်လေတနာရီကျော်ပူလောင်ခဲ့တဲ့ သောကတွေအဲလိုအချိန်
ဘယ်သူငြိမ်းပေးနိုင်မလည်းလို့။ စစ်ဆေးမေးမြန်းတဲ့အချိန်တပ်မမှူးဆိုသူလာလို့
ကားဆရာက သူရတဲ့စာအိတ်ပေး ဖတ်နေတာအဝေးကတွေ့နေလေရဲ့။

ဒီလိုနဲ့ဒိုင်နာကားဒုန်းစီးလို့ကွတ်ခိုင်ရောက်လို့ထမင်းစား(ကိုယ့်စံနစ်နဲ့ကိုယ်)အောင်းချမ်းသာထမင်းဆိုင်မှ
၅၀၀၀ ကျပ်စီပေးသည်။ ည ၁၀ နာရီခွဲ တွင်လားရှိုးသို့ရောက်ပြီး စီစဉ်ပေးသောကားဖြင့်မန္တလေးသို့ နံနက်
( ၇ )နာရီ ရောက်ကြသည်။

ပေးပို့သူ၏မူရင်းစာလုံးသတ်ပုံများကိုသာပြန်လည်ပြင်ဆင်ထားသည်။

Ref: Phay Sit Gyi
 
Top