ဒေါ်လာ ၁၀၀၀တန်ကမ္ဘာ့ဈေးအကြီးဆုံး ရေခဲမုန့်ပါ။ ရွှေမှုန်လေးတွေ ပါဝင်သည်
ရွှေမှုန်စားကြသူများ..
ရွှေဆိုသည့်အရာသည် ဟိုးယခင်ရှေးခေတ်ကတည်းက အမြတ်တနိုး တန်ဖိုးထား သုံးစွဲခဲ့ကြသော သတ္တု တစ်မျိုးဖြစ်သည်။လွန်ခဲ့သော ခေတ်တွင်တော့ ရွှေဟူသည်မှာ မင်းစိုးရာဇာ သူဌေးသူကြွယ် တော်ဝင် အသိုင်းအဝိုင်းတွင်သာ သုံးစွဲဝတ်ဆင်နိုင်သော အဖိုးတန် ရတနာဖြစ်လေသည်။ ရာထူးအာဏာ ကြီးမားသူ၊ ဂုဏ်ဓန ကြွယ်ဝသူ တတ်နိုင်ကြသည့် လူချမ်းသာအသိုင်းအ၀ိုင်းမှ လူတန်းစားများက ချမ်းသာလျှင် ချမ်းသာသလောက် သိုင်းဝိုင်း ချဲ့ထွင်ကာ ရွှေထည်ပစ္စည်းများကို ချမ်းသာခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၏ ပြယုဒ်အဖြစ် ဝံ့ကြွားစွာ သုံးစွဲခဲ့ကြလေသည်။
ယခုခေတ်တွင်
ငွေကြေးကြွယ်ဝသူများက ရွှေကို အသုံးအဆောင်ပြုလုပ် ၀တ်ဆင်သုံးစွဲရုံသာ
အားမရဘဲ အစားအသောက်များတွင် နည်းမျိုးစုံဖြင့် ထည့်သွင်းကာ စားသောက်ဖို့
ကြံစည်ကြပြန်လေသည်။ ရွှေကို အလွန်နူးညံ့သော အမှုန်ကလေးများဖြစ်အောင်
သန့်စင်ပြုပြင်ပြီး ချောကလက်၊ ကိတ်မုန့်၊ အဖျော်ယမကာများ စသည့်
အမျိုးမျိုးသော စားသောက်ဖွယ်ရာများတွင် ထည့်သွင်းကာ ဈေးကြီးသော
စားသောက်ဖွယ်ရာအဖြစ် ငွေကြေးချမ်းသာသူများက ပကာသနသက်သက် ဂုဏ်ဓနဖက်၍
လူအများရှေ့ စားသုံးကြလေတော့သည်။ ရွှေကို စားသောက်ခြင်းအားဖြင့်
အကျိုးကျေးဇူး မယ်မယ်ရရဟူ၍ ဖော်ပြထားသည်ကို မတွေ့ရသလို စားသည့်လူအား
မည်သို့မည်ပုံ ထိခိုက်နိုင်သည်ဟူ၍လည်း မတွေ့ရပါ။ လှချက်ရက်
စက်စက်ယိုကြသူများကျတော့ ရွှေမှုန်သွင်းလျှင် မျက်နှာအသားအရေ လှပသည်ဟုဆိုကာ
မျက်နှာပြင်အား ရွှေသွင်းကြပြန်လေသည်။ ရွှေသွင်းခြင်းအားဖြင့် ပိုလှလာသည်
မလှလာသည်တော့ မသိ။ အချို့မှာ side
effect ကို ခံစားရပြီး မျက်နှာပြင်တွင် အဖုများ ပိုမိုပေါက်လာခြင်း၊
ချွေးပေါက်ပိုကျယ်လာခြင်းတို့ ဖြစ်လာကြောင်းကိုတော့ မကြာခန ကြားဖူးနေရသည်။
