အမေရိကန်နိုင်ငံ၊ ချီကာဂိုမှာနေထိုင်တဲ့ Youtube နာမည်ကြီးအဆိုတော် အော့စ်တင်ဂျုံးစ်ဟာ အသက်(၁၄)နှစ်အရွယ်မိန်းကလေး(၂)ဦးကို သွေးဆောင်ဖြားယောင်းမှုနဲ့ ဖမ်းဆီးခံထားရပြီး ချီကာဂိုမြို့တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်
အသက်(၂၄)နှစ်အရွယ်ရှိ အော့စ်တင်ဂျုံးစ်ဟာ Youtubeမှာ ဂျက်စ်တင်ဘီဘာအပြင် နာမည်ကြီးအဆိုတော်များရဲ့ သီချင်းတွေကို Coverအဖြစ်ပြန်ဆိုပြီး နာမည်ကြီးနေသူဖြစ်ပါတယ်။ သူသီဆိုထားတဲ့ Coverသီချင်းများမှာ အလွန်နာမည်ကြီးသလို အွန်လိုင်းမှာထောင်ပေါင်းများစွာသော နှုတ်ခမ်းနီးမလေးတွေရဲ့ အားပေးမှုကို ခံနေရသူလည်းဖြစ်ပါတယ်။
ဒါပေမယ့် အော့စ်တင်ဂျုံးစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က အသက်(၁၄)နှစ်အရွယ် ကောင်မလေးနှစ်ဦးကို လူမှုကွန်ယက်ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ကာမရာဂစိတ်တွေနိုးထလာအောင် ဆွဲဆောင်တဲ့အပြင် အဲဒီကောင်မလေးနှစ်ဦးရဲ့ Sex Videoဖိုင်အများအပြားကိုလည်း ဖြားယောင်းတောင်းဆိုခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး အခုလို
တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
အော့စ်တင်၈ျုံးစ်အနေနဲ့ အဲဒီမိန်းကလေးတွေအပေါ် ဖြားယောင်းသွေးဆောင်စကားလုံးများ၊ Sex ဗွီဒီယိုများကို လည်းတရားလိုအာဏာပိုင်များက အတိအလင်းဖော်ပြထားပြီး ဒီပြစ်မှုမှာ အွန်လိုင်းဥပဒေမှာ ပါဝင်တဲ့ အရွယ် မရောက်သူကိုကာမရာဂစိတ်ဖြစ်အာင်လှုံဆော်ရေးသားမှု၊ ဖြားယောင်းမှုဥပဒေနဲ့ ငြိစွန်းနေတယ်လို့ သိရပါတယ်။ ဂျုံးစ်အနေနဲ့ ပြစ်ဒဏ် ကျူးလွန်မှု ထင်ရှားခဲ့ပါက ထောင်ဒဏ်(၁၅)နှစ်အထိ ချမှတ်ခံသွားရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.