0
YouTuber တစ်ယောက်ဖြစ်တဲ့ Bianca Heinicke အမည်ရ ဂျာမန်မလေးဟာ သူမရဲ့ YouTube အကောင့်ဖြစ်တဲ့ Bibi H အကောင့်ကနေ သီချင်းတွေ ထုတ်လွှင့်လေ့ရှိ့ပြီး subscribe ပြုလုပ်ထားသူကလည်း 5 သန်းကျော် ရှိခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကမှ သူမကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ သီချင်းဟာ အတော်လေးကို ဆိုးဆိုးဝါးဝါး စံချိန်မှာ ရှိခဲ့ ပါ တယ်။


Bibi သီဆိုထားတဲ့ wap bap အမည်ရ သီချင်းဟာ တစ်လအတွင်းမှာ Dislike ပြုလုပ်သူ 2.2 သန်းအထိ ရှိခဲ့ပြီး၊ Like ပြုလုပ်သူကတော့ 346994 သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် လူတွေ ကြိုက်တာ မကြိုက်တာ အပထား ၀င်ရောက် ကြည့်ရှုသူ ဦးရေကတော့ 38 သန်းကျော်အထိ ရရှိခဲ့လို့ အောင်မြင်တယ်လို့ ဆိုရမှာပါ။

BiBi ဟာ 24 နှစ်သာ ရှိသေးပြီး ဂျာမဏီနိုင်ငံ ကိုလုံးမြို့မှာ နေထိုင်ပါတယ်။ သီချင်းသီဆိုခြင်းနဲ့ သရုပ်ဆောင်ပိုင်းမှာ အလွန်ဝါသနာ ကြီးသူတစ်ယောက်ဖြစ်ပြီး နာမည်ကျော်တွေရဲ့ သီချင်းတွေကို Cover သီဆိုကာ ကိုယ်တိုင် ၀င်ရောက် သရုပ်ဆောင်လေ့ရှိသူ ဖြစ်ပါတယ်။

သူမရဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုရမှာတော့ မိုင်လေဆိုင်ရပ်နဲ့ ဂျက်စတင်ဘီဘာတို့လို ကမ္ဘာကျော် ဖြစ်အောင် ပြုလုပ်မယ်လို့ ဆိုပါတယ်။ အခုလို Dislike ရတာကိုလည်း သူမဘက်က အပြုသဘောမျိုးသာ ထင်မြင်ယူဆကြောင်း၊ မိုင်လေနဲ့ ဂျက်စတင်ဘီဘာတို့ သီဆိုထားတဲ့ ‘Wrecking Ball’ နဲ့ ‘Baby’ သီချင်းတို့ပင်လျှင် Dislike ပြုလုပ်သူ သန်းချီ ရှိခဲ့ကြောင်း နှိုင်းယှဉ်ပြခဲ့ပါတယ်။

Wrecking Ball သီးချင်းမှာ မိုင်လေဟာ ကိုယ်တုံးလုံးတစ်ပိုင်းနဲ့သာ သရုပ်ဆောင်ထားပြီး၊ ကြည့်ရှုသူဦးရေ 884m အထိ ရရှိခဲ့ပါတယ်။ Dislike အရေအတွက်မှာလည်း ယခု Bibi ရထားတဲ့ အရေအတွက်ထက် 1 သန်းကျော် ပိုများခဲ့ပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံး ရောက်ရှိနေတဲ့ နယ်ပယ်ချင်းက မတူညီလို့ ဒါက နှိုင်းယှဉ်ရမယ့်အနေအထား မဟုတ်ဖူးလို့
ဝေဖန်သူတွေက ဆိုပါတယ်။


Post a Comment

 
Top