0
သမ္မတဟောင်း ဘားရက် အိုဘားမားဟာ သမ္မတသက်တမ်းနှစ်ကျော့ရဲ့ ရှစ်နှစ်တာကာလမှာTuxedo တစ်ထည်တည်း ကိုပဲ ရှစ်ကြိမ်တိတိ ပြန်ဝတ်ခဲ့တယ်လို့ သမ္မတကတော်ဟောင်း မစ်ရှဲလ် အိုဘားမားက ဇွန်လ (၆)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Apple ရဲ့ Worldwide Developer Conference မှာ ဖွင့်ချပြောဆိုလိုက်ပါတယ်။ “သူဟာ အ၀တ်တစ်ထည်ကို ထပ်တလဲလဲ ၀တ်တတ်သူပါ။ ကျွန်မကလည်း အဲ့ဒီ့အကျင့်ကို ဂုဏ်ယူပါတယ်”လို့ သမ္မတကတော်ဟောင်းက ပြောကြားလိုက်ပြီး အိုဘားမားဟာ သူ့ရဲ့formal ၀တ်စုံအတွက် သိပ်အချိန်ယူ ရွေးချယ်လေ့မရှိဘူးလို့လည်း ပြောပါသေး တယ်


(၅၃)နှစ်အရွယ် သမ္မတကတော်ဟောင်း မစ်ရှဲလ် ထိုအကြောင်းကို ဖွင့်ပြောလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသားနဲ့ အမျိုးသမီး ၀တ်ပုံစားပုံ ဖက်ရှင်အပိုင်းကို ရှုမြင်ကြရာမှာ ညီမျှတဲ့အမြင်မရှိကြလို့ပဲ ဆိုပါတယ်။ “ဒါက သိပ်တော့မတရားပါ ဘူး။ ကျွန်မတို့ ဘယ်လိုပဲလုပ်လုပ်၊ သူက အဲ့ဒီ့တစ်ထည်ပဲ ကောက်ကောက်ဝတ်တတ်ပါတယ်” လို့ဆိုပြီး “ရှင်တို့ အခု ကျွန်မ၀တ်စားထားတဲ့ဟာတွေကို ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ပြီး မှတ်တမ်းတင်ကြပါတယ်။ ကျွန်မ၀တ်တဲ့ဖိနပ်၊ ကျွန်မရဲ့လည်ဆွဲ၊ ကျွန်မရဲ့လက်ကောက် စတာတွေကို မလွတ်တမ်း ကြည့်ရှုဝေဖန်ကြပါတယ်။ ဒါပေမယ့် ဒီ tuxedo တစ်ထည်တည်းနဲ့ ဖိနပ်တစ်ရံတည်းကို ဘားရက်က ရှစ်ကြိမ်လောက်ဝတ်ပြီး အခမ်းအနားတွေ တက်နေတာတော့ ရှင်တို့ မရိပ်မိကြပါဘူး”လို့ ဖက်ရှင်မှာ နာမည်ကြီးလှတဲ့ မစ်ရှဲလ်က အားမလိုအားမရ ပြောလိုက်ပါတယ်။


ဆက်လက်ပြီး မစ်ရှဲလ်က ဘားရက်ရဲ့ အမြဲဝတ် ဖက်ရှင်ရွေးချယ်မှုနဲ့ ပတ်သက်လို့ “သူကလည်း ဒီလိုဝတ်ရတာ ကြိုက်ပါ တယ်။ ဂုဏ်ယူပါတယ်။ ပွဲတစ်ခုခုသွားရမယ်ဆိုတာနဲ့ မိန်းမရေ … ကိုယ်တော့ နောက်ဆယ်မိနစ်ဆို ပြီးပြီ။ အဆင်သင့်ပဲ” ဆိုတဲ့ စကားသံမျိုးပဲ ကြားရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၁၅ခုနှစ်က ပြည်ထောင်စုညစာစားပွဲမှာ ရိုမန့်ဆန် လွန်းတဲ့ သူမရဲ့ အပြုအမူနဲ့ ပတ်သက်လို့လည်း ပြောလိုက်ပါသေးတယ်။ “အဲ့ဒီ့တုန်းက အလည်အပတ် လာရောက်တဲ့ တိုင်းပြည်က အကြီးအကဲတွေနဲ့ သူတို့ရဲ့ကြင်ယာတော်တွေဟာ လမ်းမှာ ရောက်နေပြီလေ။ ဒီတော့ ကျွန်မတို့က အိမ်ဖြူတော်ရဲ့ မြောက်ဘက်ပေါ်တီကိုအောက်မှာ ကြိုဆိုဖို့ စောင့်နေကြတာပေါ့။ အဲ့ဒီ့အချိန်မှာ ဒီအတိုင်း မတ်တပ်ရပ်ပြီး စောင့်နေရတာ ပျင်းလာတော့ ကျွန်မယောက်ျား ၀တ်စားထားတာ ပုံစံကျပြီး သပ်ရပ်သွားအောင် ကျွန်မက သူ့လည်စည်း (bow tie)ကို ပြင်ပေးလိုက်တာလေ”လို့ သူမခင်ပွန်းအပေါ် ဂရုတစိုက်ရှိပုံကို ပြောကြားသွားပါသေးတယ်။
Ref:US Magazine

Post a Comment

 
Top