0
ထိုင်းမင်းသမီးလေး
ပရိတ်သတ်တွေ ဘာကြောင့်စိတ်မကောင်းဖြစ်ရလည်းဆိုတော့..
ဒီနေ့ခေတ်မှာ ခွဲစိတ်ပြုပြင်ထားတဲ့လူတွေမှန်သမျှအားလုံးကို မော်ဒယ်နဲ့ အလှဘုရင်မအဖြစ် အားလုံးကသတ်မှတ်လာကြသလို.. အလှတရားနဲ့ပတ်သက်ပြီး လူအများစုရဲ့အမြင်တွေလည်း ပြောင်းလဲသွားကြပါတယ်။ ဒီထိုင်းမင်းသမီးလေးကို ယောက်ျားလေးပရိသတ်ရော..မိန်းကလေး ပရိသတ်တွေပါ အရမ်းကိုနှစ်သက်ကြပါတယ်။ ဒါပေမယ့် သူမနောက်ကွယ်က လျှို့ဝှက်ချက်ကိုတော့ ဘယ်သူကမှ မသိထားကြဘူး။
Yoshi Rinrada ကို ကလေးမျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်လေးရအောင် ထိုင်းနိုင်ငံရဲ့ မော်ဒယ်အသိုင်းအ၀ိုင်းကနေ ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ တကယ်တော့ယောက်ျားလေးအဖြစ်မွေးဖွားလာတယ်ဆိုတာကို ဘယ်သူကမှမသိထားကြပါဘူး။
Rinradaဟာ ခွဲစိတ်ပြုပြင်ထားတဲ့မော်ဒယ်..မင်းသမီးလေးဖြစ်ပါတယ်။ Rinradaဟာ ထိုင်းနိုင်ငံရဲ့ပထမဆုံးနဲ့အမြန်ဆုံးလိင်ပြောင်းလဲထားတဲ့ လူငယ်တစ်ယောက်ပါ။ နောက်ထပ်လိင်ပြောင်းလဲခွဲစိတ်ထားတဲ့ နာမည်ကြီး Nong Poy နဲ့ သူမကလိုက်ယှဉ်ပြိုင်နေတာလို့ တစ်ချို့ပရိသတ်တွေကလည်းပြောကြတယ်။
ကျောင်းသူဘဝတည်းက Rinrada ဟာ အလှပြိုင်ပွဲမှာအနိုင်ရရှိဖူးပါတယ်။ အဲ့ဒီအချိန်ကနေ ဆက်လက်ပြီး အောင်မြင်လာခဲ့တာပါ။ အာရှနိုင်ငံပေါင်းများစွာက လူတွေရဲ့အသည်းနှလုံးကို Rinradaဟာ သူမရဲ့အနာအဆာကင်းမဲ့တဲ့အသားရေရယ် ချစ်စရာကောင်းတဲ့မျက်နှာနဲ့ သိမ်းပိုက်ယူနိုင်ခဲ့တယ်။ ထိုင်းနိုင်ငံရဲ့ လူသိများလာတဲ့မျက်နှာပိုင်ရှင်လေးအဖြစ် Rinrada စတင်ကျော်ကြားလာပြီးနောက် တီဗီကြော်ငြာတွေအတွက် သူမရွေးချယ်ခံရပြီး တီဗီစီးရီးတွဲတွေကအစ ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရတယ်။ သူမမှာ အံ့သြစရာ သရုပ်ဆောင်ပညာပိုင်ဆိုင်ထားသလို နောက်ပိုင်းတွေမှာလည်း ရုပ်ရှင်နဲ့ တီဗီရှိုးတွေမှာ ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။

 Credit: Buzzy

Post a Comment

 
Top