0

ဟောလိဝုဒ်မင်းသားကြီး Tom Cruise ရဲ့ horror-actioner ရုပ်ရှင် ‘The Mummy’ ဟာ overseas မှာတော့ ကောင်းမွန်စွာ ကြိုဆိုခြင်းခံနေရပြီး တရုတ်မှာပြသတဲ့ Tom Cruise ပါဝင်တဲ့ ဟောလိဝုဒ်ရုပ်ရှင်တွေမှာတော့ အဖွင့်ဝင်ငွေအကောင်းဆုံးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
တရုတ်ပြည်မမှာ သောကြာနေ့မှာ စတင်ရုံတင်ခဲ့တဲ့ The Mummy ဟာ အဖွင့်ဝင်ငွေ ဒေါ်လာ 18.7 သန်းထိရှိခဲ့တာပါ။ နိုင်ငံတကာဈေးကွက် 33 ခုမှာ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ ရုံတင်မှုတွေမှာ ၀င်ငွေ ဒေါ်လာ 20.5 သန်းရခဲ့ပါတယ်။ ရုရှားမှာတော့ ဒေါ်လာ 1.6 သန်းရခဲ့ပြီး ဈေးကွက်ရဲ့ 62% မှာတော့ အဖွင့်ဝင်ငွေအကောင်းဆုံးအဖြစ် မှတ်တမ်းတွေရရှိနေတာပါ။ ဘရာဇီးမှာလည်း Tom Cruise ရုပ်ရှင်တွေထဲမှာ ၀င်ငွေအကောင်းဆုံးဖြစ်နေခဲ့သလို Middle Kingdom မှာတော့ ရုံဝင်ငွေ ဒ်ါလာ 52 သန်း ပါ။
အမေရိကန်ပြင်ပ ရုံဝင်ငွေဟာ ဒေါ်လာ 139 သန်းရှိခဲ့ပြီး overseas မှာတော့ အတော်ကို အောင်မြင်နေပါတယ်။ ဒါဟာ တရုတ်အပါအ၀င် နိုင်ငံတကာဈေးကွက် 63 ခုက ရုံဝင်ငွေဖြစ်တယ်။ အမေရိကမှာတော့ ဒေါ်လာ 32 သန်းရခဲ့ပြီး The Mummy ရဲ့ ပထမအပတ် ရုံဝင်ငွေဟာ ဒေါ်လာ 171 သန်း ရှိလာပါတယ်။
Tom Cruise ရဲ့ The Mummy ဟာ Mummy ရုပ်ရှင်သုံးကားဖြစ်တဲ့ (1999, 2001, 2008)တွေ နောက်ပိုင်း အဖွင့်ဝင်ငွေ အနည်းဆုံးဖြစ်သွားပါတယ်။ Universal ဟာ global ကနေမှာ အဆိုပါ သုံးကားအတွက် ရုံဝင်ငွေ 1.2 ဘီလီယံထိ ရထားပါသေးတယ်။
The Mummy ဟာ ဝေဖန်ရေးတွေမှာတော့ ရလဒ်မကောင်းပါဘူး။ Rotten 18% ဖြစ်ပြီး CinemaScore ကတော့ B- ဖြစ်တယ်။ The Mummy ကို Tom Cruise ကြောင့် လက်မှတ်ဝယ်ယူကြည့်ရူ့မှုဟာ 40% ထိရှိတယ်လို့ CinemaScore စစ်တမ်းမှာ ပါရှိပါသေးတယ်။ Mummy ရုပ်ရှင် ရုန်းကန်ရမှုဟာ Dark Universe ကနေ ထပ်မံလာအုံးမယ့် Bride of Frankenstein ကို ပရိသတ်တွေလက်ထဲ ပို့လွှတ်ဖို့ရာ ဖိအားတွေဖြစ်စေခဲ့မယ်လို့တော့ သုံးသပ်မှုတွေ ထွက်ရှိထားပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ The Mummy ဟာ overseas မှာတော့ အကြိုက်တွေ့ခြင်း ခံနေရပါသေးတယ်။ Monsters တွေပြန်လာပါပြီ။ နတ်ဆိုးတွေ၊ မွန်းစတားတွေစုဝေးရာ အမှောင်ကမ္ဘာသစ်ရဲ့အစအဖြစ် The Mummy ကို ကြိုဆိုလိုက်ရအောင်ပါ။
#motaku #ဟန်သာ

Post a Comment

 
Top