0

မြန်မာမင်းသားတွေထဲမှာ ရုပ်အချောဆုံး မင်းသားတစ်လက်ဖြစ်သလို အိမ်ထောင်ပြုဖို့အရွယ်လည်း ရောက်နေပြီဖြစ်တဲ့ နေတိုးက အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဖြေကြားထားတာ ဖြစ်ပါတယ်။

"နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ ပြောစရာစကားလုံး လောလောဆယ်မှာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ အိမ်ထောင်ပြုမလားဆိုရင်တော့ အချိန်အခါ သိပ်လည်း ကြာလို့မကောင်းတော့သလို၊ သိပ်လည်း မြန်လို့မကောင်းသေးဘူးလို့ ထင်ပါတယ်။ ၂၀၁၈ ထဲမှာတော့ အိမ်ထောင်ပြုဖို့ မရှိသေးပါဘူး" လို့ Myanmar People Magazine နဲ့ အင်တာဗျူှးမှာ ဖြေကြားထားတာကို တွေ့ရပါတယ်။
အပြင်စီးပွားရေးမလုပ်ဘဲ အနုပညာအလုပ်တစ်ခုတည်းကို ၁၇ နှစ်ခန့် ဇောက်ချလုပ်လာတဲ့ နေတိုးဟာ ၂၀၁၇ အတွင်းမှာ ဇာတ်ကားတွေ အများကြီးထွက်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။
"၂၀၁၇မှာ ကျွန်တော်အားရကျေနပ်ခဲ့တဲ့ ကျွန်တော့်ရဲ့ ဇာတ်ကားတွေ အများကြီးထွက်လာပါလိမ့်မယ် ဆက်လက်ပြီးတော့ အားပေးကြပါဦး" လို့ နေတိုးက ပရိသတ်တွေကို ပြောလိုက်ပါတယ်။
ထပ်ဆင့်အကယ်ဒမီ နေတိုးဟာ ၂၀၀၉ ခုနှစ် ရုပ်ရှင်ဆုပေးပွဲမှာ "မိုးညအိပ်မက်မြူ"ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပြီး ဒီနှစ် ဧပြီလအတွင်းက ကျင်းပခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ၂၀၁၅ခုနှစ်အတွက်  အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို  ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်  ရိုက်ကူးထားတဲ့ "နက္ခတ်မှားတဲ့တိုက်ပွဲ "ရုပ်ရှင်ဇာတ်ကားနဲ့ ထပ်မံရရှိခဲ့သူ ဖြစ်ပါတယ်။

Photo : နေတိုးဖေ့စ်ဘွတ်

Post a Comment

 
Top