0
အာကာသလေပြင်အထိ ရောက်လုနီးပါး ပျံသန်းနိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလေယာဉ်ကို တရုတ်နိုင်ငံ မြောက်ပိုင်းမှာ စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ အဆိုပါ လေယာဉ်ဟာ မီတာ 2 သောင်း ( ပေ 65600) အထိ ပျံသန်းနိုင်ပြီး၊  အာကသထဲမှာ တစ်နှစ်မဟုတ်တောင်မှ လပေါင်းများစွာ ပျံဝဲနေနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းစနည်းကို အခြေခံခြင်း အားဖြင့်လည်း အခြားနိုင်ငံတွေက တုပပြုလုပ်ကြမယ်လို့ ယူဆရပါတယ်။



ဒီအချက်ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စုံစမ်းထောက်လှမ်းရာမှာ ကြီးမားတဲ့ ပြောင်းလဲမှုကြီး ဖြစ်သွားနိုင်ပါတယ်။ ယခုလေ
ယာဉ်မှာလည်း အလွန်ပေါ့ပါး ကျစ်လစ်ပြီး၊ Drone အကြီးစားကဲ့သို့ အလှမ်းကွာဝေးတဲ့ မြင်ကွင်းတွေကို ဖမ်းယူပေး မှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ သတ်မှတ်ထားတဲ့ အမြင့်ပေဆီကနေ အခြားနိုင်ငံတွေကို ထောက်လှမ်းနိုင်မယ့် သဘောပါ။

အဆိုပါ နေရောင်ခြည်သုံး လေယာဉ်ကို Caihong လို့ အမည်ပေးထားပြီး၊ လျှို့ဝှက်စမ်းသပ်ပျံသန်းခဲ့မှုမှာ အောင်မြင်မှု ရခဲ့ပါတယ်။ မကြာမီလပိုင်းမှာ ဒီထက်ပိုအဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပြီးလျှင်၊ အာကသဝေဟင်ကို ရောက်လုခမန်း ပျံသန်း
နိုင်မယ်လို့ ယုံကြည်ရပါတယ်။ လေထဲမှာလည်း အချိန်ကြာမြင့်စွာ ၀ဲပျံနေနိုင်မှာ ဖြစ်ပြီး၊ မြေပြင်ကို သတင်းအချက်အလတ် တွေ ပေးပို့သွားမယ်လို့ သိရပါတယ်။

China Academy of Aerospace Aerodynamics မှ လေယာဉ်ဖြစ်မြောက်ရေး ခေါင်းဆောင် Shi Wen က chinadaily.com နဲ့ တွေ့ဆုံစဉ်မှာ ဆီနဲ့မောင်းနှင်တဲ့ Drone တစ်ခုဟာ အများအားဖြင့် အမြင့်ပေ 26000 သာ ပျံသန်းနိုင်တယ်လို့ သိရပါတယ်။ “ဒါကြောင့် Caihong ဟာ အလွန်လှပတဲ့ အောင်မြင်မှုကြီးပါ “လို့ Wen က
ပြောပါတယ်။

တရုတ်ကနေ ထုတ်လွှင့်ခဲ့တဲ့ ဗွီဒီယိုဖိုင်ထဲမှာ ကွန်ပျူတာ မျက်နှာပြင်တွေပေါ်ရှိ အရေးကြီးတဲ့ သတင်းအချက်အလတ်တွေ မပေါက်ကြားစေဖို့ မြင်ကွင်းကို စနစ်တကျ ၀ါးထားတာကိုလည်း တွေ့ရပါတယ်။ ယခုလေယာဉ်ကိုတော့ တောင်တရုတ် ပင်လယ်မှာ ကင်းလှည့်တဲ့သဘောနဲ့ ပျံသန်းဖို့ ရှိပြီး၊ တရုတ်နိုင်ငံဟာ အဆိုပါ ပင်လယ်တစ်ခုလုံးကို မိမိပိုင် ပြုလုပ်လိုနေ
ပါတယ်။

ဒါပေမယ့် ဒီကိစ္စမှာ တရုတ်ပင်လယ်နဲ့ထိစပ်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်ဝမ်၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရှုနိုင်းနိုင်
ငံတွေနဲ့လည်း ထိပ်တိုက်တွေ့ဆုံနေပြီး၊ ယင်းနိုင်ငံတွေက ပင်လယ်ဟာ မိမိနိုင်ငံရဲ့ ကြီးမားအတဲ့ အစိတ်အပိုင်းကြီးအဖြစ် သတ်မှတ်ထားကြပါတယ်။

အဆိုပါ ရေပိုင်နက်ထိစပ် နိုင်ငံတစ်ချို့ဟာ အမေရိကန်နဲ့ ပလဲပနံသင့်တဲ့ ဆက်ဆံရေးရှိကြပြီး၊ စစ်ရေးအရ အားထားရ မယ်လို့လည်း ယုံကြည်နေကြပါတယ်။ အမေရိကန်ကလည်း  တောင်တရုတ်ပင်လယ်မှာ ပေါ်ပေါ်တင်တင် တပ်စခန်းတွေ  ဆောက်လုပ်တပ်စွဲထားသလို၊ သမ္မတ ထရမ့်ကလည်း မည်သည့်စစ်ဘက်နိုင်ငံကိုမျှ စိတ်ထဲထည့်တွက်နေမှာ မဟုတ်ဘူး လို့ ကြုံးဝါးထားပါတယ်။ တောင်တရုတ်ပင်လယ်အရေးဟာ မြောက်ကိုရီးယားအရေးပြီးလျှင် တတိယကမ္ဘာစစ် စတင်ဖြစ် ပွားဖို့ အလားအလာအများဆုံး နေရာဖြစ်ပါတယ်။

source : thesun.co.uk

Post a Comment

 
Top