0

စနေနေ့ညက London Bridge နဲ့ အနီးတဝိုက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားလို့ ထွက်ပြေးကြတဲ့ လူအုပ်ကြီးထဲမှာ ဘီယာခွက်ကို မချတမ်းပြေးလို့ နာမည်ကျော်သွားတဲ့ အမည်မသိလူတစ်ယောက်ရှိနေပါတယ်ဗျ။
လူငယ်တစ်ယောက်ဟာ အဲ့ဒီနေ့ကဖြစ်တဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာချိန်မှာ ဘီယာတစ်ခွက်ကို လက်ကမချ ကိုင်ပြီး ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီပုံကို Twitter မှာ အကြိမ် ၂၈,၀၀၀ ကျော် ပြန် Tweet လုပ်ခဲ့ကြပြီး ဒီဓာတ်ပုံဟာ လန်ဒန်သူလန်ဒန်သားတွေ ကြုံရတဲ့ အမှောင်ညဆိုးကြီးထဲကနေ ပေါ်ထွက်လာတဲ့ ရယ်စရာ ပြုံးစရာ တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကိုပဲ အဆင့်ဆင့် ပြန် Tweet ခဲ့ကြပြီး လန်ဒန်သားတွေရဲ့ ဘီယာကြိုက်နှစ်သက်မှုကို “A pint of London Pride” လို့ အရွှန်းဖောက်ရေးသားခဲ့ကြပါတယ်။
“လူတွေဟာ London Bridge အရေးကြောင့် ပြေးလွှားပုန်းရှောင်နေရပေမယ့် ညာဘက်က ဒီလူကတော့ ဘီယာကို တစ်စက်လေးမှ ထွက်ကျပုံမပေါ်ဘူးဗျာ။ ဗြိတိန်သားတွေကို ဘုရားသခင်ကောင်းချီးပေးပါစေ”လို့ ဒီပုံကို တင်တဲ့ Howard Mannella က Tweet လုပ်ရေးသားခဲ့ပါတယ်။
လန်ဒန်တံတားအကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၇ဦးခန့် သေဆုံးခဲ့ရပြီး ၄၈ ဦးခန့် ဒဏ်ရာရရှိတဲ့ အတွက် ဆေးကုသမှုခံနေရပါတယ်။

Post a Comment

 
Top