0




၁၉၈၁ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တဲ့ Shaanxi Y-8 လေယာဉ်ဟာ မျိုးကွဲပေါင်း များစွာရှိပြီး သယ်ယူပို့ဆောင်ရေး လေယာဉ်အမျိုးအစားအပြင် အဆင့် မြှင့်ထားတဲ့ Gun Ship အမျိုးအစားတွေ၊ လေကြောင်းရန်ကြိုတင်သတိပေးရေးနဲ့ ထိန်းချုပ်ရေးလေယာဉ် AWACS အမျိုးအစားတွေ  အပြင် ရေငုတ်သင်္ဘောတိုက်ဖျက်ရေးအမျိုးအစားတွေအထိ ရှိတာဖြစ်ပါတယ်။ 

မှတ်တမ်းတွေအရတော့ Shaanxi Y-8 ဟာ ပျံသန်းမှုသမိုင်းကြောင်းကောင်းကို ပိုင်ဆိုင်ထားပြီး လက်ရှိအချိန်ထိ တပ်မတော်လေရဲ့ အခု မတော်တဆဖြစ်မှုအပါအ၀င် နှစ်ကြိမ်သာ ပျက်ကျဖူးသေးတယ်လို့ သိရပါတယ်။ 
 
ပထမအကြိမ် ပျက်ကျခဲ့တာက ၂၀၀၆ ခုနှစ် ဇွန် ၃ ရက်က ဖြစ်ပြီး Y-8 ကို အဆင့်မြှင့်တင်ထားတဲ့ KJ 200 AWACS  လေကြောင်းရန်ကြိုတင်သတိပေးရေးနဲ့ ထိန်းချုပ်ရေးလေယာဉ်ဟာ တရုတ်နိုင်ငံ အန်ဟွီခရိုင်မှာ ပျက်ကျခဲ့တာ ဖြစ်ပြီး လေယာဉ်ပေါ်ပါ အမှုထမ်း ၄၀ ဦး သေဆုံးခဲ့ပါတယ်။ 
 
အဲဒီလေယာဉ်ပျက်ကျခဲ့မှုနဲ့ ပတ်သက်ပြီး တရုတ်စစ်ဘက်ရဲ့ တရားဝင် ရှင်းလင်းမှုမှာတော့ ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်တောင်ပံတွေမှာ ရေခဲစုဖွဲ့မှု ကြီးမားခဲ့ပြီး ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အခု Y-8- 200 F ပျက်ကျမှုဟာ ဒီလေယာဉ်ရဲ့ သမိုင်းမှာတော့ ဒုတိယအကြိမ်ပျက်ကျမှု နဲ့ အဆိုးရွားဆုံး ဖြစ်တယ်လို့ ပြောရမှာပါ။

ထူးခြားမှုကတော့ ပျက်ကျမှု နှစ်ကြိမ်လုံးဟာ ဇွန်လထဲမှာပဲ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး ပထမဖြစ်စဉ်အပြီး ၁၁ နှစ်နဲ့ ၄ ရက် အကြာမှာထပ်မံ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
#NyeinKo

Post a Comment

 
Top