0

စမတ်ဖုန်းတစ်လုံးကို ဝယ်ယူမယ်ဆိုတဲ့ အချိန် ဒါမှမဟုတ် Smartphone တစ်လုံးရဲ့ Screen Resolution ကို သိချင်တဲ့အခါမှာ အလွယ်တကူ စစ်ဆေးနိုင်တဲ့နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ ဖုန်းကို ပါဝါဖွင့်လိုက်ပါ။ ပါဝါပွင့်လာပြီဆိုတဲ့အချိန်မှာ ဖုန်းရဲ့မြင်ကွင်းတစ်ခုခုကို Screenshot လုပ်လိုက်ပါ။

Screenshot လုပ်တဲ့ နည်းလမ်းတွေကတော့ အသုံးပြုတဲ့ ဖုန်းပေါ်မှာမူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်။ ဖုန်းအများစုမှာတော့ Volume Down Key နဲ့ Power Button ကိုအတူတွဲပြီး နှိပ်လိုက်ရင် Screenshot လုပ်ပေးတာများပါတယ်။ အချို့ဖုန်းတွေမှာလည်း Volume Down Key နဲ့ Home Button ကိုတွဲနှိပ်တာမျိုးရှိသလို Power Button နဲ့ Home Key ကိုတွဲနှိပ်တာမျိုးလည်း ရှိပါတယ်။ အချို့ဖုန်းတွေမှာလည်း ဒီနည်းလမ်းတွေနဲ့ မဟုတ်ဘဲ အခြားနည်းလမ်းမျိုး ဖြစ်နေတာလည်း ရှိနိုင်ပါတယ်။ Screenshot လုပ်ပြီးပြီဆိုရင်တော့ ရရှိလာတဲ့ Screenshot ဓာတ်ပုံရဲ့ အပေါ်ထိပ်နားမှာရှိတဲ့ Detail ကိုနှိပ်လိုက်ပါ။

Detail ကိုနှိပ်လိုက်တဲ့အခါမှာ Screenshot ပုံရဲ့ အချက်အလက်တွေကို မြင်တွေ့ရပါလိမ့်မယ်။ ဒီအချက်အလက်တွေထဲမှာ Screenshot ပုံရဲ့ Resolution အချိုးအစားဟာ Screen ရဲ့ Resolution ပဲဖြစ်ပါတယ်။



source: Internet Journal 
-ကိုသက်

Post a Comment

 
Top