0

ဂျာမဏီနိုင်ငံ၊ Duisburg, North Rhine-Westphalia မှာ တည်ရှိတဲ့ Steinbart School ကျောင်းမှာ ပညာသင် ကြားနေတဲ့ အသက် 14 နှစ်အရွယ် Bivsi Rana အမည်ရ ကျောင်းသူမလေးဟာ စာသင်ခန်းထဲမှာ ရှိနေစဉ်၊ ရဲတပ်ဖွဲ့ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ လာရောက်ဆွဲခေါ်ခဲ့ပါတယ်။

နောက် Rana ကို တရားဝင်နေထိုင်ခွင့်ရထားသူ မဟုတ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားပြီး ဖရန့်ဖွတ်လေဆိပ်ကို ပို့ဆောင်
ပေးခဲ့ပါတယ်။ အဲဒီလေဆိပ်မှာ သူမရဲ့ မိသားစုဝင်တွေလည်း ရောက်ရှိနေပါတယ်။ တကယ်တော့ Rana ဟာ ဂျာမနီနိုင်ငံ ဖွားတစ်ယောက်ဖြစ်ပေမယ့် မိဘတွေရဲ့ နေထိုင်ခွင့် လျှောက်ထားမှုအသစ်ကို လူဝင်မှု ကြီးကြပ်ရေးက ပယ်ချခံခဲ့ရပါတယ်။

ဒါကြောင့် သူမတို့ မိသားစုရဲ့ နေထိုင်ခွင့်သက်တမ်းဟာ 2013 ခုနှစ်ကတည်းက ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ မိသားစုဟာ ဂျာမနီမှာ ရှိနေတဲ့နောက်ပိုင်းအချိန်တွေမှာ နိုင်ငံတွင်းနေထိုင်ခွင့်ကို တရားဝင်လျှောက်ထားခဲ့ပေမယ့် မည်သည့် အကြောင်းပြချက်မှ မရှိဘဲ အကြိမ်ကြိမ် ပယ်ချခံခဲ့ရတာ၊ 2016 ခုနှစ်အထိ 15 နှစ်တာ ကြာခဲ့ပြီလို့ သိရပါတယ်။

ပထမဆုံး နေထိုင်ခွင့်မှာ ယာယီနေထိုင်ခွင့်သာဖြစ်ပြီး ထိုစဉ်က Rana သည်ပင် မမွေးဖွားသေးပါဘူး။ Rana တို့ မိသားစုကို လေယာဉ်တစ်စီးတည်းမှာပဲ မိခင် နီပေါနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စကို စီမံဆောင်ရွက်ခဲ့ရတဲ့ Daniela Lesmeister က သူတို့မှာလည်း တစ်ခြားရွေးချယ်စရာမရှိကြောင်း၊ စိတ်မကောင်းကြောင်း ဆိုပါတယ်။

ယခုဖြစ်စဉ်မှာ Rana ရဲ့ အသက် 18 နှစ်အရွယ် အစ်ကိုမှာတော့ ပြင်နှင်ခြင်း မခံရဘဲ၊ ဘာကြောင့် ဒီလို ကွဲပြားရတာလဲ ဆိုတာကို မသိရသေးပါဘူး။ ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ ဥပဒေအရ ပြန်အပို့ခံရမယ့်သူတွေကို ပြန်ပို့မည့် ကြောင်း ကြိုတင်ပြောကြားခွင့် မရှိဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ တစ်နေရာရာကို ရွှေ့ပြောင်းပုန်းခိုသွားမှာ စိုးလို့ပါ။

ယခုကိစ္စနဲ့ပတ်သက်ပြီး Steinbart School မှာ တာဝန်ရှိသူတွေကလည်း စိတ်မကောင်းသလို၊ အစိုးရရဲ့လုပ်ရပ်ကို လည်း အတော်လေး ခံပြင်းနေကြပါတာ်။ Rana ရဲ့ သူငယ်ချင်းတွေကလည်း သူတို့ရဲ့သူငယ်ချင်းတစ်ယောက်ကို တရားခံ တစ်ယောက်လို ဆွဲထုတ်ခံခဲ့ရပါတယ်။


ယင်းနောက် ထင်မှတ်မထားတဲ့ ပြင်နှင်ဒဏ်ချမှတ်ခံလိုက်ရလို့ အတော်လေးဝမ်းနည်းနေကြပါတယ်။ ဒီအတွက်လည်း ဆန့်ကျင်တဲ့ ပွဲပုံစံလေး လုပ်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ Rana ရဲ့ မိဘတွေကလည်း ကလေးကို မပြီးဆုံးသေး တဲ့ပညာရေးကြောင့် ကျောင်းပြန်တက်လို့ရအောင် ကြိုးစားဖွယ် ရှိနေပါတယ်။


Credit: Shwemom



Post a Comment

 
Top