0

Google ကနေ ထုတ်လုပ်သွားမယ့် Google Pixel 2 ဖုန်းဟာလည်း ၂၀၁၇ ခုနှစ်မှာ စောင့်ကြည့်သွားရမယ့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ဒီဖုန်းမှာတော့ လက်ရှိအနေအထားအရ ကောင်းပေ့ ၊ ညွှန့်ပေ့ဆိုတဲ့ Hardware တွေပါဝင်လာနိုင်ပြီး မော်ဒယ်လ်သုံးမျိုးနဲ့ ပွဲထွက်လာဖွယ်ရှိနေတယ်လို့ သတင်းတွေက ခန့်မှန်းနေကြပါပြီ။ လောလောဆယ်မှာတော့ Pixel 2, Pixel XL 2 နဲ့ Pixel XXL 2 ဆိုပြီး ဖုန်းနာမည်တွေကို ကင်ပွန်းတပ်ထားတယ်လို့ သိရပါတယ်။
iPhone 8 ထွက်လာပြီးမှာ ထွက်ရှိလာဖွယ်ရှိတဲ့ Pixel 2 ကတော့ ၂၀၁၇ နှောင်းပိုင်းမှာထွက်မလား ၊ ၂၀၁၈ အစောပိုင်းမှာ ထွက်လာမလားဆိုတာ မသိရသေးပါဘူး။ စက်တင်ဘာလအတွင်းမှာ မိတ်ဆက်ဖွယ်ရှိတဲ့ iPhone 8 ဟာ မော်ဒယ်လ်သုံးမျိုးလောက်နဲ့ Line-Up ဆွဲလာမယ်လို့ သိရှိရနေချိန်မှာ Pixel 2 ကလည်း မော်ဒယ်လ်သုံးမျိုးနဲ့ ပွဲထွက်မယ်လို့ သတင်းတွေထွက်လာပါတယ်။ Apple နဲ့ Google ကြားမှာတော့ အားပြိုင်မှုတွေက တောက်လျှောက်မြင့်တက်နေပြီး iPhone 8 နဲ့ Pixel 2 တို့ရဲ့ အားပြိုင်မှုက အခရာ ပိုကျလာခဲ့ပါတယ်။
Google Pixel 2 ဖုန်းဟာ Apple ရဲ့ iPhone 8 တို့ရဲ့ အဓိကအားပြိုင်နိုင်ချေရှိလာနိုင်ချေတွေကိုတော့ အခုလိုပဲတွေ့ရပါတယ်။

Display

The Pixel and Pixel XL have wider 16:9 displays and large top and bottom bezels. Image credit: Gordon Kelly

Apple ကတော့ iPhone ရဲ့ မျိုးဆက်သစ်မှာ OLED မျက်နှာပြင်တွေကို ပွဲထုတ်လာမှာဖြစ်ပြီး Pixel ဖုန်းတွေကလည်း ရုပ်ထွက် အရည်အသွေးပိုင်းပိုမိုကောင်းမွန်လာမယ့် OLED မျက်နှာပြင်တွေနဲ့ ပွဲထွက်လာမှာပါ။ Google Pixel XL ဖုန်းဟာ ၅.၆ လက်မ မျက်နှာပြင်အကျယ်နဲ့ 2,560 x 1,312 pixels ကို ထောက်ပံ့ပေးနိုင်ပြီး ဒါဟာ iPhone 8 ရဲ့ မျက်နှာပြင်အရွယ်အစားထက် သေးငယ်တဲ့အနေအထားမှာ ရှိနေခဲ့တာပါ။ Samsung ကတော့ လောလောဆယ်မှာ S8 ဖုန်းရဲ့ အကောင်းဆုံး Display ရှိတဲ့ဖုန်းဆိုတဲ့ ဘွဲ့ကို ခံယူထားပြီး ထွက်ရှိလာမယ့် Note 8 ဖုန်းမှာလည်း ဒီ့ထက်ကောင်းမွန်တဲ့ QHD Display ကို အသုံးပြုသွားဖို့ ပြင်ဆင်နေတာပါ။ Pixel နဲ့ iPhone ကတော့  OLED မျက်နှာပြင်နဲ့ ဖုန်းတွေကိုပဲ ပွဲထုတ်အုံးမှာပါ။

စွမ်းဆောင်ရည်ပိုင်း

ပရော်ဆက်ဆာပိုင်းမှာတော့ iPhone က A11 ပရော်ဆက်ဆာနဲ့ ပွဲထွက်လာမှာဖြစ်ပြီး Google ကလည်း သူတို့ရဲ့ Pixel ဖုန်းတွေမှာ Snapdragon 835 ပရော်ဆက်ဆာကို 2.35 GHz နှုန်းနဲ့ အသုံးပြုထားပါတယ်။ Adreno 540 Graphics နဲ့ တွဲဖက်လိုက်တာက ဖုန်းရဲ့ မြန်ဆန်မှုကို သိသာစေမှာပါ။ RAM 4GB ကို အသုံးပြုလာဖွယ်ရှိတဲ့ Google ရဲ့ Pixel 2 ဖုန်းဟာ iPhone 8 လောက် ဈေးမကြီးဘဲနဲ့ စွမ်းဆောင်ရည်ပိုင်းကိုတော့ အေးအေးဆေးဆေး ပခုံးချင်းယှဉ်နိုင်မှာတော့ အမှန်ပါပဲ။

ဈေးနှုန်း


iPhone 8 ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀ အနည်းဆုံးရှိမှာဖြစ်ပြီး ဈေးနှုန်းက တစ်ခြားဖုန်းတွေထက်စာရင် ကြီးမြင့်နေတာ သိသာပါတယ်။ လောလောဆယ်မှာတော့ Google Pixel ဖုန်းဟာ ဒေါ်လာ ၆၅၀ ဝန်းကျင်ကျသင့်မယ်လို့ ခန့်မှန်းနေကြပြီး ၊ Pixel XL 2 ကတော့ ၇၆၉ ဒေါ်လာကျသင့်မယ်လို့ ပြောနေကြပါတယ်။


credit (akhayar)
Ref : Value Walk

Post a Comment

 
Top