0

ကားမှန်တံခါးတွေဟာ လမ်းတွေပေါ်က သတင်းနဲ့ ကြော်ငြာလုပ်ငန်းတွေအတွက် နောက်ထပ်ရင်းမြစ်တခု ဖြစ်လာတော့မှာပါ။ အစ္စရေးကုမ္ပဏီသစ်တခုက ဒေသန္တရ သတင်းလုပ်ငန်းအတွက် Smart Glass နည်းပညာကို တီထွင်ခဲ့ပါတယ်။
 
“ကားတံခါးတွေကို တံခါးသက်သက်တင်မက သတင်းအချက်အလက်တွေဖော်ပြရာ အရည်အသွေးမြင့် မှန်ပြင်တွေအဖြစ် ပထမဆုံးအကြိမ် အသုံးချနိုင်ခဲ့တာပါ။”

နည်းပညာကုမ္ပဏီ Gauzy က ကားတံခါးမှန်တွေကို liquid crystal အလွှာတွေ အုပ်ပေးလိုက်ပါတယ်။ ကားစက်နိုးလို့ သူတို့ကြားထဲ လျှပ်စီးဖြတ်နေသမျှ မှန်တွေက အလင်းဖောက်မြင်နေရမှာပါ။ ဒါပေမယ့် ကားစက်သတ်လိုက်ချိန်မှာ အလင်းပိတ်သွားပြီး တီဗွီဖန်မျက်နှာပြင်တခု ဖြစ်လာပါတယ်။ အဲဒီပေါ်မှာ HD ဗွီဒီယိုနဲ့ ပုံတွေကို ပြသနိုင်ပြီး အင်တာနက်ချိတ်ဆက်နိုင်မယ့် Controller တခုလည်း တွဲလျှက်ပါပါတယ်။
“ဒါက ဥပမာအားဖြင့် ကားရောက်ရှိရာ ပတ်ဝန်းကျင်က စိတ်ဝင်စားဖွယ်တွေကို  ဖြတ်သွားသူတွေ သိနိုင်အောင်နဲ့ ဒေသန္တရ သတင်းအချက်အလက်တွေကို ပြပေးပါတယ်။ ကားက သူရောက်ရှိရာအရပ် သိရှိပြီး လက်ရှိနေရာရဲ့ ဒေသဆိုင်ရာ အချက်အလက်တွေကို မျှဝေပေးပါတယ်။”
စိတ်ပူစရာမလိုတာက ကားရဲ့ဘေးဘက်နဲ့ နောက်ဘက်တံခါးမှန်တွေမှာပဲ ဒါကိုတပ်ဆင်မှာဖြစ်ပြီး ကားစက်ရပ်ချိန်ကစပြီး အလုပ်လုပ်မှာပါ။ Gauzy က ဂျာမန်ကားကုမ္ပဏီ Daimler နဲ့ ပူးပေါင်းပြီးသူ့ရဲ့ smart screen ကို ထုတ်လုပ်နေပါတယ်။ ကားတွေကို ပို့ဆောင်ရေးယာဉ်သက်သက်ထက် ပိုပြီး အသုံးကျလာစေဖို့ မျှော်မှန်းထားပါတယ်။

Post a Comment

 
Top