0

အောက်ခြေကနေ ဘ၀စခဲ့ရတဲ့ (၂၇)နှစ်အရွယ် အဆိုတော် The Weeknd ဟာ ငွေကြေးပြဿနာများစွာကို ကြုံတွေ့ ရင်ဆိုင်ခဲ့ရပြီး အိမ်ခြေမဲ့ဘ၀နဲ့ ရုန်းကန်လှုပ်ရှားပြီးချိန်မှာတော့ ကမ္ဘာ့အချမ်းသာဆုံးလူများကို စောင့်ကြည့်မှတ်တမ်းတင် နေတဲ့ Forbes မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပါလာတဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပြီ ဖြစ်ပါတယ်
The Weeknd ရဲ့အိမ်အသစ်

“အိမ်ခြေရာမဲ့ဘ၀မှ Forbes listဆီသို့”ဆိုတဲ့ caption နဲ့ သူ့ရဲ့ခပ်မိုက်မိုက် စိုက်ကြည့်နေတဲ့ဓာတ်ပုံကို instagram မှာ တင်လိုက်တာ ဖြစ်ပါတယ်။ အခက်အခဲများစွာနဲ့ ရုန်းကန် ကြိုးစားလာပြီးချိန်မှာတော့ အရှိန်အ၀ါ ကြီးမားလှတဲ့ မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးရှင် ဖြစ်လာရတဲ့အထိ ပေါ့ပ်ဂီတရပ်ဝန်းမှာ အောင်မြင်လာတဲ့ The Weeknd ဟာ Forbes မဂ္ဂဇင်းက ပြုစုထားတဲ့ လက်ရှိစစ်တမ်းအရ အနုပညာကြေး အမြင့်ဆုံး ဆယ်ယောက်စာရင်းမှာ ပါဝင်လာတဲ့ ပထမဆုံး ကနေဒီယန်အဆိုတော် ဖြစ်လာပါတယ်။ Drake နဲ့ Beyonce`တို့နဲ့အတူတူ အဆိုပါ စာရင်းမှာ ပါဝင်လာတဲ့ The Weeknd ဟာ music streaming website တွေပေါ်က 3.2 billion ရှိတဲ့ သီချင်းထုတ်လွှင့်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၉၃သန်းခန့် ကြွယ်ဝချမ်းသာနေပြီ ဖြစ်ပါတယ်။
အိမ်အသစ်ရဲ့ နားနေဆောင်

အိမ်အတွင်းပိုင်း

အီသီယိုးပီးယားမှာ မွေးဖွားပြီး ကနေဒါနိုင်ငံကို ပြောင်းရွှေ့လာခဲ့တဲ့ ပေါ့ပ်စတားဟာ ခက်ခဲဆင်းရဲစွာ ကြီးပြင်းခဲ့ရပြီး ဆယ်ကျော်သက်ရွယ်ဘ၀ဟာလည်း ကြမ်းတမ်းခက်ထန်ခဲ့ပါတယ်။ သူကျောင်းထွက်ခဲ့ရတဲ့အကြောင်းနဲ့ သူ့အမေနဲ့ စကားများ စိတ်ဆိုးတဲ့အခါ တွေ့ရာကြုံရာ အိမ်တွေမှာ ခိုကပ်ပြီးလိုက်နေခဲ့ရတယ်လို့  2015 ခုနှစ် Rolling Stones မဂ္ဂဇင်းကြီးနဲ့ အင်တာဗျူးစဉ်အခါက ပြောကြားခဲ့ပါတယ်။ ယခုဆိုရင်တော့ ပေါ့ပ်အဆိုကျော်ဟာ သူ့ရှေ့မှာရှိနေတဲ့ အတားဆီးတွေကို ကျော်ဖြတ်ပြီး ထူးခြားဆန်းကြယ်တဲ့ ဘ၀လမ်းခရီးကို အောင်မြင်စွာ လျှောက်လှမ်းနေနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အချစ်ရေးမှာလည်း နာမည်ကျော် ပေါ့ပ်အဆိုတော် Selena Gomez နဲ့ လူသိရှင်ကြား တွဲခုတ်နေ နိုင်တဲ့အတွက် The Weeknd ဟာ သူ့ဘ၀ရဲ့ အဓိပ္ပာယ်တွေကို စိတ်တိုင်းကျ ပုံဖော် ရုပ်လုံးသွင်းနိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Post a Comment

 
Top