0



    တန်ချိန် ၁၆၆၈၀၀ရှိ နော်ဝေးအပျော် စီးသင်္ဘောထုတ်လုပ်သူ Norwegian Cruise Line ရဲ့ ပြိုင်ကားကွင်းပါရှိတဲ့ ပထမဆုံး ဧရာမအပျော်စီးသင်္ဘော Norwegian Joy ကို တရုတ်နိုင်ငံအတွက် ပထမဆုံးအကြိမ် ထုတ်လုပ်ပေးခဲ့တာဖြစ် ပြီး တရုတ်နိုင်ငံကို ထွက်ခွာသွားခဲ့ပြီလို့ သိရပါတယ်။ ဂျာမနီနိုင်ငံ၊ ပါပန်ဘာ့မြို့ သင်္ဘောကျင်းကနေ တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး စင်ကာပူနိုင်ငံမှာ ကြားရပ်နားခဲ့တယ်လို့သိရပါတယ်။ ဟောင်ကောင် နဲ့ ရှန်ဟိုင်းမြို့တွေကိုလည်း ယာယီဝင် ရောက်ဆိုက်ကပ်ပြီး မူလပင်မဆိပ်ကမ်း အဖြစ် တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့သို့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ Norwegian Joyသင်္ဘောကြီးမှာ သုံးည ကနေ ခြောက်ညတာ ခရီးစဉ်တွေအတွက် တစ်ဦးကို ဒေါ် ၄၉၉ဒေါ်လာကနေ စတင် ပြီး ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ထားတယ် လို့သိရပါတယ်။ ဇွန်လ ၁၆ရက်ကနေ ၂၈ရက်နေ့ထိ ထျန်းကျင်းမှ ရှန်ဟိုင်းခရီး စဉ်အတွက် လိုက်ပါသူဦးရေ ကြိုတင် စာရင်းပေးမှု စာရင်းပြည့်သွားခဲ့ပြီလို့ အရောင်းဌာနသတင်းတွေအရသိရပါ တယ်။ အရှည် ၁၀၉၄ပေနဲ့ အကျယ် ၁၃၆ ပေရှိတဲ့ ဒီဧရာမသင်္ဘောကြီးရဲ့ ကုန်းပတ် ပေါ်မှာ ပြိုင်ကားတွေစီးနင်းယှဉ်ပြိုင်နိုင် မယ့် ပြိုင်ကားကွင်းငယ်အပြင် ရေကူးကန် လည်းပါရှိတယ်လို့သိရပါတယ်။ အမျိုးမျိုး သော ပျော်ရွှင်ဖွယ်ရာအစီအစဉ်တွေနဲ့ အပျော်စီးသင်္ဘောခရီးစဉ်တွေအတွက် ဖန်တီးပေးထားတဲ့ သင်္ဘောကြီးဖြစ်တယ် လို့သိရပါတယ်။ အထပ် ၂၀ ပါတဲ့ ဒီသ င်္ဘောကြီးကို ဒေါ်လာ သန်း၉၀၀အကုန် အကျခံ တည်ဆောက်ထားခဲ့တာလို့သိရပါတယ်။

    (Mirror, 5.6.17)

Post a Comment

 
Top