0


 
  သိပ္ပံပညာရှင် များသည် ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ အနက်ရှိုင်းဆုံး ရေအောက်တွင် နေထိုင်ကျက်စား နေသည့် Aphyonidae မျိုးစိတ် ငါးသရဲကို အသက်ရှင်လျက် 2016 ခုနှစ်က ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
 
အရှည် ၄ လက်မရှိပြီး ငါးရှဥ့်နှင့် တူသည့် အဆိုပါ ငါးသရဲသည် အံ့သြဖွယ် အဖြူရောင် အရေပြားနှင့် ဖားလောင်းကဲ့သို့ အမြီးရှိကြောင်း၊ ၄င်းငါးသရဲကို ပစိဖိတ် သမုဒ္ဒရာ အတွင်း ပင်လယ် ရေအောက် ၈၂ဝဝ ပေ အနက်တွင် တွေ့ရှိပြီး နောက်ဓာတ်ပုံရိုက်ယူ နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိပ္ပံ ပညာရှင် များက ပြောကြားသည်။

Aphyonidae မျိုးစိတ်ဝင် ငါးသရဲကို ယခုကဲ့သို့ အသက်ရှင်လျက် ရှာဖွေတွေ့ရှိခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်းနှင့် ယင်းငါးမျိုးကို အရှင်တွေ့ရှိရန် ခဲယဉ်းသောကြောင့် တစ်မူထူးခြားသော တွေ့ရှိချက် တစ်ခုပင် ဖြစ်ကြောင်း NOAA မှ ငါးလုပ်ငန်းဆိုင်ရာ ဇီဝဗေဒ ပညာရှင် တစ်ဦးဖြစ်သည့် ဘရု့စ်မန်ဒီ က ပြောကြားသည်။
 
ထို့ပြင် ၄င်း တွေ့ရှိချက်သည် ယင်းငါးများက မည်သည့် ရေအတိမ်အနက် တွင်မဆိုသို့မဟုတ် သမုဒ္ဒရာ၏ အောက်ခြေပိုင်း တွင်သာ နေထိုင် ကျက်စားခြင်း ရှိမရှိနှင့် ပတ်သက်၍ လေ့လာမှုများ လုပ်ဆောင်ရာတွင် သိပ္ပံပညာရှင် များအား အထောက်အကူ ပေးနိုင်မည် ဖြစ်ကြောင်း မန်ဒီ က ဆက်လက် ပြောကြားသည်။
အဆိုပါငါး၏ အရေပြားတွင် အကြေးခွံများ မရှိဘဲ ကျောက်ကျော ကဲ့သို့ ပြောင်ချော၍အကြည်ရောင် ရှိကြောင်း NOAA က ထုတ်ပြန်ချက် တစ်စောင်တွင် ပြောကြားသည်။

ယင်းငါးသရဲကို Marianas Trench Marine National Monument and the Northern Mariana Islands အဖွဲ့တို့၏ သုတေသန လုပ်ဆောင်မှု တစ်ခုအတွင်းရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Post a Comment

 
Top