0

ကမ္ဘာပေါ်မှာ အခြောက်သွေ့ဆုံး လွင်တီးခေါင်ရဲ့ အလယ်မှာ ရောက်ရှိနေတာက အရွက်အခက်တွေနဲ့ စိမ်းစိုနေသော အုန်းပင်၊ ထန်းပင်တွေနဲ့ အနာရောဂါ ပျောက်စေနိုင်သောတန်ခိုး ရှိတယ်လို့ ဆိုကြတဲ့ ကမ်းစပ်ထုံးအိုင်ပဲ ဖြစ်ပါတယ်။ ထူးကဲ အံ့သြဖွယ်ကောင်းတဲ့ ယင်းမြို့ဟာ Huacachina လို့ အမည်ရပါတယ်။

သဘာဝမဆန်ဘဲ စိတ်ကူယဉ်မြို့လေး တစ်မြို့ဖြစ်ပါတယ်။ အဲဒီနေရာမှာ အခြေချနေထိုင်တဲ့ လူဦးရေ ၉၆ ယောက်ရှိပြီး အသေးစား စီးပွားရေး လုပ်ငန်းတွေနဲ့ လည်ပတ်လုပ်ကိုင်နေကြပါတယ်။ နိဗ္ဗာန်သုခဘုံကဲ့သို့ လှပတင့်တယ်တဲ့ Huacachina ဟာ စပိန်ကိုလိုနီမြို့ဟောင်းလေး တစ်ခုဖြစ်တဲ့ တောင်ပိုင်း Ica မြို့မှ ၄ ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။ မေရိကန်နိုင်ငံရဲ့ National Institute of Culture မှ ယင်းနေရာဒေသကို အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်နေရာ တစ်ခုအဖြစ် သတ်မှတ်ထားပြီး သဲကန္တရထဲ ဘယ်တော့မှ ပျောက်ကွယ် မသွားတော့မယ့် စိတ်ကူးယဉ် အိပ်မက်ဆန်တဲ့ အိုအေစစ်ဖြစ်ဖို့လည်း မျှော်လင့်ထားပါတယ်။
 
 Ref: Dailymail

Post a Comment

 
Top