0

💑 လင်မယား စုံတွဲတစ်တွဲပါလာတဲ့
သင်္ဘောတစ်စင်းဟာ နစ်မြှုပ်သွားတယ်…
အချိန်တော်တော်လေး ကြာမှ အသက်ကယ်လှေ တစ်စင်းရောက်လာတယ်.......

⛵ အသက်ကယ်လှေပေါ်မှာ နေရာလွတ် ဆိုလို့
တစ်နေရာဘဲ ကျန်တော့တယ်…
အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို
သူ့အနောက်ကို ဆွဲချလိုက်ပြီး သူကိုယ်တိုင်
အသက်ကယ်လှေပေါ် ခုံတက်လိုက်တယ်.....

အဲဒအချိန်မှီာ အမျိုးသမီးက .....တဖြည်းဖြည်းချင်း နစ်မြှုပ်နေတဲ့ သင်္ဘောပေါ်မှာရပ်ပြီး သူ့ယောက်ျားကို စကားတစ်ခွန်း အော်ပြောလိုက်ပာတယ်......... ။

ဆရာမက ဒီနေရာအထိပြောပြီးတော့  ကျောင်းသားတွေကို မေးလိုက်တယ်......

“ မင်းတို့ ခန့်မှန်းကြည့်ကြပါ ........
အမျိုးသမီးက သူ့ယောကျာ်ကို ဘာအော်ပြောလိုက်သလဲ ..... ? ”

ကျောင်းသားတွေကတော့
အလုအယက်ဘဲ ဒေါနဲ့ မောနဲ့ အော်ဖြေကြတယ်…
“ ငါ နင့်ကိုမုန်းတယ် … ငါ့ကို ပြစ်ထားရက်တယ်… ”

အဲဒီအချိန်မှာ
ဆရာမဖြစ်သူဟာ ကျောင်းသူလေးတစ်ယောက်က
ဘာမှမပြောဘဲ နေတာကို သတိထားမိတော့
ဆရာမက သူ့ကိုမေးလိုက်တယ်…

သမီးကရော အမျိုးသမီးက သူ့ယောကျာ်းကို ဘာပြောမယ်လို့ ထင်သလဲ...... ?

အဲဒီကျောင်းသူလေးက ပြန်ဖြေတယ်…
“ ဆရာမ… သမီး ထင်တယ်…
အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက …
ငါတို့ရဲ့ ကလေးကို ကောင်းကောင်း ဂရုစိုက်ပေးပါ လို့ ”
ပြောလိမ့်မယ် ထင်ပါတယ် ဆရာမ.......

ဆရာမက အံ့သြသွားတယ်.....
သူ့ကို ပြန်မေးလိုက်တယ်........
“ သမီး အဲဒီ ပုံပြင်လေးကို နားထောင်ဖူးလို့လာ... ? ”

ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်…
“ဟင့်အင်း... နားမထောင်ဘူးပါဘူး....
ဒါပေမဲ့ သမီး မေမေနေမကောင်းဖြစ်ပြီး ဆုံးခါနီးမှာ အဲဒီစကားဟာ သမီးဖေဖေကို မေမေက ပြောခဲ့ဘူးတဲ့စကားပါလို့ …” ဖြေသတဲ့

ဆရာမက ပြန်ပြောလိုက်တယ် ….
“ အဖြေက မှန်ပါတယ်ကွယ် …”

သင်္ဘောဟာလဲ နစ်မြှုပ်သွားပါတယ်…
ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီး သမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစု
စောင့်ရှောက်ပေးခဲ့တယ်…

နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်
အဲဒီယောက်ျားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့
သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှ....
သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်…

အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်…
ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာ
မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ…

အရေးပေါ်အချိန်မှာဖေဖေဟာ အသက်ရှင်ဖို့ တစ်မျှင်သာရှိတဲ့ လွတ်နေတဲ့နေရာကို အရောက်သွားခဲ့တယ်......

သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက
“ ငါ မင်းနဲ့အတူတူ ဒီပင်လယ်အောက်ကို
နစ်မြှုပ်သွားလိုက်ချင်ပါတယ်…
ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး…
သမီးလေးအတွက်ကြောင့် နင်မဟုတ်ရင် ငါ တစ်ယောက်ယောက်တော့ လောကကြီးထဲမှာ ကျန်နေခဲ့မှ ဖြစ်မယ်လေ ။
ငါကျန်နေခဲ့ပြီး နင်ကိုလွတ်စေဘိုကြပြန်တော့လဲ နင်က မကြာခင်ဘဲရောဂါဆိုးကြောင့်လောကကြီးကို စွန့်ခွာရတော့မှာ......
ငါ စိတ်မကောင်းခြင်း များစွာနဲ့ နင်တစ်ယောက်တည်းကိုဘဲ
ဒီပင်လယ်ရေနက်အောက်မှာ ထားခဲ့လိုက်ရတာပါ…”

ပုံပြင်က ပြောလို့ပြီးသွားပါပြီ…
အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်.....
ဆရာမကသိတယ်…
သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကို
နားလည်လိမ့်မယ်လို့…

ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ…
တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်…
ပိုင်းခြားရမှာ ခက်ခဲလှပါတယ်…
ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီး
အလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး…

🛅 ပိုက်ဆံရှင်းချိန်မှာ
ပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…
သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ဘူး…
သူက ဒီသူငယ်ချင်း သံယောဇဉ်ကို ငွေကြေးထက်ပိုပြီး အလေးထားလို့ပါ…🛅

🛃 အလုပ်လုပ်ချိန်မှာ
အသိစိတ်နဲ့ ပိုပြီးကြိုးစားလုပ်တဲ့သူဟာ သူ အ နေလို့ မဟုတ်ပာဘူး… သူက တာဝန်သိတတ်လို့ပါ…🛃

👌 ရန်ဖြစ်တဲ့အချိန်မှာ အရင်ဆုံး တောင်းပန်တဲ့သူဟာ
သူမှားနေလို့မဟုတ်ဘူး…ကိုယ့်ဘေးက လူကို
သူ တန်ဖိုးထားရမှန်း သိနေလို့ပါ…👌

👥 မင်းကိုအမြဲကူညီနေတဲ့သူဟာ မင်းဆီကနေ တစ်ခုခုပြန်ရဖို့ တောင့်တနေတာမဟုတ်ဘူး…
မင်းကို သူငယ်ချင်း အစစ်တစ်ယောက်အနေနဲ့
တန်ဖိုးထားလို့ပါ…👥

💝 မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့သူဟာ
သူအားယားနေလို့မဟုတ်ပါဘူး…
ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…💝

မျှဝေပေးတာလဲမေတ္တာတစ်ခုပါ ။
Credit-Dr Shwe Tun
⛳🌴💝 😃 K.T

Post a Comment

 
Top