0

မလေးမှ မြန်မာအချင်းချင်း
ဓားခုတ်မှု နောက်ဆက်တွဲ အသေးစိတ်
*********************************
2-6-2017  ယနေ့ နေ့လည်  1:00 နာရီတွင် လူနာအားထပ်မံတွေ့ဆုံ၍ အားပေးစကားများ
ပြောကြားပြီး ဖြစ်စဉ်အား ထပ်မံမေးမြန်းကြည့်ရာ ဓားခုတ်ခံရသူ တိုးတိုးမှ ကျွန်တော်နဲ့သူ ဘာရန်ညိုးရန်စမှ မရှိပါဘူး (တိုးတိုးပြောစကား) ခုအချိန်အထိ ကျွန်တော်ကိုကျွန်တော် အံ့သြ
နေတယ် သူဘာကြောင့် ငါကိုဒီလိုခုတ်တာလဲဆိုတာစဉ်းစားလို့မရဖူး  ဆိုင်မှာလဲ ဘာပြဿ     နာမှမရှိဖူး
သူ(ရွှေဟန်)ဖျားနာပြီးနေထိုင်မကောင်းဖြစ်တာ တခြားသူငယ်ချင်းတွေတောင် မပြု စုဖူး
ကျွန်တော်ဘဲပြု စုခဲ့တာဟု ဝမ်းနဲစွာဖြင့်ပြောပြပါသည်

တခုတော့ရှိတယ်အစ်ကို ကျွန်တော်အိမ်တွင်းရေးပါ ပြီးခဲ့တဲ့နှစ် ရွှေဟန် မြန်မာပြည်ပြန်တော့
ကျွန်တော်အိမ်ကို ပစ္စည်းတွေဝယ်ထည့်ပေးလိုက်တယ် ရွှေဟန်က မုံရွာမှာနေပေမဲ့ သွားပေး ပေးမယ်ဆိုလို့ ထည့်ပေးလိုက်တာပါ ရွှေဟန်မပြန်ခင်ကတည်းက ကျွန်တော်မိဖ မိန်းမနဲ့လည်း ဖုန်းနဲ့ခဏခဏစကားပြောဖူတယ် ရင်းနှီးပါတယ်
သူမြန်မာပြည်ပြန်တော့ မုံရွာမှာ တပတ်လောက်ဘဲနေပြီး ကျွန်တော်တို့ရွာမှာသုံးပတ်လောက်နေခဲ့တယ် ရွှေဟန် မလေးပြန်ရောက်ပြီးကတည်းက ကျွန်တော်မိန်းမနဲ့ ဖုန်းအမြဲအဆက်အသွယ်ရှိနေတယ်ဆိုတာ ကျွန်တော်သိနေတယ် အဲ့ဒီနောက်ပိုင်း ကျွန်တော်နဲ့ကျွန်တော်မိန်းမ အဆင်မပြေတွေဖြစ်တယ် ကွဲမယ်ကွာမယ်အထိပေါ့ ဒါနဲ့ ပြီးခဲ့တဲ့၂လပိုင်းက ကျွန်တော်မြန်မာပြည်ခဏအလည်ပြန်တယ်  မိဖတွေတားပြစ်တာနဲ့မကွာရှင်းခဲ့ပါဖူး မိဖတွေကမလေးကိုကျွန်တော်ကို  ပြန်မလွှတ်ချင်ဖူး ဒါပေမဲ့ ကျွန်တော့မိန်းမက သူ့မှာ အကျွေးခုနစ်သိန်းလောက်တင်နေတယ် နင်ရှာရင်ရှာပေး မရှာပေးရင် ထိုင်းအလုပ်သွားလုပ်မယ်ဆိုလို့ ကျွန်တော်မိဖတွေနဲ့ အတိုက်အခံလုပ်ပြီးပြန်ထွက်လာတာ ဒီပြဿ     နာတော့ရှိပါတယ်

ကျွန်တော်လည်း တိုးတိုးမိဖတွေဖုန်းနံပါတ်တောင်းပြီး ငါဆက်သွယ်ကြည့်အုန်းမယ်ပြော၍ အားပေးစအကားများပြောကြားပြီးပြန်ခဲ့တယ်
အိမ်ပြန်ရောက်တော့ တိုးတိုးမိဖတွေထံဆက်သွယ်ပြီး လူနာအခြေအနေပြောပြပြီး ကျွန်တော်သိချင်တာလေးမေးချင်လို့ပါ ဆိုတော့ ဟုတ်ကဲ့ရပါတယ်ဆိုပြီး ဖခင်လုပ်သူမှဖြေပါတယ်
ဒါနဲ့ ကျွန်တော်က အစ်ကိုတို့သားမှာ အိမ်ထောင်ရှိတယ်လို့သိရတယ် အခြေအနေလေးများပြောပြနိုင်မလားဆိုတော့ ဟုတ်ကဲ့ပါဆိုပြီး မိခင်လုပ်သူမှ ဖုန်းယူပြီးပြောပါတယ် ကျွန်မ တိုးတိုးအမေပါ သိချင်တာကို ကျမဖြေပေးပါ့မယ်ဆိုပြီး ပြောပါတော့တယ်  ၂လပိုင်းက တိုးတိုး ဒီပြန်လာတော့ ရွှေဟန် ကျမကိုဖုန်းဆက်တယ် တိုးတိုးနဲ့သူ့မိန်းမ ကွာဖြစ်လားမေးတော့ ကျမက ငါတိျု့ဖြာင်းဖျလိုက်တယ်မကွာဖြစ်တော့ဖူးဆိုတော့ ရွှေဟန်က  တိုးတိုးမိန်းမနဲ့ သူစကားပြောချင်တယ် တိုးတိုး မိန်းမပါးစပ် ကွာမယ် မကွာဖူး ဆိုတဲ့စကား ကျွန်တော်ကြားခြင်တယ် ဆိုလို့ တိုးတိုးမိန်းမနဲ့ ဖုန်းပေးပြောလိုက်ရကြောင်း သူတို့အနေအထားကိုကြည့်ရတာ မူမမှန်ဆိုတာသိလို့ သားကို မလေးကိုမပြန်ဖို့ကျမ ငိုပြီးတားခဲ့ပါတယ်တဲ့ ခုတော့ ကျမစကားသူနားမထောင်လို့ အခုလိုဖြစ်ရတာဟု ငို၍ပြောရင်း တတ်နိုင်သမျှ ကျမသားကို အကူအညီပေးဖို့ ပြောဆိုပါတော့တယ်

ကျွန်တော်ရေးသားသော စကားများ ဟုတ်တယ်မဟုတ်ဖူး ဆိုတာသိချင်ရင်တော့
မိဖများဖြစ်တဲ့ ကိုအောင်လွင်+မအုန်းမြ (00959259804643)ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်

လူနာအခြေအနေကတော့ အောက်မှာမြင်တွေ့ရတဲ့အခြေအနေအတိုင်းပါ

ရှေ့တပတ်ထဲ လက်မောင်းဆုံကို SP ဆေးရုံကြီးတွင် အောပရေးရှင်းလုပ်ရမည်ဟု သိရှိရပါသည် တိုးတိုး၏သူငယ်ချင်းများမှ တိုးတိုးတွင် ငွေရေးကြေးရေး အခက်အခဲရှိနေသဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံထားပါသည်
 သနားညှာတာသောအားဖြင့်တတ်အားသမျှ ထောက်ပံ့ကြပါရန် ကျွန်တော်မှလည်းနိုးဆော်ပါသည်။

Credit##ကိုဗိုလ်ဗိုလ်

Post a Comment

 
Top