0
 
ထိပ်ဆုံး ငါးဦးစာရင်းဝင် နာမည်ကြီး မင်းသားအချို့ ၏ ပုံစံတူ ဆီလီကွန်Doll များကို မြန်မာအမျိုးသမီးများ ၀ယ်ယူနေ
ဆီလီကွန် Doll များ ၀ယ်ယူသည့်ဈေးကွက်တွင် ပြည်တွင်းပြည်ပ သရုပ်ဆောင် မော်ဒယ်မင်းသမီးများ၏ ပုံစံတူများကို အမျိုးသားများက မှာယူမှုအပြင် လက်ရှိမြန်မာ့ထိပ်တန်း ငါးဦး စာရင်းဝင်မင်းသားအချို့ ၏ ပုံစံတူ ဆီလီကွန်  Doll ကိုပါ မြန်မာအမျိုးသမီးများက ၀ယ်ယူနေကြကြောင်း Myanmar Doll Lover မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဈေးကွက်အတွင်း၌ မှာယူရောင်းချပေးနေရမှုများအရ ဆီလီကွန်အရုပ်များဝယ်ယူသူ လူဦးရေ(၁၀၀)လျှင် အမျိုးသား ၈၀ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး ၂၀ ရာခိုင်နှုန်း ရှိနေကြောင်း ၄င်းက
ပြောသည်။ “ အမျိုးသားတင် မဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း ၀ယ်နေတာတော့ ကြာပါပြီ။ အဓိက ကတော့ ရန်ကုန်၊ မန္တလေးနှစ်မြို့က ၀ယ်တာပါ။ ဘယ်လိုအမျိုးသမီးတွေ အများဆုံးဝယ်လဲဆိုတော့ အိမ်ထောင်နဲ့ကွဲကွာနေတဲ့ အမျိုးသမီးတွေ၊ အိမ်ထောင်ရေး အဆင်မပြေတဲ့ အမျိုးသမီးတွေ အများဆုံးဝယ်ပါတယ်။ ၀ယ်တဲ့နေရာမှာ ပြည်တွင်းက မင်းသားပုံစံ အရုပ်တွေ ၀ယ်သလို နိုင်ငံခြားမင်းသားပုံစံ အရုပ်တွေလဲ ၀ယ်ပါတယ်။ အများဆုံးဝယ်တာကတော့ ကိုရီးယားမင်းသားပုံစံ အရုပ်တွေ ၀ယ်ပါတယ် " ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
အမျိုးသမီးများ ၀ယ်ယူသော ဆီလီကွန်အရုပ်များမှာ အမျိုးသားများဝယ်ယူသော အရုပ်များထက် ဈေးနှုန်းကြီးမြင့်မှု မရှိဘဲ ကျပ်(၁၀)သိန်းဝန်းကျင် အရုပ်များကို မှာယူလေ့ရှိကြောင်း၊
ယခင်က အရုပ်ဝယ်ယူလျှင် ရန်ကုန်မြို့အတွင်း အိမ်ထိအရောက်ပို့ပေးသော်လည်း နောက်ပိုင်းတွင် အမျိုးသမီးများ အရုပ်ဝယ်ယူပါက ရန်ကုန်မှ အရုပ်ဝယ်လျှင်မန္တလေးမှ အရုပ်ပို့ပေးပြီး
မန္တလေးမှ အရုပ်ဝယ်လျှင် ရန်ကုန်မှ အရုပ်ပို့ပေး၍ အရောင်းအ၀ယ် ပြုလုပ်ပေးကြောင်း သိရသည်။ ဈေးကွက်အနေအထားအရ မြန်မာမှ ထိပ်တန်း ငါးဦးစာရင်းဝင် နာမည်ကြီး မင်းသားတစ်ဦးမှာ ရောင်းအားအကောင်းဆုံး Doll ဖြစ်နေပြီး သက်ဆိုင်သူနှစ်ဦးနှစ်ဖက်လုံး၏ ဂုဏ်သိက္ခာအရ ပြင်ပသို့ ပေးမသိစေလိုကြောင်းလည်း သိရသည်။ အမျိုးသမီးတစ်ဦးအနေဖြင့်လည်း ၄င်းတို့ နှစ်သက် သဘောကျသော သရုပ်ဆောင်မင်းသား၏ ပုံစံတူဆီလီကွန်အရုပ်ကို အနီးဆုံးနေရာတွင် ထားရှိလိုသောကြောင့်သာ ၀ယ်ယူခြင်းဖြစ်ဟန်ရှိပြီး နိုင်ငံတကာတွင်လည်း ယင်းကဲ့သို့ ဝယ်ယူ သိမ်းထားတတ်သည့် အနုပညာရူးသွပ်မှုများ ရှိနေကြောင်း ကြားသိရသည်။

Akonthi Media

Post a Comment

 
Top