0
အခုဖော်ပြမဲ့ ကမ္ဘာတစ်ဝှမ်းက ရင်သက်ရှုမောဖွယ်ရာ ခမ်းနားလှတဲ့နေရာတွေရောက်ရင် အရမ်းလှပလွန်းတဲ့ အတွက် သင့်အနေနဲ့ ငြိမ်ငြိမ်လေးထိုင်ပြီး ငေးနေမိမှာ အမှန်ပဲ။ဒါကြောင့် ဒီလောက်လှပတဲ့ နေရာတွေကို သွားဖြစ်အောင်သွားနိုင်ကြရန်အတွက် ကမ္ဘာတစ်ဝှမ်းက ရင်သပ်ရှုမောဖွယ်ရာ ခမ်းနားလှတဲ့ နေရာတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ဥရောပတိုက် ဩစတီးယားနိုင်ငံ ဒတ်ခ်ျစတိန် ရေခဲတောင်ကို ကြည့်ရတဲ့ မြင်ကွင်း။
ဥရောပတိုက် ဩစတီးယားနိုင်ငံ ဒတ်ခ်ျစတိန် ရေခဲတောင်အထက်မှာ တည်ဆောက်ထားတဲ့ တံတားဟာ ကမ္ဘာ့အမြင့်ဆုံး တံတားတွေထဲ ကတစ်ခုဖြစ်ပါတယ်။သင်ဟာ အမြင့်ကြောက်တတ်တဲ့ လူတစ်ယောက်ဆိုရင်တောင် ဒီတံတားပေါ်က မြင်ရတဲ့ ရှုခင်းဟာ အရမ်းလှပလွန်းတဲ့အတွက် သွားကြည့်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
၂။ နာမဗ် သဲကန္တာရ နဲ့ အတ္တလန္တိတ် သမုဒ္ဒရာ ဆုံတဲ့ မြင်ကွင်း။
တောင်အာဖရိကနိုင်ငံ နာမဗ် ပင်လယ်ကမ်းခြေ သဲကန္တာရ ဟာ ကမ္ဘာမှာ အလှဆုံး သဲပုံလေးများကို မြင်တွေ့နိုင်တဲ့ သဲကန္တာရ တစ်ခုဖြစ်ပါတယ်။ဒါ့အပြင် အတ္တလန္တိတ် သမုဒ္ဒရာနဲ့ သဲတောင်များ ဆုံနေတဲ့ မြင်ကွင်းကလည်း ဆွဲဆောင်မှုရှိတဲ့ မြင်ကွင်းတစ်ခုတစ်ခုကို ဖြစ်ပေါ်စေပါတယ်။
၃။ စကော့တလန်နိုင်ငံမှ စကီဗ် ကျွန်း (Skye)
စကော့တလန်နိုင်ငံ အနောက်မြောက်ပိုင်းမှ  စကီဗ် ကျွန်း ဟာ ကြမ်းတမ်းပြီး အရိုင်းဆန်တဲ့ မြေမျက်နှာပြင် အနေအထားနဲ့ လူသူတိတ်ဆိတ်မှု ကြောင့် အလွန်လှပတဲ့ နေရာတစ်ခုဖြစ်ပြီး လှပတဲ့ တောင်တန်းများ၊ရှေးဟောင်း ရဲတိုက်များနဲ့ ကြည်လင်တဲ့ အပြာရောင်ရေကန်များက သင့်ကို တစ်နေကုန်ထိုင်ပြီး ငေးကြည့်ချင်စိတ်ကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

၎။ ဩစေတ်းလ် နိုင်ငံ တပည့်တော် ၁၂ ပါး ထုံးကျောက်ကမ်းခြေ။
ဩစတျေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် သမုဒ္ဒရာကြီးလမ်းရှိ ကမ့်ဘဲလ် အမျိုးသားပန်းခြံတွင်တည်ရှိတဲ့ ပည့်တော် ၁၂ ပါး ထုံးကျောက်ဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မြေမျက်နှာသွင်ပြင်အနေအထားနဲ့ သမုဒ္ဒရာရဲ့ တိုက်စားမှုကြောင့် ဖြစ်ပေါ်နေတာ ဖြစ်ပြီး ဒီကျောက်တုံးများကြောင့် ကမ္ဘာလှည့် ခရီးသည်များစွာ လာရောက်ကြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
၅။ ပုဂံ၊မြန်မာ
brightside website ကဖော်ပြထားတဲ့  ကမ္ဘာ့အလှဆုံး ရှုခင်းနေရာ ၁၀ မျိုးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပုဂံဒေသလည်း ပါဝင်လာခဲ့ပြီး သူတို့ရဲ့အဆိုအရတော့ များပြားလှတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ စေတီတွေပေါများလှတဲ့ ရှေးဟောင်းမြို့တော်ပုဂံကိုလိုမျိုး မြေမျက်နှာရှုခင်းဟာ ကမ္ဘာ့ဘယ်နေရာမှာ မရှိဘူး လို့ဆိုထားပါတယ်။
၆။ ဗစ်တိုးရီးယားတောင်ထိပ် ၊ ဟောင်ကောင်
ဗစ်တိုးရီးယား တောင်ထိပ်ဟာ ဟောင်ကောင်ကျွန်းရှိ ပေ ၁၈၁၈ ပေမြင့်မားတဲ့ တောင်တစ်လုံးဖြစ်ပြီး ညဘက်မှဆိုရင် ဟောင်ကောင်မြို့ရဲ့ အံ့မခန်းအလှကို ဖော်ပြနိုင်တဲ့ နေရာဖြစ်တဲ့အတွက် မြို့ပြ ရှုခင်းတွေထဲမှာ ဒီထက်လှတဲ့ နေရာတော့ မရှိတော့ပါဘူး။

၇။ လမင်းတံတား ၊ထိုင်ဝမ်
ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့ရှိ ဒါဟူးပန်းခြံ လမင်းတံတားဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခု ဖြစ်ပြီး လထွက်ချိန်တွေမှာဆို လရဲ့ အရောင်ကို အလင်းပြန်တဲ့ ရေပြင်ကျယ်ကြောင့် ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတစ်ခုပဲဖြစ်ပါတယ်။
၈။ အဖြူရောင် ကျောက်ထရံ ကမ်းခြေ၊အင်္ဂလန် (The white cliffs of Dover, England)
အင်္ဂလန်နိုင်ငံ အရှေ့တောင်ဘက်ပိုင်း ကန့်ပြည်နယ်ရှိ ထင်ရှားတဲ့ အဖြူရောင် ထုံးကျောက်ထရံ ကမ်းခြေလှပလွန်းတဲ့ အဖြူရောင်လွလွ ကမ်းခြေတစ်ခုဖြစ်တဲ့အတွက် ကြည့်ကောင်းလှတဲ့ ရှုခင်းတစ်ခုဖြစ်ပါတယ်။
၉။ ထရိုး ကျောက်ဖြာ (နော်ဝေး)
ပင်မတောင်ကြီးကနေ ငေါထွက်နေတဲ့ ဒီကျောက်တောင်အစွန်းကြီးဟာ ရေကန်ရဲ့ အမြင့် ၃၅၀ မီတာ အထက်မှာ ရှိတဲ့အတွက် ပါတ်ဝန်းကျင်ရှုခင်းတွေကို လှပစွာခံစားနိုင်တဲ့ နေရာလေးတစ်ခုဖြစ်ပေမဲ့ လွယ်လွယ်ကူကူသွားလို့ရတဲ့နေရာတော့မဟုတ်ဘဲ ခြေလျင် ၁၂ ကီလိုမီတာလောက်လျှောက်မှ ရောက်ရှိနိုင်တဲ့ ခရီးတစ်ခုဖြစ်ပါတယ်။
၁၀။ ကော်ကိုဗေးဒိုးတောင် ၊ရီယိုဒီဂျနေရိုး၊ဘရာလ်ဇီလ်း
ကော်ကိုဗေးဒိုးတောင်မှာ ကမ္ဘာကျော် ရွေးနှုတ်သူ ခရစ်တော် ကျောက်ရုပ်တုကြီးရှိပြီး ထိုတောင်ထိပ်ကဆိုရင် ရီယိုမြို့ရဲ့ အရောင်အသွေးစုံလင်လှတဲ့ မြို့ အလှအပ ကိုခံစားနိုင်မှာ ဖြစ်ပါတယ်။

Ref : Bright Side


Post a Comment

 
Top