0
မြန်မာ ကို ကမ္ဘာ က စိတ်ဝင်စားစေသည့်အကြောင်းတရား ပေါင်းများစွာ များစွာ အနက်မှ လှပရှုမောမဆုံး ပင်လယ်သဘာဝကျွန်းပေါင်းများစွာဖြင့်သာယာလှပလွန်းသည့် မြန်မာနိုင်ငံ တောင်ဖက် တနင်္သာရီ တိုင်းဒေကြီး သည်တစ်ခုအပါအ၀င်ဖြစ်သည်။ မြန်မာနိုင်ငံ တောင်ဖက်အစွန် ကော့သောင်းခရိုင် ရှိ အက်ဒမန် ပင်လယ်အတွင်း မှ သာယာလှပသည့် ပင်လယ်ကျွန်းပေါင်းများ စွာအနက် ကျွန်း၏ အလယ်ဗဟို တွင် ထူးဆန်း လှပပြီး အသည်းပုံ ရေကန်ကြီးသဖွယ် ဖြစ်ပေါ် နေသည့် ကြက်မောက်ကျွန်း(ခေါ်)Cock Comb Island သည် ကမ္ဘာလှည့်ခရီးသွားများ အတွက် စိတ်ဝင်စားဖွယ်ဖြစ်သည်။


ကြက်မောက်ကျွန်း(ခေါ်) Cock Comb Island သည် ကော့သောင်းမြို့ အနောက်တောင်ဖက် ပင်လယ်ရေမိုင် (၂၈)မိုင်ခန့် အကွာ Speed boat ဖြင့်သွားလျှင်(၁)နာရီခန့်အတွင်းရောက်ရှိနိုင်သည့် ဇာဒက်ကြီးကျေးရွာ အုပ်စု အက်ဒမန်ပင်လယ်အတွင်းတွင်တည်ရှိသည်။

ကျွန်း အကျယ်အ၀န်း (၁၂၀)ဧက ခန့်ရှိပြီး မြေသားလုံးဝမရှိသော သက်နုမီးသင့်ကျောက်သားများဖြင့် ဖွဲ့စည်းထားပြီးကျွန်းပေါ်သို့ တက်ရောက်ရန်ခက်ခဲသော မတ်စောက်သည့်ကျောက်တောင် သဖွယ် ဖြစ် သည်။


 ကျောက်တောင်ပတ်လည်ဝန်းရံလျှက်အနေအထားဖြင့် ကျွန်းအလယ်ဗဟိုတွင် အချင်း(၃၀၀)ပေခန့်ရှိ သဘ၀အလျောက် ဖြစ်တည်လျှက် အသဲနှလုံးပုံသဏ္ဍန် လွန်စွာလှပသည့် ရေငံအိုင်ကြီး တစ်ခုကြောင့် ထူးဆန်းခြင်းဖြစ်သည်။ ထိုရေငံအိုင်ကြီးသို့ဝင်ရောက်ရန် တစ်ခုတည်းသောဝင်ပေါက်အဖြစ် ကျွန်း၏ အရှေ့တောင်ဖက် အောက်ခြေ ကျောက်တန်းများအောက်မှ အကျယ်(၂၅)ပေ၊ အလျား(၃၀)ပေ ရှိ ပြွန်ပုံ သဏ္ဍန် လှိုင်ဂူ အပေါက် တစ်ခုမှ ပင်လယ်ဒီရေအနည်းငယ်ကျချိန် မှ ၀င်ရောက်နိုင်သည်။

လာရောက်လည်ပတ်ကြသည့်နိုင်ငံခြားခရီးသွားများ အစုအဖွဲ့လိုက် Boat မှ အဆိုပါ ပြွန်သဖွယ် လှိုင်ဂူ
 ပေါက် သို့ပင်လယ်ရေပြင်အတွင်း ကြိုးသွယ်တန်းလျှက် ပင်လယ်ရေအောက်မှ ငုတ်လျှိုးကာကျွန်း အလယ် ဗဟိုရေကန်ကြီးအတွင်းဝင်ရောက်လည်ပတ် လေ့လာအပန်းဖြေရ သည်မှာ မည့်သည့် ခံစားမှုနှင့် မျှမ တူသော ထူးဆန်းပျော်ရွှင်ကြည်နှုးဖွယ်ကောင်းသည့် ခံစားမှုတစ်ခုကိုဖြစ်ပေါ်စေကြောင်း နိုင်ငံခြား ခရီးသွား တစ်ဦးမှတ်ချက်ပြုဖူး သည်။

ကျွန်းအလယ်ဗဟိုရှိရေကန်ကြီးမှာအနားသတ် လှပသော snorkeling Site ရှိနေပြီး ဗဟိုချက်သည် ပင်လယ် ဒီရေတက်ချိန်တွင်(၁၂)မီတာခန့်နက်သည်။


 နွေရာသီတွင်snorkeling mask ဖြင့်ရေအောက်(၆)မီတာအထိ ထွင်းဖေါက်မြင်နိုင်လောက်အောင် စိမ်းမြ ကြည်လင်လှသည်။ ရေကန်ကြီးအတွင်း hard coral အမျိုးအစား(၂၅)မျိုးခန့်၊ငါးမျိုးစိတ်(၄၀)ခန့် ၊ သဘာဝ သန္တာကျောက်ခက်၊ ကျောက်ပွင့် များစွာ၊ ပင်လယ်ရေနေ ထူဆန်း ရှားပါးရေသတ္တ၀ါ မျိုးစိတ်ပေါင်း များစွာ
ပေါက် ဖွားကြီးပြင်းရာ သဘာဝစားကျက် နေရာတစ်ခုသဖွယ်ဖြစ်ပေါ် လျှက်ရှိသဖြင့် နိုင်ငံခြားခရီးသွား များ နှင့် ပင်လယ်ဇီဝဗေဒပညာရှင်များ စိတ်ဝင်တစား ကနှုးလှေလှော်ခတ်ကာ ရေကန်ကြီးအတွင်း ကြည့်ရှုလေ့လာလည်ပတ်ကြခြင်း ၊ ဓါတ်ပုံမှတ်တမ်းတင်ခြင်းများ ပြုလုပ်ကြသည်။

ထိုရေကန်ကြီးအတွင်း ပင်လယ်ငါးမန်းများ သားပေါက်ရာသီဖြစ်သည့် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ များ၌ ငါးမန်းများ ၀င်ရောက်သားပေါက် ကြီးပြင်း လေ့ရှိပြီး ဥရောနိုင်ငံ များမှ ခရီးသွားများ က Shark Lagoon ဟုခေါ်ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၊ချင်းပြည်နယ် ၊ ဟားခါးမြို့ ရှိ အသဲပုံ ရိ(ဖ်) ရေ ကန်ကြီး မှာရေချိုဖြစ်ပြီး ထူးဆန်းသာယာ လှပ သကဲ့သို့ ယခု ကော့သောင်းမြို့နယ် အက်ဒမန်ပင်လယ်အတွင်း ကြက်မောက်ကျွန်းပေါ် မှ အသဲ ပုံရေကန် ကြီး မှာ ပင်လယ်ရေငံ ဖြစ်ပြီး လူသူအရောက်ပေါက်နည်း ၍ သဘာဝအလှအပ မပျက်မယွင်း ရှိနေရာ လာရောက်လည်ပတ်ကြသည့်ခရီးသွားများအဖို့ သာယာလှပမှု တစ်မျိုးတစ်ဖုံ စီခံစား ရမည်မလွဲ ဧကန်ဖြစ် သည်။

ယခုအခါ အဆိုပါကျွန်း အား ကော့သောင်းမြို့ ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကုမ္ပဏီကြီး တစ်ခုဖြစ် သည့် Grand Andaman Hotel(သူဌေးကျွန်း) မှ နိုင်ငံတော် နှင့်အကျိုးတူပူးပေါင်း လုပ်ကိုင်ခွင့် တင်ပြခွင့်ပြု ချက်ရယူလျှက် နိုင်ငံတကာ ခရီးသွားများ အား အလည်အပတ်ခရီးစဉ်များ လေ့လာလည်ပတ် အပန်းဖြေ ရန် ၀န်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်ပေး ရန်အစီအမံများ ချမှတ်ဆောင်ရွက်လျှက် ရှိရာနိုင်ငံတော် အတွက် နိုင်ငံခြားငွေရရှိ တိုးပွား စေလျှက် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာ ပြီး မြန်မာ့ရေမြေတောတောင်တို့ ၏ သဘာဝအလှ ကို ကမ္ဘာ က သိသထက်သိကာ နိုင်ငံတကာအလည် ဂုဏ်ယူဝင့်ကြွားစရာ ဖြစ် သည်။


မြန်မာ့သဘာဝအလှများ ကို ခံစား ရင်း၊ လတ်ဆတ်သန့်ရှင်းသည့်ပင်လယ်လေကို အားပါးတရရှုရှိုက်ရင်း ၊ ထူးခြားဆန်းကြယ်လှသည့် ရေမြေတောတောင် ပင်လယ်သတ္တ၀ါ များစွာ၏ သဘာဝအရှိတရား ကို မျက်မြင်ကိုယ်တွေ့ခံစားနိုင်ကြစေရန် မြန်မာနိုင်ငံတောင်ဖက်စွန်း ကော့သောင်းမြို့နယ်အတွင်း က အသည်းပုံသဏ္ဍန်ရေကန်ကြီး ရှိရာ ကြက်မောက်ကျွန်း(ခေါ်)Cock Comb Island ဆီသို့ အလည်တစ်ခေါက် လာရောက် ခဲ့ကြဖို့ ဖိတ်ခေါ်ရေးသားလိုက်ရပါသည်။

Post a Comment

 
Top