အင်္ဂလန်နိုင်ငံ၊ လင်ကွန်းရှိုင်းယားပြည်နယ်၊ မာဘယ်သရိုပီမြို့နယ်မှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးအချင်းချင်း ညှင်းပန်းနှိပ်စက်တဲ့ ဗွီဒီယိုဖိုင်ဟာ အွန်လိုင်းမှာပျံ့နှံ့လျက်ရှိပြီး ဝေဖန်မှုတွေလည်း မြင့်တက်လျက်ရှိပါတယ်။ အဆိုပါဖြစ် ရပ်မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက်(၁၂)နှစ်ကျောင်းသူတစ်ဦးကို ကျောင်းသူကောင်မလေး(၂) ဦးကပဲ အနိုင်ကျင့်ညှင်းပန်းနှိပ်စက်ခဲ့ကြတာဖြစ်ပါတယ်
CCTV Footageအရ အနိုင်ကျင့်စော်ကားမှုဟာ လူသွားလမ်းပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး တရားခံ(၂)ဦးက တစ်
ယောက်တစ်လှည့်စီ ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ တရားခံ(၂)ဦးရဲ့ စကားသံများနဲ့ အနိုင်ကျင့်ခံရတဲ့
ကောင်မလေးရဲ့စကားသံတွေလည်း ပါခဲ့ပါတယ်။ တရားခံ(၂)ဦးဟာ ရုတ်ရန်းကြမ်းစွာ ဆဲဆိုခဲ့ကြသလို ခြေထောက်
တွေနဲ့လည်း အကြိမ်ကြိမ်ကန်ခဲ့ပါတယ်။
အဆိုပါဗွီဒီယိုကို Facebookမှာ ဘယ်သူကတင်လိုက်လည်း မသိပေမယ့် ကလေးမိခင်တစ်ဦးက ရှယ်ပြီးနောက်ပိုင်းမှာ တော့ ကြည့်ရှုသူ(၈၇၀၀၀)ကျော်သွားခဲ့သလို Shareတဲ့သူတွေလည်း (၁၈၀၀)လောက်ရှိခဲ့ပါတယ်။ အဆိုပါဗွီဒီယိုကို ရှယ်ခဲ့တဲ့ မိခင်တစ်ဦးက ”ဒီဗွီဒီယိုဖိုင်ကို ကျေးပြုပြီး Shareပေးကြပါ။ အလွန်ကိုရိုင်းစိုင်းကြမ်းတဲ့ မိန်းကလေးတွေပါပဲ။မိန်းကလေးတွေဖြစ်ပြီး အနိုင်ကျင့်ဖို့မလိုအပ်ပါဘူး။ အထူးသဖြင့် (၂)ယောက်၊ (၁)ယောက်ဖြစ်ပြီး ခံရတဲ့ မိန်းကလေး ကိုလည်း လွတ်ပေးခြင်းမရှိပါဘူး”လို့ ရေးသားခဲ့ပါတယ်။
အဆိုပါ postအောက်မှာ တရားခံမိန်းကလေး(၂)ဦးကို ဝေဖန်မှုတွေလည်း မြင့်တက်လာခဲ့သလို အာဏာပိုင်တွေက လည်း စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.