0

ဂျာမဏီနိုင်ငံမှာ နေထိုင်တဲ့ ဘူဂေးရီယားနိုင်ငံသား ကလေး 3 ယောက်၏ ဖခင် Svetoslav Stoykov အမည်ရ အသက် 28 နှစ်အရွယ် အမျိုးသားဟာ အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ လှေကားကနေ ကန်ချခဲ့တဲ့အတွက် ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။ ထိုအချိန်မှာ သူဟာ ဘီယာမူးနေလို့ဆိုပြီး အကြောင်းပြချက် ပေးခဲ့ပေမယ့် ဒီလိုကိစ္စမျိုးဆိုတာ မည်သည့်အခြေအနေမှာ ဖြစ်ဖြစ် ခွင့်လွှတ်စရာ မရှိပါဘူး။

သူ့ကို ဖမ်းဆီးနိုင်ဖို့ အခင်းဖြစ်ရာမှာ ရိုက်ကူးထားတဲ့ CCTV တွေကို စစ်ဆေးအတည်ပြုခဲ့ရပါတယ်။ လေဒီဂါဂါ၊ ဂျိုလီတို့ရဲ့ ကိုယ်ရံတော်အဖြစ် ဆောင်ရွက်ခဲ့တဲ့ Michael Kuehr (54)နှစ်ကလည်း ဒီပြစ်မှုကျူးလွန်သူကို ဖမ်းဆီးပေးနိုင်ပါက ပေါင် 1600 ဆုကြေးပေးမယ်လို့ ထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်ခဲ့ရပါတယ်။

အခင်းဖြစ်ရာနေရာဟာ Hermanstrasse ရထားဘူတာ ဒုတိယအထပ်မှဆင်းသည့် လှေကားမှာ ဖြစ်ပြီး၊ ကန်ချခံရသည့် အမျိုးသမီးဟာ ပြင်းထန်တဲ့ ဦးခေါင်းခွံအက် ဒဏ်ရာကြောင့် သတိလစ်သွားခဲ့ပါတယ်။ ထိုစဉ်က Stoykov ရဲ့ လက်ထဲမှာ အရက်ပုလင်းကိုလည်း ကိုင်ဆောင်ထားသလို၊ အခြားလက်တစ်ဖက်မှာလည်း စီးကရက်တစ်လိပ် ကိုင်ထားပါတယ်

ဒီအခင်းဖြစ်စဉ် ဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ဟာ Stoykov ကို ဖမ်းဆီးဖို့ ၀ရမ်းထုတ်ခဲ့ရပါတယ်။ သူဟာ အရင်ဆုံး ဘူဂေးရီယားကို ပြန်ပြီး ပုန်းခိုခဲ့ပါတယ်။ ယင်းနောက် ဇနီးနဲ့အတူ ပြင်သစ်နိုင်ငံ၊ နိုက်စ်မှာ သွားရောက်တိမ်းရှောင်နေခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်လအကြာမှာ ဂျာမနီဘာလင်ကို ပြန်ရောက်လာစဉ် ရဲတပ်ဖွဲ့က ချက်ချင်းစောင့်ဖမ်းခဲ့တာပါ။

Stoykov ဟာ ဂျာမနီနိုင်ငံမှာ ပြစ်မှုမှတ်တမ်း မရှိပေမယ့်၊ ဘူဂေးရီးယားမှာတော့ ဓားပြမှု၊ ခိုးမှု၊ ရမ်းကားမှုတွေနဲ့ ထောင်ဒဏ်ကျခံခဲ့ရဖူးသူ ဖြစ်ပါတယ်။ Stoykov ကို လောလောဆယ် ယခုပြစ်မှုအပါအ၀င်၊ အခြားရာဇ၀တ်မှုနှစ်ခုနဲ့လည်း တရားစွဲဆိုထားပြီး၊ ပြစ်မှုထင်ရှားပါက Stoykov ဟာ အနည်းဆုံး ထောင်ဒဏ် 6 လမှ 10 နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top