0


မလေးရှားနိုင်ငံမှာ အသက် 3 နှစ်သာ ရှိသေးတဲ့ ကလေးငယ်တစ်ယောက်ဟာ ဆေးရှုရာမှာ သုံးတဲ့ ဆေးတံကို ကိုင်ထား တဲ့ ဗွီဒီယို ထွက်ပေါ်လာခဲ့ပြီးနောက် မိဘတွေကို ဖမ်းဆီးဖို့ အပူတပြင်းရှာဖွေနေပါတယ်။ အဆိုပါ ကလေးငယ်ကို ဆေးသုံး
နေသည်ဟု ဖော်ပြမထားပေမယ့် ဗွီဒီယိုထဲမှ ပါဝင်တဲ့ စကားတွေအရ ကလေးဟာ လောလာလတ်လတ် ဆေးရှုထားပုံ ရပါတယ်။

ဗွီဒီယိုထဲမှာ အမျိုးသားအသံကို ကြားရပြီး ကလေးရဲ့ ကလေးအမေရဲ့(ဒုတိယ) ယောက်ျား ဖြစ်ဖို့ ရှိနေပါတယ်။ ကလေးမလေးဟာ ဗွီဒီယိုထဲမှာ မှိန်းနေတဲ့ ပုံစံကိုလည်း မြင်တွေ့ရပါတယ်။ အမျိုးသားအသံက ” မင်း အတော် ကောင်းနေပြီမလား .. ကောင်းတယ်မလား .. ကောင်းတယ်နော် ..” ဟု ပြောခဲ့ပါတယ်။

အဲဒီအမျိုးသားကပင် ဆက်လက်ပြီး “နောက်ဆို ခဏခဏ ပေးပါဦးဆိုပြီး တောင်းတော့မှာ .. ဟုတ်တယ်နော် .. အခု အတော်လေးကို ကောင်းနေပြီမလား . ဟုတ်ပြီး ဒီအတိုင်းလေး မှိန်းနေ “ဆိုပြီး ထပ်လောင်း ပြောခဲ့ပါတယ်။ ကလေးဟာ ကင်မရာကို စိုက်ကြည့်နေတာကိုလည်း တွေ့ရသလို၊ သူလက်ထဲမှာ ဆေးပိုက်က ကိုင်လျှက်ပါ။


ဒါ့အပြင် ကလေးငယ်ရဲ့ပေါင်ပေါ်မှာ ပိုက်ဆံပမာဏ အတော်များများလို့ ယူဆရတဲ့ ငွေအချို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီကိစ္စကို ဆွေမျိုးတစ်ဦးက သိရှိခဲ့ပြီးနောက် ကလေးရဲ့ အဖွားဖြစ်သူကို တစ်ဆင့်ပြန်လည် တိုင်ကြားခဲ့ပါတယ်။ ယင်း နောက် အဖွားဖြစ်သူက ရဲတပ်ဖွဲ့ကို ဗွီဒီယိုသက်သေနဲ့တကွ တိုင်ကြားခဲ့တာပါ။

သိရသလောက်ကတော့ ကလေးရဲ့ မိခင်ဟာ ပထမခင်ပွန်းရဲ့ ကွာရှင်းခြင်းကို ခံထားရပြီး၊ လက်ရှိအချိန်မှာတော့ စိတ်တူ ကိုယ်တူ ဆေးသုံးစွဲတဲ့အမျိုသားတစ်ယောက်နဲ့ အတူတူနေထိုင်နေပုံ ရပါတယ်။ ဒါကို ကလေးရဲ့ အဖွားဖြစ်သူက စိုးရိမ်နေ
ပြီး မြေးဖြစ်သူရဲ့ လုံခြုံရေးနဲ့၊ အန္တရာယ်ကြီးလှတဲ့ မူးယစ်ဆေး စွဲမှာကို စိုးရိမ်နေပါတယ်။

ကလေးဟာ ကွာရှင်းစဉ်တုန်းကတည်းက မိခင်ဖြစ်သူကို စောင့်ရှောက်ခွင့် တရားသူကြီးတွေက ခွင့်ပြုခဲ့တယ်လို့ သိရပါ
တယ်။ ကလေးကိုင်ထားတဲ့ ဆေးပိုက်ကို Math pipe လို့ ခေါ်ပြီး မလေးဘာသာဖြင့် ရှာဘူး သို့မဟုတ် ဆာဘူး-လို့ ခေါ်
ကြပါတယ်။


အဆိုပါပိုက်ကို အဓိကအားဖြင့် မူးယစ်အစားထိုး Methamphetamine ဆေးကို ရှုရာမှာ အသုံးပြုကြပါတယ်။ Methamphetamine မူးယစ်ဆေးဟာ အရှေ့တောင်အာရှမှာ အလွန်တွင်ကျယ်တဲ့ မူးယစ်ဆေးတစ်ခု ဖြစ်ပါ တယ်။ အများအားဖြင့် ငွေကြေးချို့တဲ့တဲ့ ဆေးသမားတွေအတွက် အာသာဖြေဆေးလို့ သိရပါတယ်။

Post a Comment

 
Top