0
သမင်တကောင်လုံးကို ဝါးမျိုခဲ့ပြီး ပြန်အန်ထွက်ခဲ့တဲ့ စပါးကြီးမြွေတကောင်ရဲ့ ထိတ်လန့်ဖွယ် ရုပ်သံဗွီဒီယိုဖိုင်ကို 
ဒေးလီးမေးလ်သတင်းမှာ ဇွန် ၁၃ ရက်နေ့က ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ ကျေးရွာတရွာဖြစ်တဲ့ ဆဝမ့်တ်ဝဒီကျေးရွာထဲမှာ ဖြစ်ခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြွေကြီးဟာ ပါးစပ်ကို အကျယ်ကြီးဟထားခဲ့ပြီး ခန္ဓာကိုယ် တွန့်လိမ်နေခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက် သမင်ကို မျိုထားခဲ့လို့ ဖောင်းကားနေတဲ့ ဝမ်းဗိုက်ပိုင်းကနေတဆင့် ပါးစပ်ရှိရာ ဦးခေါင်းပိုင်းဆီ 
တဖြည်းဖြည်းရွေ့လာနေခဲ့တာပါ။
ဒါပေမယ့် သူဟာ ပြန်အန်ထုတ်လိုက်ဖို့ အလွယ်တကူမဖြစ်နိုင်ခဲ့ဘဲ နာကျင်နေခဲ့ပုံရကာ ခန္ဓာကိုယ်ကို တွန့်ချိုးပြီး အချိန် ၂ မိနစ်လောက် အားထုတ်ခဲ့ရတာကို တွေ့ရမှာပါ။
အဲဒီစပါးကြီးမြွေကြီးဟာ သမင်ကို ရေသောက်ဆင်းချိန်မှာ တိုက်ခိုက်ခဲ့ပြီး တကောင်လုံးကို ဝါးမျိုခဲ့ပုံရကာ အစာမချေဖျက်နိုင်ခဲ့လို့ ခုလိုပြန်အန်ထွက်ခဲ့ရတာလို့ သတင်းက ဆိုပါတယ်။
မြွေကြီးဟာ သမင်ကို ဝါးမျိုထားခဲ့ပြီးနောက်မှာ မလှုပ်ရှားနိုင်တော့ဘဲ ရှိနေခဲ့တာဖြစ်ပြီး နောက်တနေ့မနက်မှာ ရွာသားတွေက တွေ့ရှိခဲ့ကြချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။
နောက်ဆုံးမှာတော့ စပါးကြီးမြွေကြီးရဲ့ ပါးစပ်မှ သမင်ရဲ့ နောက်ခြေထောက် ၂ ဘက် စထွက်လာခဲ့ပြီးနောက် တဖြည်းဖြည်းနဲ့ တကောင်လုံးကို ပြန်အန်ထွက်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top