
(၁) True Money
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank) နဲ့
မိုဘိုင်းငွေလွဲဝန်ဆောင်မှုကို အတူပူးတွဲလုပ်ဆောင်
၂၀၁၆ခုနှစ်ဇန်နဝါရီလကတည်းက လုပ်ကိုင်ခဲ့ဖြစ်ပြီးတော့ (MPT) နဲ့ (MEC)
ဖုန်းငွေဖြည့်ကတ်ဝန်ဆောင်မှုတွေကိုတော့ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းနဲ့၂၀၁၅ခုနှစ် စက်တင်ဘာလကတည်းက တွဲဖက်လုပ်ကိုင်ခဲ့ပါတယ်။True Money
ကအဓိကပေးနေတဲ့ ဝန်ဆောင်မှုတွေကတော့ e-load စနစ်နဲ့ဖုန်းငွေဖြည့်တာ ဖြစ်ပြီး
MPT, MEC, Ooredoo နဲ့ Telenor အားလုံးကို ရရှိနိုင်ပါတယ်။
မိုဘိုင်းဖုန်းကတစ်ဆင့်ငွေလွဲဝန်ဆောင်မှုတွေကိုတော့ မြန်မာတစ်နိုင်ငံလုံးမှာ
ငွေလွှဲဝန်ဆောင်မှု ကိုယ်စားလှယ်ဆိုင်ပေါင်း ၁၀၃
ဆိုင်နဲ့ဝန်ဆောင်မှုပေးနေပါတယ်။(၂) OK $
OK $ ကတော့ ၂၄နာရီလုံးအချိန်မရွေးပဲ OK$ ကိုယ်စားလှယ်ရှိတဲ့နေရာတိုင်းမှာ အသုံးပြုနိုင်ပါတယ်လို့ ကြေ ငြာထားပါတယ်။ OK $ ကိုအသုံးပြုနိုင်ဖို့အတွက်ကတော့ မိုဘိုင်းဖုန်းတစ်လုံးနဲ့ ဆင်းကတ်တစ်ခုပဲလိုပါတယ်။ ဘတ်(စ်)ကားခ၊ ရထားခ၊ ကားခ တွေအပြင် စားသောက်ဆိုင်၊ ဟိုတယ် နဲ့ ဓါတ်ဆီဆိုင်တွေကငွေပေးချေမှုတွေကိုပါ လုပ်ဆောင်နိုင်မယ်လို့သူကကြေငြာထားပေမယ့် အခုချိန်အထိတော့ မတွေ့ရသေးပါဘူး။ ဖုန်းဘေလ်လည်းဖြည့်နိုင်သလို ရေမီတာခနဲ့ လျှပ်စစ်မီတာခတွေကို လည်းပေးဆောင်လို့ရတဲ့အပြင် OK $ အကောင့်မရှိတဲ့ သူဆီကိုလည်းငွေလွှဲလို့ရပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်ရဲ့ကန့်သတ်ထားတဲ့ စည်းမျဉ်းတွေအရတော့ တစ်နေ့ကိုတစ်ကြိမ်လွှဲရင် ဆယ်သိန်းထက်မပိုစေဘဲ သုံးကြိမ်အထိလွဲခွင့်ရှိပါ တယ်တဲ့။(၃) Red Dot
Red Dot ကတော့ ဖုန်းငွေဖြည့်ကဒ်ကို အီလက်ထရောနစ်စနစ်နဲ့ဝန်ဆောင်မှုပေးတဲ့နေရာမှာတော့ အတွင်ကျယ်ဆုံးဖြစ်နေပါတယ်။ Red Dot အမှတ်အသားပါတဲ့ ဆိုင်ငယ်လေးတွေကိုနေရာများများမှာတွေ့နေရပြီဖြစ်သလို လူတော်တော်များများကလည်း Red Dot အမှတ်အသားရှိတဲ့ဆိုင်လေးတွေဆိုရင်ဖုန်းငွေဖြည့်လို့ရတယ်လို့သိနေကြပါပြီ။ ဒါပေမယ့် Red Dot မှာအခြားဝန်ဆောင်မှုစနစ်တွေလည်းရှိပါတယ်။အဲ့ဒါကိုတော့ Red Dot Pay လို့ခေါ်ပါတယ်။ Red Dot Pay ဆိုတာက ခရက်ဒစ်ကတ် (Credit Card) မလိုပဲ အွန်လိုင်းပေါ်ကပစ္စည်းတွေကို အလွယ်တကူဝယ်ယူနိုင်မယ့် ငွေပေးချေမှုစနစ်ပါ။ နီးစပ်ရာ Red Dot အမှတ်အသားရှိတဲ့ဆိုင်လေးကိုသွားပြီးတာ့ အွန်လိုင်းကနေတစ်ဆင့် မဂ္ဂဇင်း၊ဂျာနယ် မှာယူခတွေပေး ချေနိုင်မှာဖြစ်သလို ကုန်ပစ္စည်းတွေကိုလည်းမှာယူနိုင်မှာဖြစ်ပါတယ်။ Red Dot Pay ကို စနစ် နှစ်မျိုးနဲ့အသုံးပြုလို့ရပါတယ်။ Voucher ID နဲ့သုံးမလား၊ Red Dot Pay Pin နဲ့သုံးမလားဆိုတာတော့ ကိုယ်နှစ်သက်သလိုရွေးချယ်နိုင်ပါတယ်။You may also like: Hello Cabs လား? Oway လား ?
(၄) Wave Money
ရိုးမဘဏ်နဲ့ Telenor တို့ပူးပေါင်းပြီးဆောင်ရွက်တဲ့ Wave Money ကတော့ တော်တော်ကြီးကိုလူသိများပါတယ်။ ဒါပေမယ့်သူကတော့ မိုဘိုင်းငွေလွှဲမှုတစ်ခုတည်းကိုပဲ လုပ်ဆောင်လို့ရပါတယ်။ Wave ဆိုင်တစ်ဆိုင်ကနေ အခြား Wave ဆိုင်တစ်ခုကိုအလွယ်တကူ ငွေလွှဲနိုင်မှာဖြစ်ပြီးတော့ ငွေလွှဲခကတော့ Wave ဆိုင်တစ်ဆိုင်ကနေ တစ်ဆိုင်ကိုလွှဲမယ်ဆိုရင် တစ်ကျပ်ကနေငါးသောင်းအထိကို တစ်ထောင်၊ ငါးသောင်းကနေ တစ်သိန်းအထိကိုတော့ ၁၅၀၀ နဲ့ တစ်သိန်းကနေ နှစ်သိန်းကိုတော့ ၂၅၀၀ ကျသင့်မှာပါ။ငွေလွှဲတဲ့သူက မှတ်ပုံတင်တို့၊လိုင်စင်တို့လို သက်သေခံကဒ်ပြားမလိုအပ်ပေမယ့် ငွေလက်ခံမယ့်သူကတော့လိုအပ်ပါတယ်။ ငွေလွှဲခက ဘဏ်ထက်စာရင်အ နည်းငယ်များတယ်လို့ဆိုနိုင်သော်လည်းပဲ ဘဏ်လက်လှမ်းမမှီတဲ့ ဝေးလံတဲ့ဒေသတွေအတွက်ကတော့ အဆင်ပြေလွယ်ကူမှာပါ။
(၅) myKyat
myKyat ကတော့ ပထမပုဂ္ဂလိကဘဏ်နဲ့ Frontier Technology တို့ပူးတွဲလုပ်ဆောင်တဲ့မိုဘိုင်းငွေပေးစ နစ်တစ်ခုဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကိုအသုံးပြုပြီးတော့ ငွေလွှဲတဲ့စနစ်ကိုပဲ အဓိကဆောင်ရွက်ပေးပါတယ်။ နောက်ထပ်အသုံးပြုနိုင်တာကတော့ မီတာခွန်နဲ့ရေခွန်ပေးဆောင်တာတွေပါ။ သူကလဲ Wave Money လိုပါပဲ။ ဒါပေမယ့် Wave Money လောက်တော့ မတွင်ကျယ်သေးပါဘူး။(၆) ONGO
Ronoc ကုမ္ပဏီနဲ့ နိုင်ငံပေါင်း ၂၅နိုင်ငံမှာ ဒီဂျစ်တယ်ငွေပေးချေမှုကို ပရောဂျက်ပေါင်း ၄၀ ကိုလုပ်ဆောင်နေတဲ့ ကုမ္ပဏီ Open Revolution တို့ပူးပေါင်းပြီးတော့ ၂၀၁၅ ခုနှစ် ဂျူလိုင်လမှာ Renoc Asia ကိုစတင်ခဲ့ပါတယ်။ ONGO ဆိုတာက Ronoc Myanmar ရဲ့ ပရောဂျက်တစ်ခုဖြစ်ပြီးတော့ မိုဘိုင်းငွေပေးချေမှုနဲ့ မိုဘိုင်းဖုန်းကနေ ငွေလွဲနိုင်တဲ့စနစ်တစ်ခုပါ။
Post a Comment