ရေအောက်မှာနှစ်မြုပ်ပျောက်ကွယ်နေတဲ့မြို့တွေနဲ့ နန်းတော်တွေ၊
ထူးဆန်းတဲ့သစ်ပင်တွေ၊ ရုပ်တုတွေဟာ အချိန်တခါက မြေပေါ်မှာရှိနေခဲ့ပြီး
အခုတော့ပင်လယ်ရေအောက်ကသမိုင်းဝင်နေရာတွေဖြစ်လာပြီပေါ့။
1. Museo Subacuatico de Arte (Mexico)
၄၅၀ ကျော်တဲ့အထိမ်းအမှတ်ရုပ်တုပုံစံပေါင်းစုံကို တိတ်ဆိတ်နေတဲ့ကြည်လင်တဲ့ ရေအောက်ကြမ်းပြင်မှာ တွေ့ရှိနို င်ပါတယ်။ ကျောက်တုံးတွေနဲ့ပုံဖော်ထုလုပ်ထားတာဖြစ်ပြီး ရေအောက်ပြတိုက်တစ်ခုအဖြစ်လည်း ထင်ရှားပါတယ်။

2. Lion City Of QianDao Lake (China)
တရုတ်တွေရဲ့အတ္တလန်တိတ်နေရာေ ပါ့။ Shi Cheng မြို့တစ်ဖြစ်လဲ ခြင်္သေ့မြို့ဟောင်းဟာ တစ်ချိန်က ချမ်းသာကြွယ်ဝပြီး အင်အားကြီးနေရာတစ်ခုဖြစ်ခဲ့ ပါတယ်။ အဆောက်အဦးတွေရဲ့ ရှေးဟောင်းဗိသုကာ လက်ရာတွေဟာ တကယ့်ကို အံ့ဖွယ်ကောင်းမွန်လှပြီး သင်ဟာရေငုပ်ကျွမ်းကျင်သူဆို ရင်တော့ သွားရောက် လေ့လာကြည့်ရှုသင့်ပါတယ်။

3. Green Lake (Austria)
မြစိမ်းရောင်ထနေတဲ့ရေအရောင် ကြောင့်
အဆိုပါနာမည်ရခဲ့တာဖြစ်ပြီး ဒီရေကန်ဟာ ဆောင်းတွင်းမှာ ဆိုရင်တော့ ၃
ပေအနက်လောက်သာရှိပါတယ်။ နွေဦးရာသီဆိုရင်တော့ တောင်ပေါ်က အရည်ပျော် ကျဆင်းလာ တဲ့နှင်းတွေက ရေမျက်နှာပြင်ကို ပြန်လည်မြင့်တက်စေတာပေါ့။ ပန်းခြံအသေးစားလေးကို ကြည်လင်လှတဲ့ဒီရေအောက်မှာ တွေ့ရှိနိုင်ပါတယ်။

4. Pavlopetri (Greece)
နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိပြီဖြစ်ပြီး ကြေးခေတ်လောက်ကိုပြန်ရောက်သွားတဲ့အတွက် ကမ္ဘာပေါ်က နှစ်မြှပ်ပျောက်ကွယ်နေတဲ့အရှည်လျားဆုံးသမိုင်းကြောင်းရှိတဲ့ ရေအောက်မြို့တော်လို့လည်း ပြောလို့ရပါတယ်။ ၁၉၆၇ ခုနစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး သမိုင်းကြောင်းလေ့လာမှုကိုတော့ ၂၀၀၉ ခုနစ်မှာပြုလုပ်ခဲ့ပါတယ်။

5. The Sunken Forest Of Lake Kaindy (Kazakhstan)
Tian Shan တောင်တန်းမှာတည်ရှိတဲ့ Kaindy ကန်ဟာ ၁၉၁၁ ခုနစ်က လှုပ်ခဲ့တဲ့ငလျင်ကြောင့် မြေကြောရွှေ့လျားမှုဖြစ်ပေါ်ပြ
6. Cleopatra’s Palace (Egypt)
ဖာရိုဘုရင်တွေရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ဘုရင်မကလီယိုပက်ထရာဟာ ဂျူးလီယက်ဆီဇာနဲ့ မက်ခ်အန်တိုနီတို့နဲ့ ဒဏ္ဍာရီအချစ်ဇာတ်လမ်းရှိခဲ့သူ ပေါ့။ သူမဟာ သူမရင်သားကို မြွေအကိုက်ခံပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ပါ တယ်။
Alexandria မှာရှိတဲ့ သူမနန်းတော်နဲ့ မြို့နေရာအနှံ့ဟာ ၄ ရာစုနဲ့ ၈
ရာစုတုန်းကဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ငလျင်နဲ့ ဆူနာမီရေကြီးရေလျှံမှုကြောင့်  အကုန်ရေအောက်ကို နှစ်မြှပ်ကုန် ပါတယ်။ ၁၉၉၀ ခုနစ်ကျမှ ပြင်သစ်သမိုင်းပညာရှင်တစ်ဦးနဲ့အဖွဲ့က တွေ့ရှိခဲ့ပါတယ်။ ရေငုပ်သမားများ အနေဖြင့် ထုံးကျောက်တုံးအပျက်အစီးတွေ ၊ ထိုခေတ်ကသုံးတဲ့အကြွေစေ့တွေ ၊ ရတနာပစ္စည်းတွေ၊ လက်စွပ်တွေအပြင် ကလီယိုပထရာဘုရားကျောင်းကို စောင့်ရှောက်တဲ့ အစောင့်အရှောက်ရုပ်တုတွေကို ပါ တွေ့ရှိခဲ့ပါတယ်။

7. Ocean Atlas (Bahamas)
အမြင့် ၁၈ ပေ ရှိတာကြောင့် ကမ္ဘာပေါ်က အကြီးဆုံးရေအောက်ရုပ်တုလို့ ဆိုနိုင်ပါတယ်။
ရေငုပ်ဝါသနာရှင်တွေက Bahamas ကိုလာရောက်ပြီး သူမဆီအရောက်လာတွေ့တာပေါ့။
ဒီဇိုင်းပညာရှင်ကတော့ Jason De Caires Tayor ပဲဖြစ်ပါတယ်။

8. The Pirate City Of Port Royal (Jamaica)
Jamaica ရဲ့ငါးဖမ်းဆိပ်ကမ်းဟာ တစ်ချိန်က ပင်လယ်ဓားပြတွေရဲ့
ပျော်စံရာကမ်းဆိပ်ပေါ့။ လွန်စွာစည်ကားခဲ့ တဲ့ဆိပ်ကမ်းဟာ ၁၆၉၂ ခုနစ်က
ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပျိုကျပျက်စီးခဲ့ရပြီး ရေအောက်သို့
ရောက်ရှိ နစ်မြှပ်သွားပါတယ်။ ဘားနေရာတွေ၊ စည်ပိုင်းတွေအားလုံးကို
ရေအောက်ထဲမှာတွေ့ရှိနိုင်ပြီး အခုဆို UNESCO က ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရာ နေရာအဖြစ် သတ်မှတ်ထားပါတယ်။ ကြည်လင်လှတဲ့ရေအောက်မှာ ကမ္ဘာသစ်တစ်ခုကို ရောက်သွားသလို ခံစားရမှာပါ။

Post a Comment