0


 📚📚📚📚📚📚📚📚📚📚📚
တစ်ယောက်ယောက်ကကိုယ့်ကိုမေးလာခဲ့ရင်ဘယ်လိုဖြေမလဲ
လိုအင်တွေကိုပြည့်ဝစေလို့ချမ်းသာချင်တယ်
မိမိကတော့အဲလိုသာဖြေမိမှာပါ

စိတ်ချမ်းသာဖို့အတွက်ရုပ်ဝတ္တုတွေရဲ့ပံ့ပိုးပေးမူက100%မရှိတောင်မှ50%လောက်တော့ရှိမယ်လို့ယူဆတယ်

အခုခေတ်ကြီးမှာ ကျန်းမာရေးအတွက် ငွေကမရှိမဖြစ်
မိသားစုဘဝလေးပျော်ရွှင်စေဖို့ ငွေကမရှိမဖြစ်
လူရာဝင်ဖို့လည်းေ ငွကမရှိမဖြစ်


ဒါကြောင့်လည်းလူတိုင်းရဲ့အိပ်မက်မှာချမ်းသာကြွယ်ဝတဲ့ဘဝတခုရှိကြတယ် အိပ်မက်တာရှိကြတယ်

 အိပ်မက်ကိုအကောင်ထည်ဖော်တဲ့နည်းလမ်းတွေကျတော့မတူကြဘူး
လမ်းကြောင်းတွေမတူကြဘူး တချို့ကျတော့လည်းနည်းလမ်း တွေမသိကြဘူး လမ်းကြောင်းတွေမရှိကြဘူး

 သိအောင်ဘယ်လိုလုပ်မလဲ?
ရှိအောင်ဘယ်လိုရှာကြမလဲ?

၁။ Power ပါဝါလိုပါတယ်၊ 
တချို့ကပြောမယ်ငွေရှိမှပါဝါ ရှိမှာမဟုတ်လား?
ဟုတ်ပါတယ်ငွေရှိမှပါဝါရှိသလို ပါဝါရှိမှလည်းငွေဆိုတာရှိလာမှာပါ အဲဒါကတော့ဖြစ်ချင်စိတ်ဆိုတဲ့ Will Power ပါပဲ Will Power volume အပေါ်မူတည်ပြီး ဖြစ်နိင်စွမ်းအား တွေကွာခြားသွားတာပါ။

၂။Swim against the tide
ရေဆန်ကိုကူးဖို့ဝန်မလေးပါနဲ့ လူအယောက်၁၀၀မှာ၉၉ယောက်က ရေစုန်မှာကူးဖို့သာစိတ်အားထက်သန်
ကြတယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်း မိသားစုကကိုယ့်အပေါ်ဖြစ်စေချင်တဲ့ ဆန္ဒထက် မိမိဖြစ်ချင်တဲ့ဆန္ဒကိုသာအကောင်ထည်ဖော်ပါ စိတ်အားထက်သန်မူ့ Motivation မရှိပဲ ရေဆန်ကိုကူးခတ်ပြီး
ပန်းတိုင်ရောက်ဖို့ဆိုတာမဖြစ်နိင်ပါ

၃။set the bar high
မိမိလုပ်နေတဲ့အလုပ်မှာ မိမိစီးပွားရေးနယ်ပယ်မှာ အမြဲတမ်းNo1 ဖြစ်အောင် ကြိုးစားနေပါ
No:2 No:3 လောက်နဲကျေနပ်မနေပါနဲ့ စီးပွားရေးခေါင်းဆောင်များ ထိပ်ဆုံးမှာအောင်မြင်နေတဲ့လုပ်ငန်း
တွေရဲ့စံချိန်စံညွှန်းတွေ လုပ်ငန်းလည်ပတ်တဲ့စံနစ်တွေကို လေ့လာပါ အတုယူပါ။ အကြံညဏ်သစ်များ အတွေးအခေါ် အသစ်များကိုအသုံးချပါ

Aung Ko Latt
Crd

Post a Comment

 
Top