0
ရာသီစာတစ်မျိုးဖြစ်တဲ့ လိုင်ချီးသီးရဲ့ ကျန်းမာရေးအတွက် အကျိုးပြုပုံတွေကို ဗဟုသုတရဖွယ် အလို့ငှာ တင်ပြလိုက်ပါတယ်။

(၁) Immunity ကို တိုးမြှင့်ပေးခြင်း
ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့ လိုင်ချီးသီးမှာဆိုရင် ကျွန်မတို့ ခန္ဓာကိုယ်က နေ့စဉ်လိုအပ်တဲ့ ascorbic acid များလည်း ပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပြင်ပရောဂါတွေ ဝင်မလာနိုင်အောင် ကာကွယ်ပေးတဲ့ သွေးဖြူဥရဲ့ လုပ်ဆောင်မှုတွေကိုလည်း ဗီတာမင်စီက လှုံဆောင်ပေးပါတယ်။
Yfbwlzmgwco4kihusuyf
(၂) အစာချေဖျက်ရာမှာ ကူညီပေးခြင်း
လိုင်ချီးသီးမှာ ပါဝင်နေတဲ့ အမျှင်ဓာတ်တွေဟာဆိုရင် အူမကြီးရဲ့ လုပ်ဆောင်မှုကို ကူညီပေးပြီး အစာချေလမ်းကြောင်းကို ချေမွေ့စေပါတယ်။
Sstuhi7i0tbixqchou7o
(၃) သွေးလည်ပတ်မှုကို တိုးမြှင့်ပေးခြင်း
ကော့ပါး(copper) ဓာတ်ဟာဆိုရင် သွေးနီဥဖြစ်ပေါ်ခြင်းအတွက် လုပ်ဆောင်ပေးပြီး သွေးလည်ပတ်ခြင်းကို တိုးမြှင့်ပေးပါတယ်။ လိုင်ချီးသီးမှာဆိုရင်တော့ ကော့ပါးဓာတ် အမြောက်အများပါဝင်နေပါတယ်။
Kqb7lbzlw0gkqh355xcr
(၄) သွေးဖိအားကို ထိန်းညှိပေးခြင်း
ပိုတက်ဆီယမ်ဓာတ်မြောက်များစွာပါဝင်ပြီး ဆိုဒီယမ်ဓာတ်အနည်းငယ်သာပါဝင်တဲ့ လိုင်ချီးသီးဟာ သွေးဖိအားတိုးနေခြင်းကို လျှော့ချပေးနိုင်ပါတယ်။
E9erje30mvjegrq14yqk
(၅) အသားအရေကို ကောင်းမွန်စေခြင်း
မျက်နှာမှာ အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်တတ်တဲ့ လက္ခာဏာတွေကို လိုင်ချီးသီးက ပယ်ဖျက်ပေးနိုင်ပါတယ်။
Ivqu7igtxhs77a5jge1i (၆) ဝိတ်ကျစေခြင်း
ကယ်လိုရီဓာတ်နည်းပါးစွာသာ ပါဝင်တဲ့ လိုင်ချီးသီးမှာဆိုရင် ဝိတ်ကျစေခြင်းကို အဓိကကူညီပေးနိုင်တဲ့ အမျှင်ဓာတ်များစွာပါဝင်ပါတယ်။
ဒါ့အပြင် ဝိတ်ကျစေရာမှာ အထောက်အကူပြုတဲ့ ဓာတ်တစ်မျိုးလည်းပါဝင်နေပြီး ထိုဓာတ်က လိုင်ချီးသီးမှာရှိတဲ့ ရေဓာတ်ကို ဝိတ်ကျစေတဲ့ အရည်တစ်မျိုးအဖြစ် ပြောင်းလဲပေးပါတယ်။

Ref: food.ndtv.com

Post a Comment

 
Top