0


ကျွန်တော်တို့ရဲ့ ကမ္ဘာမြေပေါ်မှာ မယုံနိုင်စရာကောင်းလောက်တဲ့အဖြစ်အပျက်တွေ၊ နေရာတွေကို သိပ္ပံပညာရှင်တွေ
တောင် အဖြေရှာလို့မရပါဘူး။ ဒီလိုထူးဆန်းမှုတွေကလည်း ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒီလိုအံ့သြစရာ
ကောင်းတဲ့နေရာ(၈)ခုကို Bright Side၀က်ဘ်ဆိုက်က ရှာဖွေပြုစုပြီး ဖော်ပြထားပါတယ်။

၁။ Gravity Hills (အိန္ဒိယ)

Gravity Hillsလို့ခေါ်တဲ့ တောင်ခြေမှာ ကားတစ်စီးကို ပါးကင်ထိုးထားမယ်ဆိုရင် ကားဟာ သူ့အလိုလို တောင်ထိပ်
ကို ရွေ့သွားပါတယ်။ သိပ္ပံပညာရှင်တွေကလည်း မမြင်နိုင်တဲ့ဆွဲအားတစ်ခုကြောင့်လို့ ဆိုထားပေမယ့် အတိအကျ
တော့ ပြောပြနိုင်ခဲ့ခြင်းမရှိကြပါဘူး။ အလွန်ကို အံ့သြစရာကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အချို့လူတွေ
ကတော့ ဒီGravity Hillsဟာ စိတ်ရဲ့လှည့်စားမှုတစ်ခုသာဖြစ်တယ်လို့ တွေးထင်နေကြပါတယ်။
၂။ Dolmens (ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ ရုရှား၊ စပိန်၊ ပေါ်တူဂီ)

Dolmensရဲ့အဓိပ္ပာယ်က ”ကျောက်တိုင်များပေါ်မှာ ကျောက်ပြားကြီးတင်ထားတဲ့ ရှေးခေတ်သင်္ချီုင်းမှတ်တိုင်” ဖြစ်ပါ
တယ်။ စားပွဲလိုပုံစံမျိုးရှိတဲ့ အဲဒီDolmensတွေကို ရှေးဟောင်းသုတေသနပညာရှင်တွေကတော့ ရှေးဟောင်းအုတ်ဂူ
တွေလို့မှတ်ယူပြီး နတ်ဆရာတွေ၊ ခရစ်ယန်သင်းအုပ်ဆရာတွေမြှုပ်နှံတာလို့ ယူဆကြပါတယ်။ အဲဒီ Dolmensတွေရဲ့
ထူးခြားချက်က နာရီလက်တံ သွားနှုန်းကို မြန်စေသလို အခြားစက်ပစ္စည်းများကလည်း တစ်ခုခုထူးခြားနေတတ်ပါတယ်။
၃။ Eternal Flame Falls (အမေရိကန်)

အဆုံးမရှိတဲ့ မီးလျှံရေတံခွန်လို့ အမည်ရတဲ့ ဒီရေတံခွန်ဟာ အလွန်ထူးခြားတဲ့နေရာတစ်ခုပါပဲ။ သိပ္ပံပညာရှင်တွေက
တော့ သေးငယ်တဲ့ကျောက်နံရံပက်ကြားအပ်ကနေ ဂက်စ်တွေထွက်နေပြီး အခုလို မီးလျှံတွေတောက်နေတာလို့ယူ
ဆထားပါတယ်။ တစ်ခါတစ်ရံမှာတော့ အဲဒီမီးတောက်မီးလျှံတွေဟာ သူ့အလိုလိုငြိမ်းသက်သွားပါတယ်။ ဒေသခံလူ
တွေအချို့ကတော့ ဘာသာရေးအရ ဒါဟာ ဘုရားသခင်ကောင်းချီးပေးတာလို့ မှတ်ယူကြပါတယ်။

၎။ Castle Frangokastello (ဂရိ)

Castle Frangokastelloကတော့ ဂရိနိုင်ငံ၊ Creteကျွန်းမှာတည်ရှိတာဖြစ်ပါတယ်။ ဒီရဲတိုက်ရဲ့ထူးခြားချက်က နှစ်
စဉ်နှစ်တိုင်း မေလအကုန်တွင် ရဲတိုက်ကနေ Frangokastelloမြစ်လက်တက်ကို စစ်သားတွေရဲ့ခြေထောက်အရိပ်
မည်းကြီး အုပ်စိုးသွားတာပဲဖြစ်ပါတယ်။ အဲဒီအရိပ်မည်းကြီးဟာ မနက်စောစောပိုင်းတွင်ဖြစ်ပွားလေ့ရှိပြီး (၁၀)မိနစ်
လောက် အုပ်စိုးသွားတယ်လို့ သိရပါတယ်။
၅။ Czech Catacombs (ချက်)

အရိုးခေါင်းတွေမြှုပ်နှံထားတဲ့ချက်မြေအောက်လှိုဏ်ဂူမှာတော့ အော်ဂင်နဲ့တီးတဲ့ ဂန္ထ၀င်တီးလုံးသံတွေ ကြားရတာပဲဖြစ်
ပါတယ်။ ၁၉၉၆ခုနှစ်မှာ သိပ္ပံပညာရှင်တစ်ဦးရဲ့ဖော်ပြချက်အရ မြေအောက်လှိုဏ်ဂူမှာ ပေ(၃၀)ခန့်နက်ကြောင်းနဲ့ အခန်းတစ်ခန်းမှမရှိဘဲ ဂီတကိရိယာပစ္စည်းတွေလည်းမရှိကြောင်း စစ်ဆေးခဲ့ဖူးပါတယ်။ နောက်ပြီး မျက်မြင်တွေရဲ့
ပြောချက်အရ မြေအောက်လှိုဏ်ဂူစင်္ကြာဟာ မျက်စိကိုလှည့်စားပြီး စိတ်ခြောက်ခြားဖွယ်ကောင်းပါတယ်။ ဖျက်ခနဲလှည့်
ကြည့်ရင် လိုဏ်ဂူစင်္ကြာရဲ့အရောင်ဟာ သဘာဝဖြစ်ပေမယ့် တစ်ဖြည်းဖြည်းနဲ့ အနီရင့်ရင့် ဒါမှမဟုတ် လိမ္မောရောင်
ပြောင်းသွားတယ်လို့ သိရပါတယ်။
၆။ The Stone Forest (တရုတ်)

The Stone Forestကတော့ တရုတ်နိုင်ငံထဲက အထူးခြားဆုံးနေရာတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ The Stone Forest ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း(၂၀၀)ကျော်ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ကျောက်တုံးတွေရဲ့မျက်နှာပြင်
မှာ ထုံးကျောက်တွေရှိတာကြောင့် အရင်တုန်းက ဒီနေရာဟာ ပင်လယ်ဖြစ်မယ်လို့ မှန်းဆထားကြပါတယ်။ အဲဒီ
တောအုပ်ကျောက်ခြေမှာရှိတဲ့ Qifeng ဂူက ထူးခြားတာဖြစ်ပြီး နှစ်စဉ် သြဂုတ်လမှ နိုဝင်ဘာလအတွင်း မိနစ်(၃၀)
တစ်ခါ လေကတော့ ဖြစ်ကာ ချက်ချင်းပျောက်ကွယ်သွားတယ်လို့ သိရပါတယ်။

၇။ The River of Five Colors (ကိုလံဘီယာ)

အရောင်ငါးမျိုးရှိတဲ့ မြစ်ကတော့ ကိုလံဘီယာနိုင်ငံမှာ တည်ရှိတာဖြစ်ပြီး ကျန်တဲ့ရာသီဥတုမှာဆိုရင် ရေက သာမန်အ
ရောင်ပဲဖြစ်ပြီး နွေဦးရာသီစပြောင်းတဲ့အချိန်မှာတော့ ရေရဲ့အရောင်ဟာ အနီရောင်၊ ပန်းရောင်၊ အပြာရောင်၊ အစိမ်း
ရောင်နဲ့ အ၀ါရောင်တို့ကို ပြောင်းသွားခဲ့ပါတယ်။ ရှေးလူကြီးတွေကတော့ အဲဒီရေရဲ့အောက်မှာ ရတနာတွေကို နစ်မြှုပ်
ထားတယ်လို့ အဆိုရှိကြပါတယ်။
၈။ Blood Falls (အန္တာတိကတိုက်)

Blood ရေတံခွန်ကတော့ ကမ္ဘာ့တောင်ဝင်ရိုးစွန်းမှာရှိတဲ့ အန္တာတိကတိုက်ထဲမှာရှိတာဖြစ်ပါတယ်။ အဲဒီသွေးအရောင်
ရှိတဲ့ရေတွေဟာ အေးခဲမှု မိုင်းနက်၁၀ဒီဂရီဆဲစီယက်ရှိပေမယ့် အံ့အားသင့်ဖွယ် ရေမခဲဘူးလို့သိရပါတယ်။ ဟားဗက်
တက္ကသိုလ်က သိပ္ပံပညာရှင်တွေက အဲဒီသွေးရေတံခွန်မှာ အဏုကြည့်မှန်ပြောင်းနဲ့သာမြင်နိုင်တဲ့ ပိုးမွှားတွေနေထိုင်
ကြတယ်လို့ ဖော်ပြထားပါတယ်။

Source ; Bright Side

Post a Comment

 
Top