0

စာဖတ်သူဟာ မိမိအတွက် အရေးပါတဲ့ အလုပ်လုပ်ဖို့ စိုးရိမ်စိတ်ဝင်နေရင် ဖြစ်ဖြစ်၊ ကံဆိုး ကျရောက်နေတယ်လို့ ခံစားနေမိရင်ပဲဖြစ်ဖြစ် အခြားသော ယတြာ တွေထက် ခင်ပွန်းကြီး ဆယ်ပါးကို နေ့ည မပျက် ကန်တော့ပေးခြင်းဟာ ကျရောက်နေတဲ့ အညံ့အဆိုးမှန်သမျှ ကြီးကြီးမားမား မကျရောက်ပဲ အောင်မြင်နိုင်မှာ မုချမလွဲပါ။

ခင်ပွန်းကြီးဆယ်ပါး ဆိုတာ ..
၁။ ဗုဒ္ဓ – သဗ္ဗညုတ မြတ်စွာဘုရားရှင်
၂။ ပစ္စေကဗုဒ္ဓါ – ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ
၃။ ရဟန္တာ – အာသဝေါ ကုန်ခမ်းပြီးသော ရဟန္တာများ
၎။ အဂ္ဂသာဝက – မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ
၅။ မာတာ – မွေးသမိခင်
၆။ ပိတ – မွေးသဖခင်
၇။ ၀ုဒ္ဓါ – မိမိထက် အသက်၊ သိက္ခာ၊ သီလ စသည်တို့၌ ကြီး၍ မြင့်မြတ်သူ
၈။ အာစရိယ – ဆရာမြတ်
၉။ ဟိတကရ – မိမိအပေါ် ကိုယ်၊ နှုတ်၊ နှလုံးဖြင့် ကူညီဖူးသူ
၁၀။ ဓမ္မကထိက – မြတ်သောတရား ဟောကြားပြသသည့် ပုဂ္ဂိုလ်တို့ ဖြစ်ပါတယ်။

ထိုပုဂ္ဂိုလ်များကို ကာယကံ ၊၀စီကံ၊ မနောကံတို့နဲ အမှတ်မထင် ပြစ်မှားစော်ကားမိသွားရင် ရရှိနိုင်မယ့် ဒဏ်ကြီးဆယ်ပါးကတော့
ဝေဒနာကြီးမား ၊ လျော့ပါးစည်းစိမ်၊ နေအိမ်မီးလောင်၊ အင်္ဂါကျိုးပြတ်၊ နူနာဝဲစွဲ၊ စိတ်ဖောက်ရူးသွပ်၊ မမှန်စွပ်စွဲ၊ မင်းပြစ်ဒဏ်သင့်၊ ပြိုကွဲမျိုးဆွေ၊ ရွှေငွေ ကျွဲနွား ယွင်းဖောက်ပြားက ဆယ်ပါးမျက်မှော ဒဏ်ကြီးရောက်၍ နောက်၌မသွေ သေပြန်လေသော် ငရဲ ကြီးစွာ လားရတယ်လို့ ဓမ္မရံသီဆရာတော် ဦးသုနန္ဒ ဟောကြားပေးထားပါတယ်။


Credit : Yangonlife

Post a Comment

 
Top