0





ကိုယ်ဝန် အရင့်အမာဖြစ်နေပြီ ဖြစ်တဲ့ ပရိသတ်အချစ်တော် မင်းသမီး မိုးယုစံတို့ရဲ့ ဓာတ်ပုံလေးတွေကတော့ ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။ ပထမဆုံး သားသားနဲ့ ဓာတ်ပုံလေးတွေကို Popular ဂျာနယ်အတွက်ရိုက်ကူးပေးခဲ့ပြီး ထိုဓာတ်ပုံလေးတွေကို သူမရဲ့အကောင့်ကနေ ပရိသတ်တွေဆီ မျှဝေပေးခဲ့တာ တွေ့ရပါတယ်။

ယခုလို ကိုယ်ဝန်လွယ်ထားရချိန် မကြာခင်မိခင်ဖြစ်တော့မယ့် မိုးယုစံကတော့ သူမရဲ့ ခံစားချက်တွေကို ယခုလိုရေးပြီး တင်ထားတာတွေ့ရပါတယ်။

"ကိုယ်ဝန်ဆောင်ချိန်ကမိန်းမတစ်ယောက်တွက် ဂုဏ်ယူစရာအကောင်းဆုံးအချိန်နဲ့

(လူသားတစ်ယောက်ကိုမွေးထုတ်ပေးနိုင်တဲ့မိခင်ဘဝ)့အလှဆုံးအချိန်ပဲ လူတိုင်းမှာ မိခင်ရှိသလို မိန်းခလေးဆို ကိုယ်ဝန်ဆောင်သည်ဘဝရောက်ကြမှာပါပဲ .... ဒီချိန်မှာ စိတ်ချမ်းသာလို့ဝတာ ပျော်ပျော်ပဲ ,ချစ်ယောကျာ်းကိုလည်းကျေးဇူးတင်မိတယ် လူတိုင်းလည်းမိုးယုလိုပျော်ရွှင်နိုင်ပါစေလို့ thx 😊😊😊 photo- my husband (ရိုက်လည်းရိုက်ပေးရသေး မလှလို့မိန်းမကလည်းဆူသေး😝😘)" လို့ သူမရဲ့ လူမှုစာမျက်နှာမှာ ရေးတင်ထားပါတယ်။

Source: Moe Yu San

Post a Comment

 
Top