မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ ၄င်းရဲ့တပည့်ဟောင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်း ညာနောက်ခံလူ ဒန်နီအဲဗက်စ်ကို ခေါ်ယူဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာကို ကိုင်တွယ်ခဲ့စဉ်က အဲဗက်စ်နဲ့လက်တွဲပြီး အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အဲဗက်စ်ဟာလဲ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားချင်တယ်လို့ ဖွင့်ဟထားတာကြောင့် ဂွါဒီယိုလာက သူ့ကိုခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
အဲဗက်စ်ဟာ ပရီးမီးယားလိဂ်ကို
ပြောင်းရွှေ့ချင်တယ်ဆိုပေမယ့် ချဲလ်ဆီးမှာက အက်စ်ပလီကူတာ၊ မန်ယူမှာက
ဗလန်စီယာ၊ လီဗာပူးမှာက ကလိုင်းတို့က သက်ဆိုင်ရာအသင်းတွေမှာ ပုံမှန်နေရာ
အခိုင်အမာ ရရှိထားတာကြောင့် အဆိုပါ၃သင်းကတော့ သူ့ကိုခေါ်ယူဖွယ် မရှိပါဘူး။
အာဆင်နယ်အသင်းက အပြောင်းအရွှေ့ သတင်းတွေထွက်ပေါ်နေတဲ့ ဘယ်လာရင်နေရာမှာ
အဲဗက်စ်ကို အစားထိုးခေါ်ယူလိုပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် မရတာကြောင့်
အဲဗက်စ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ချင်ပုံမရပါဘူး။ မန်စီးတီးအသင်းရဲ့
ညာနောက်ခံလူ နေရာမှာတော့ အဲဗက်စ်ကို အမှန်တကယ် လိုအပ်နေပါတယ်။
ဒါ့ကြောင့်လဲ ဂွါဒီယိုလာက
အဲဗက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ကို
ပြောင်းရွှေ့ချင်တယ်လို့ အဲဗက်စ်ပြောကြားခဲ့ခြင်းဟာ မန်စီးတီးအသင်းကို
ပြောင်းရွှေ့ဖို့ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ်
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ကစားသမားအင်အား ဖြည့်တင်းမှုတွေ
ဆက်တိုက်ပြုလုပ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်လဲ ရရှိထားတာကြောင့်
အဲဗက်စ်ကတော့ ဆရာဟောင်း ဂွါဒီယိုလာနဲ့ ပြန်လည်လက်တွဲဖို့ များနေပါတယ်။
Post a Comment