Shekeb Neda လို့အမည်ရတဲ့ သားလိမ္မာကတော့ မိခင် Flora ကို
ကယ်ဆယ်နိုင်ခဲ့တဲ့ သူရဲ့ကောင်းအဖြစ် လူတွေက ကောင်းချီး သြဘာပေးနေကြပါတယ်။
သူဟာ မိခင်ကို မီးလောင်နေတဲ့ ဂရန်းဖဲတာဝါ 24 လွှာကနေ ကျောပိုးကာသယ်ဆောင်လာခဲ့သူ ဖြစ်ပါတယ်။ လှေကားအဆစ်ချိုး များစွာကို ဖြတ်ကျော် သယ်ဆောင်ပြီး မိခင်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အသက် 57 နှစ်အရွယ် ဖခင် Mohamed Saber Neda ကတော့ မီးလောင်မှုမှာ ပျောက်ဆုံးနေတဲ့ လူ 100 ကျော်စားရင်းမှာ ပါဝင်နေဆဲပါ။ Neda ဟာ အသက် 24 နှစ်သာ ရှိသေးပြီး၊ မိခင် Flora ကတော့ အသက် 55 နှစ် ရှိပါပြီ။ သူမဟာ ကြွက်သားတုန့်ဆိုင်းတဲ့ ရောဂါခံစားနေရသူ ဖြစ်ပြီး ဆေးရုံမှာ COMA နဲ့ ကုသမှု ခံယူနေရပါတယ်။
မိဘတွေရဲ့ အရင်းနီးဆုံး သူငယ်ချင်းဖြစ်တဲ့ Fahim Muzhary (62)နှစ်က “သူက တကယ့် သူရဲကောင်းပါဘဲ .. တကယ့်ကျင်းထဲကြပ်ထဲမှာ ဒီလောက်အမြင့်ကြီးကနေ မိခင်ကို မရ ရအောင် ကယ်ထုတ်လာနိုင်တာ အံ့သြစရာပါ … ” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ် ဗုဒ္ဓနေ့မနက်ပိုင်းက ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ မိခင် Flora ကတော့ ဆေးရုံမှာ သတိလည်ပြီး အခြေအနေ ကောင်းနေပါတယ်။ သို့ပေမယ့် လောလောဆယ်တော့ Neda နဲ့ မိသားစုနဲ့ နီးစပ်သူတွေဟာ ဖခင် Saber ကို အသည်းအသန်ရှာဖွေနေပါတယ်။

ဖခင် Saber သေဆုံးခြင်းကိုလည်း သက်ဆိုင်ရာက အတည်ပြုခြင်း မရှိသေးလို့၊ အသက်ရှင်နေသေသလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှာဖွေနေကြတာပါ။ Neada တို့ မိသားစုဟာ အာဖဂန်နစ္စတန်မှ ဗြိတိန်ကို အခြေချ နေထိုင်ခဲ့ကြသူများ ဖြစ်ပြီး၊ Neada ဟာ Kingston University တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
source : mirror.co.uk

Post a Comment