အိမ်ယာတည်ထောင် လူတို့ဘောင်မှာ လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်၊ မြတ်နိုးကြတယ်၊ လက်ထပ်ပေါင်းသင်းကြတယ်-ဆိုတဲ့ အကြောင်းအရာတွေကို အရေးကြီး လူမှုရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ရှုမြင်ဆောင်ရွက်ကြပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျအရတော့ လက်ထပ်သင့်တဲ့အရွယ်နဲ့ လက်မထပ်သင့်တဲ့ အရွယ်ရယ်လို့ ရှိပါတယ်။
အသက် 20 အောက်၊ သို့မဟုတ် အသက် 20 မှ အသက် 29 အောက် အသက်အရွယ်ဟာ လက်ထပ်ဖို့ရန် မသင့်သေးတဲ့ အချိန်လို့ ဆိုပါတယ်။ 1995 ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရတော့ အဲဒီအသက်အရွယ်တွေမှာ လက်ထပ်ခဲ့ကြသူတွေဟာ အသက်အရွယ် ငယ်ရွယ်ရင် ငယ်ရွယ်သလောက်၊ ကွာရှင်းမှုမှာ လက်ထပ်ပြီး 5 နှစ်မှ 10 နှစ်အတွင်း ဖြစ်ပေါ်ပါ
တယ်။
အမေရိကန်မှာ ပြုစုထားတဲ့ ကွာရှင်းမှုရာခိုင်နှုန်းတွေကတော့-
အသက် 20 မှ 24 နှစ် 36.6 (% မ ) – 38.8 (% ကျား)
အသက် 25 မှ 29 နှစ် 16.4 (% မ ) – 22.3 (% ကျား)
အသက် 30 မှ 34 နှစ် 8.5 (% မ ) – 11.6 (% ကျား )
အသက် 35 မှ 39 နှစ် 5.1 (% မ ) – 6.5 (% ကျား ) -တို့ ဖြစ်ပါတယ်။
ဒါကြောင့် သိပ္ပံနည်းကျအရဆိုရင်တော့ လက်ထပ်ဖို့ အကောင်းဆုံး အသက်အရွယ်ဟာ 30 နှစ်နောက်ပိုင်းလို့ ဆိုရမှာ
ဖြစ်ပါတယ်။ အသက်အရွယ် ငယ်ရွယ်စဉ်မှာ အချစ်ကို လက်ခံလိုက်ကြတဲ့ လူငယ်တော်တော်များများဟာ အသက်အရွယ် ငယ်ရွယ်မှုနဲ့ မဆိုင်တော့တဲ့ အသိဉာဏ်တွေ ၀င်လာပါတယ်။
ဥပမာအားဖြင့် အချစ်ကိုတောင် လက်ခံနိုင်တဲ့အချိန်မှာ အခြားကိစ္စရပ်တွေကိုလည်း ပိုင်နိုင်စွာ ဆုံးဖြတ်နိုင်ပြီလို့ ယူဆကြပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းအရင်းမှာလည်း ဟိုမုန်းတွေ တက်ကြွနေတဲ့ အသက်အရွယ်ဖြစ်လို့ ဟောဟောဒိုင်းဒိုင်း
ဆုံးဖြတ်ကျချိန် ဖြစ်ပါတယ်။ ဒီလိုနဲ့ အသက်အရွယ် ကြီးရင့်လာတဲ့ နောက်ပိုင်းမှာ ဆုံးဖြတ်ချက်တွေ မရေရာတော့ဘဲ ကွာရှင်းမှု မြင့်တက်သွားရခြင်း ဖြစ်ပါတယ်။
အသက် 29 သို့မဟုတ် 30 နောက်ပိုင်းမှာ လက်ထပ်ကြတဲ့ သူတွေဟာ ကွာရှင်းမှုနှုန်း ဘာကြောင့် နည်းသွားတာလဲဆိုတဲ့ အဖြေကလည်း ရှိပြီးသားဖြစ်ပါတယ်။ အသက်အရွယ်အရ အရာရာကို စဉ်းစားဆင်ခြင်နိုင်တဲ့ အရွယ်ဖြစ်ပါတယ်။ ဆုံး
ဖြတ်ချက်တွေမှန်သမျှကို စိတ်ခံစားမှု ဦးစားပေးနဲ့ ဆုံးဖြတ်ခဲ့တာ မဟုတ်တော့တဲ့အတွက်၊ အမှားနည်းပါတယ်။ ဒီအတွက် ပြင်ဆင်ရန် သိပ်ရှိလေ့မရျှိပါဘူး။ ဒါပေမယ့် ဒီအသက်အရွယ်ထိ ကလေးသူငယ်စိတ် မပျောက်သေးတဲ့သူတွေကတော့ ချွင်းချက်အနေနဲ့ ရှိနေပါသေးတယ်။ ဒါကြောင့်လည်း 9% နီးပါးမှ 11 % အထိ ကွာရှင်းမှုတွေက ရှိနေသေးတာ ဖြစ်ပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.