အိုင်းယွန်းမန်း(Iron Man)ပုံစံ ပျံသန်းနိုင်တဲ့ဝတ်စုံကို တီထွင်နေတဲ့
ဗြိတိသျှတီထွင်သူက သူ့ပရောဂျက်အပေါ် အထူးမျှော်လင့်ချက်ထားနေပါတယ်။
ဒီဝတ်စုံကို အစကအပျော်အဖြစ် သတ်မှတ်ခဲ့ပေမယ့် အခုတော့ ဖျော်ဖြေရေးအစ
စစ်ဘက်အဆုံး လုပ်ငန်းမျိုးစုံမှာ လက်တွေ့အသုံးဝင်တဲ့ကိရိယာ ဖြစ်နိုင်တဲ့
အလားအလာရှိပါတယ်။
အင်ဂျင်နီယာဘာသာရပ်နဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိတဲ့ ရစ်ချတ်ဘရောင်းနင်း
(၃၈ နှစ်) ဟာ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ပျံသန်းနိုင်တဲ့ဝတ်စုံကို ၁၈
လကြာတီထွင်နေပါတယ်။ ၀တ်စုံမှာ ဓာတ်ငွေ့တာဘိုင် ၆ လုံးနဲ့ လည်ပတ်ပြီး
စုစုပေါင်း မြင်းကောင်ရေ ၈၀၀ အားရှိပါတယ်။
“ကျွန်တော်တို့က အိုင်းယွန်းမန်းဝတ်စုံ တီထွင်ဖို့ မရည်ရွယ်ဘူး။
အမှတ်မထင်ဖြစ်သွားတာပါ” လို့ ဘရောင်းနင်းက နာမည်ကျော်
သိပ္ပံသူရဲကောင်းဇာတ်ကားကို ရည်ညွှန်းပြီး ပြောပါတယ်။
ဝတ်စုံရဲ့ အင်ဂျင်တွေကို ၀တ်ဆင်သူရဲ့ နောက်ကျောနဲ့ လက်တစ်ဖက်တစ်ချက်စီမှာ တပ်ဆင်ထားပါတယ်။ ၀တ်စုံဟာ လူတစ်ယောက်ကို လေထဲမှာ ပေပေါင်းထောင်ချီအမြင့်အထိ သယ်ယူနိုင်စွမ်းရှိပြီး သီအိုရီအားဖြင့် တစ်နာရိ မိုင် ၂၈၀ လောက် အမြန်နှုန်းနဲ့ ပျံသန်းနိုင်မယ်လို့ ဘရောင်းနင်းက ပြောပါတယ်။

ဒါပေမယ့် ဘေးကင်းလုံခြုံရေးအတွက် ဘရောင်းနင်းဟာ မြေကြီးပေါ်က ပေအနည်းငယ်သာ မြင့်တက်ပျံသန်းခဲ့ပါတယ်။
ဘရောင်းနင်းဟာ သူ့ဝတ်စုံနဲု့ ကြာသပတေးနေ့က စမ်းသပ်ပျံသန်းခဲ့ပြီး မူလက သူ့စံချိန်ထက်ကျော်ပြီး တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ မီတာခပ်ဝေးဝေးအထိ ပျံသန်းခဲ့ပါတယ်။
သူဟာ လုပ်ငန်းရှင်တစ်ယောက်ဆီက ရင်းနှီးမြှုပ်နှံငွေ ရထားပြီး ဗြိတိန်နဲ့အမေရိကန်စစ်တပ်တွေ၊ ဖျော်ဖြေရေးလုပ်ငန်းကြီး တွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိထားတယ်လို့ ပြောပါတယ်။

Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.