0
တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ်မှာ ဇွန်လ ၂ ရက်နေ့က သံလမ်းတုပေါ် မောင်းနှင်တဲ့ ပထမဆုံးရထားကို နိုင်ငံပိုင် စီစီတီဗွီသတင်းဌာနက ထုတ်လွှင့်ပြသခဲ့ပါတယ်။
အဲဒီ ဘက်ထရီစွမ်းအင်သုံးရထားဟာ အလျား ၃၂ မီတာရှိပြီး ခရီးသည် ၃၀၇ ဦးအထိ သယ်ဆောင်နိုင်ပါတယ်။
ရထားဘီးတွေကို  ရာဘာတာရာတွေနဲ့ ပြုလုပ်ထားပြီး အမြင့်ဆုံး တနာရီ ကီလိုမီတာ ၇၀ အထိ မောင်းနှင်နိုင်ပါတယ်။
အဲဒီရထားကို ရထားထုတ်လုပ်ရေးကုမ္ပဏီ စီအာအာစီ ကျူကျိုး အင်စတီကျု ကုမ္ပဏီလီမိတက်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး သံလမ်းအစား အာရုံခံကိရိယာ ရာပေါင်းများစွာကို အသုံးပြုကာ လမ်းကြောင်းရှာ မောင်းနှင်တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Post a Comment

 
Top