0

ဖုန်းလိုင်းတိုင်အပြည့်မပေါ်ပဲလိုင်းတိုင်မှာပေါ်လိုက်ပျောက်လိုက်ဖြစ်နေပါကဖုန်းကိုအရင်ဆုံး Reset ချသင့်ပါသည်။
မရပါကထည့်ထားသည့် Sim Card မိမမိစစ်ဆေးသင့်ပါသည်။
ထို့ပြင်ဖုန်းအတွင်းမှ Sim Card ကြိုးမကောင်းခြင်း၊ Antenna တိုင်မကောင်းခြင်းဖြစ်ပါကလည်းဖုန်းတိုင် ပျောက်တတ်ပါသည်။
Redmi 4X Gallery ထဲတွင် Video နှင့် Zapya Video နှစ်ခုပေါ်နေပြီးတစ်ခုဖျက်လိုက်ပါကနောက်တစ်ခုပါ ပျက်သွားပါက Setting မှ Zapya Application ကို Clear Data လုပ်၍ Uninstall အရင်လုပ်ပြီး တခြား Version တစ်ခုပြောင်းထည့်ပေးရမည်ဖြစ်သည်။
iPhone တွင် Android Phone များကဲ့သို့ Personal Hotspot သုံးမရပါက iPhone ၏ setting ထဲမှ Cellular ကိုရွေး၍ Cellular Data Options ထဲမှ Cellular Data Network ထဲဝင်ပြီး Personal Hotspot ၏ APN နေရာတွင် Internet ဟုရိုက်ထည့်လိုက်ပါက Setting ထဲမှ Cellular ၏အောက်တွင် Personal Hotspotပေါ် လာမည်ဖြစ်သည်။
Samsung Phone တွင် Myanmar Font ထည့်ထားပြီး Message တွင်မြန်မာလိုမပေါ်ပဲတခြားနေရာများတွင် သာမြန်မာလိုပေါ်ပါက Phone ၏ message ထဲဝင်ပြီး Menu key (or) More Setting ထဲမှ Input Mode ကိုရှာပြီး Automatic ပြောင်းရမည်ဖြစ်သည်။
Phone အားသွင်းပါကအားပြည့်မြန်ပြီး အားသွင်းကြိုးဖြုတ်လိုက်ပါကခဏလေးနှင့်အားကုန်သွားပါက Battery လဲပေးရမည်ဖြစ်သည်။
ထို့ပြင်Phone မှာအားမသွင်းပဲအားသွင်းသည့်ပုံပြနေပြီးအားမ၀င်ပါက Phone ၏USB ခေါင်းကိုအရင်သန့်ရှင်းရေးလုပ်ကြည့်ပြီး မရပါက Power IC လဲပေးရမည်ဖြစ်သည်။
Phone မှာအားမသွင်းနေပါကအသုံးပြုလို့ရပြီး အားသွင်းပါက Power သေသွားခြင်းမှာ အားသွင်းခေါင်းမှာ shock ဖြစ်နေပြီး USB ခေါင်းလဲကြည့်ပြီးမရပါကပတ်လမ်းစစ်ရမည်ဖြစ်ပါသည်။
Source:Myanmar Net guide

Post a Comment

 
Top