0

ဥရောပဘောလုံသမားတွေရဲ့ တစ်ပတ်ငွေကြေးဝင်ငွေက ဖြစ်သင့်တာထက် အလွန်အကျွံများပြားလွန်းနေတယ်လို့ ကျွန်တော်တို့ထင်တတ်ကြပါတယ်။ ဒီလိုများပြားရခြင်းကလည်း များပြားလှတဲ့အခွန်အခတွေကြောင့် ဖြစ်လာနိုင်တဲ့ဝင်ငွေနဲ့ထွက်ငွေ ချင့်ချိန်ပြီး ပေးအပ်ရတာကြောင့်ပါပဲ။  စီရိုနယ်လ်ဒိုဟာ ခုချိန်မှာ ကမ္ဘာ့လစာငွေပေးချေရမှု အမြင့်ဆုံးအားကစားသမားအဖြစ် သူ့ရဲ့ကွင်းတွင်း၊ ကွင်းပြင်ဝင်ငွေတွေက ဖော်ပြနေခဲ့ပါတယ်။ ဒါပေမယ့် သူ့လိုလစာမြင့်မားတဲ့ ကစားသမားအပြင် အခြားကစားသမားတွေအားလုံးက လည်း အခွန်အခကို အပတ်စဉ်၊ လစဉ် ဘယ်လောက်များ ပေးချေနေရပါသလဲ။ ဒီအကြောင်းအရာလေးနဲ့ သက်ဆိုင်ပြီး ဥရောပလိဂ်ကြီးတွေရဲ့ အခွန်အခပေးချေရမှုနှုန်းထားတွေကို ပုံသေ တစ်ပတ်လုပ်ခငွေ ပေါင် ၂ သိန်းအဖြစ် ဥပမာထားပြီး လေ့လာကြည့်သွားမှာပါ။
အင်္ဂလန်
ထိပ်တန်းလိဂ် – ပရီးမီးယားလိဂ်
တစ်ပတ်လုပ်ခ (ဥပမာ) – ပေါင် ၂ သိန်း
အခွန်ပေးဆောင်မှုနှုန်း – ၄၅%
အခွန်ဆောင်ပြီး တစ်ပတ်လုပ်ခ ကျန်ငွေ – ပေါင် ၁၀၆၂၀၆
စပိန်
ထိပ်တန်းလိဂ် – လာလီဂါ
တစ်ပတ်လုပ်ခ (ဥပမာ) – ပေါင် ၂ သိန်း
အခွန်ပေးဆောင်ရမှုနှုန်း – ၅၂%
အခွန်ပေးဆောင်ပြီး တစ်ပတ်လုပ်ခကျန်ငွေ – ပေါင် ၉၆၀၀၀
ပြင်သစ်
ထိပ်တန်းလိဂ် – လိဂ် ၁
တစ်ပတ်လုပ်ခ (ဥပမာ) – ပေါင် ၂ သိန်း
အခွန်ပေးဆောင်ရမှုနှုန်း – ၄၅%
အခွန်ဆောင်အပြီး တစ်ပတ်လုပ်ခကျန်ငွေ – ပေါင် ၁၁၀၀၀၀
ဂျာမနီ
ထိပ်တန်းလိဂ် – ဘွန်ဒက်စ်လီဂါ
တစ်ပတ်လုပ်ခ (ဥပမာ) – ပေါင် ၂ သိန်း
အခွန်ပေးဆောင်ရမှုနှုန်း – ၄၇.၄၇၅ %
အခွန်ဆောင်အပြီး တစ်ပတ်လုပ်ခကျန်ငွေ – ပေါင် ၁၀၅၀၅၀
အီတလီ
ထိပ်တန်းလိဂ် – စီးရီးအေ
တစ်ပတ်လုပ်ခ (ဥပမာ) – ပေါင် ၂ သိန်း
အခွန်ပေးဆောင်ရမှုနှုန်း – ၄၆.၂၉%
အခွန်ဆောင်အပြီး တစ်ပတ်လုပ်ခ ကျန်ငွေ – ပေါင် ၁၀၇၄၂၀
လတ်တလောမှာ လာလီဂါ နဲ့ တစ်ကမ္ဘာလုံးမှာ လစာအမြင့်မားဆုံးအဖြစ် စီရော်နယ်လ်ဒိုက အခွန်ဆောင်အပြီး တစ်ပတ်လုပ်ခ ပေါင် ၃၆၅၀၀၀ ရရှိနေပါတယ်။ ဒါကြောင့် တစ်ပတ်ကို အခွန်အခအပါ ပေါင် ၇ သိန်းကျော် ကျော်လောက် စီရော်နယ်လ်ဒိုက ရရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအခွန်အခပြဿနာတက်ရတာက အသင်းရဲ့လစာပေးချေမှုကြောင့်မဟုတ်ပဲ သူ့ရဲ့ကွင်းပြင်ပလှုပ်ရှားမှုတွေနဲ့ ပုံရိပ်အသုံးပြုခတွေ ကြောင့်ပဲ ဖြစ်ပါတယ်။
အခွန်နှုန်းထားတွေကို ကြည့်ရင် ကမ္ဘာ့အဆင့်ကစားသမားတွေရဲ့ မြင့်မားလှတဲ့လစာငွေတွေကို ကစားသမားကိုယ်တိုင်နဲ့ အေးဂျင့်တွေသာမက အခွန်ကောက်သူ အစိုးရကပါ အမြတ်အစွန်းရယူနေတာကို တွေ့ရမှာပါ။ ကစားသမားတွေအနဲ့ ကျော်ကြားမှုနဲ့ အောင်မြင်မှုဖလားတွေကို ရယူနိုင်ဖို့ စားကျက်ပြောင်းချိန်တန်ရင် ပြောင်းရပါတယ်။ ဒီလိုပြောင်းတဲ့အခါမှာ အခွန်ပေးဆောင်ရမှုနှုန်းထားက သူတို့စဉ်းစားတဲ့ အဓိကအချက်တွေထဲမှာ ပါဝင်ပါတယ်။ အထူးသဖြင့် ကစားသမားဘဝ နေဝင်ချိန်နီးလာတဲ့ ကစားသမားတွေအတွက် အခွန်ပေးဆောင်ရမှုက အဓိကထည့်တွက်ရတဲ့ အချက်ပဲဖြစ်ပါတယ်။ အခွန်အခနည်းနည်းနဲ့ လစာများများရယူလိုရင်တော့ ဘောလုံးအားကစားက အဓိကအားကစားအဖြစ် နေရာမယူသေးတဲ့ မေဂျာလိဂ်၊ တရုတ်စူပါလိဂ်တို့မှာ သွားရောက်ဖို့အတွက် ဖြစ်လာတော့တာပါပဲ။
အခရာ

Post a Comment

 
Top